ျမန္မာႏိုင္ငံ၌ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း (၁၁၁) ဦးရွိလာ

COVID-19 ေရာဂါ ကာကြယ္ေရးအျဖစ္ ေဆာင္႐ြက္ေနစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵

    ရန္ကုန္၊ ဧၿပီ ၂၀ ရက္ (ဆင္ဟြာ)

    အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ ဧၿပီ ၁၉ ရက္ ဒုတိယအသုတ္ စစ္ေဆးခဲ့ေသာ ဓာတ္ခြဲနမူနာမ်ားအနက္ ၃ဦးတြင္ ထပ္မံ  COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သျဖင့္  COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း (၁၁၁) ဦးရွိလာေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေသာသတင္းအရ သိရသည္။

ဓာတ္ခြဲနမူနာ (၁၈၁) ခုအနက္ (၃) ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိၿပီး က်န္ (၁၇၈) ဦးတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိ ေၾကာင္း၊အဆိုပါ လူနာသစ္ (၃) ဦးကို သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ လႊဲေျပာင္း၍ သီးျခားထားရွိကုသမႈ ေပးသြားမည္ ျဖေၾကာင္းအဆိုပါ ေရာဂါပိုးေတြ႕ရွိသူ ၃ ဦးသည္ ရန္ကုန္တိုင္းေဒသႀကီးလႈိင္သာယာ၊ သဃန္းကြၽန္းႏွင့္ ဗိုလ္တေထာင္ၿမိဳ႕နယ္တို႔တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

COVID-19 ေရာဂါ ကာကြယ္ေရးအျဖစ္ ေဆာင္႐ြက္ေနစဥ္(ဆင္ဟြာ)

COVID-19 ေရာဂါအတြက္ (ပထမအသုတ္ + ဒုတိယအသုတ္) ဓာတ္ခြဲစစ္ေဆးမႈတြင္ ေတြ႕ရွိခဲ့ေသာ လူနာသစ္ စုစုေပါင္း (၄) ဦးရွိၿပီး က်န္ (၃၆၅) ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ ေရာဂါပိုးမေတြ႕ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27222-covid-92
-------------
(Unicode)⤵⤵⤵

 မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၁) ဦးရှိလာ

COVID-19 ရောဂါ ကာကွယ်ရေးအဖြစ် ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

    ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

    အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီ ၁၉ ရက် ဒုတိယအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၃ဦးတွင် ထပ်မံ  COVID-19 ရောဂါပိုး တွေ့ရှိခဲ့သဖြင့်  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၁) ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၃) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန် (၁၇၈) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း၊အဆိုပါ လူနာသစ် (၃) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြကြောင်းအဆိုပါ ရောဂါပိုးတွေ့ရှိသူ ၃ ဦးသည် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာ၊ သဃန်းကျွန်းနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

 COVID-19 ရောဂါ ကာကွယ်ရေးအဖြစ် ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၄) ဦးရှိပြီး ကျန် (၃၆၅) ဦး၏ ဓာတ်ခွဲနမူနာများတွင် ရောဂါပိုးမတွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27222-covid-92
ျမန္မာႏိုင္ငံ၌ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း (၁၁၁) ဦးရွိလာ  ျမန္မာႏိုင္ငံ၌ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း (၁၁၁) ဦးရွိလာ Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.