တ႐ုတ္နယ္စပ္ဂိတ္ ဝင္၊ထြက္ခြင့္ ပိတ္


ျမန္မာ-တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕နယ္ အတြင္းရွိ လူဝင္၊ထြက္ဂိတ္မ်ားအားလုံး ယာယီပိတ္လိုက္ေၾကာင္း သတင္းရရွိသည္။

မူဆယ္ၿမိဳ႕နယ္ အတြင္းရွိ နယ္စပ္ဂိတ္မ်ားကို ဧၿပီ ၁ရက္ေန႔မွစတင္ၿပီး တ႐ုတ္ႏိုင္ငံက ယာယီပိတ္လိုက္ေၾကာင္း သိရသည္။

ယခုရက္ပိုင္း ျမန္မာႏိုင္ငံ အတြင္း COVID-19 အတည္ျပဳလူနာ ၁၅ ဦး ႏွင့္ ေစာင့္ၾကည့္သူမ်ား လာသည့္ အတြက္ တ႐ုတ္ႏိုင္ငံမွာ ဝင္၊ထြက္ ခြင့္ ပိတ္လိုက္ျခင္းျဖစ္သည္။

မူဆယ္နယ္စပ္ လူဝင္၊ထြက္ခြင့္ပိတ္လိုက္သည့္ ဂိတ္မ်ားမွာ မန႔္ဝိန္းဂိတ္၊ ဆင္ျဖဴဂိတ္၊ နန္းေတာ္( အလယ္ဂိတ္) က်င္ဆန္ေက်ာ့ဂိတ္၊ မန႔္ဟီး႐ိုး ဂိတ္ တို႔ ျဖစ္သည္။

“ မနက္ဖန္ ဂိတ္ေတြ စပိတ္မွာ။ လူ ဝင္၊ထြက္ လို႔မရဘူး။ ဒါေပမယ့္ ကုန္ကားေတြကေတာ့ မန႔္ဝိန္းဂိတ္နဲ႔ က်င္ဆန္ေက်ာ့ ဂိတ္မွာ ဝင္ရမယ္” ဟု မူဆယ္ ေဒသခံ စိုင္းျမတ္ က ေျပာသည္။

လြန္ခဲ့သည့္ ဒီဇင္ဘာ လကုန္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ျပည္နယ္မွ စတင္ကာ ျဖစ္ပြားသည့္ ခို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ျမန္အဆုတ္ေရာဂါသည္ လက္ရွိမွာ ကမာၻ ႏိုင္ငံေပါင္းမ်ားစြာ ႏွင့္ အတူ ျမန္မာႏိုင္ငံကို ကူးစက္ခဲ့သည္။

ယခင္တ႐ုတ္ႏိုင္ငံျဖစ္ပြားခ်ိန္တြင္ အဆိုပါ နယ္စပ္ဂိတ္မ်ား ပိတ္ဆိုင္းျခင္းမရွိခဲ့ေၾကာင္း၊ ယခု ျမန္မာႏိုင္ငံတြင္ ကူးစက္သူမ်ားျပားလာမွ နယ္စပ္ဂိတ္ပိတ္သည့္ အေပၚ မူဆယ္ ေဒသခံမ်ား က သေဘာမေတြ႕ က်ေၾကာင္း သိရသည္။

Nang Seng Nom - SHAN News (Burmese Version)
------------------------------------------------


တရုတ်နယ်စပ်ဂိတ် ဝင်၊ထွက်ခွင့် ပိတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် အတွင်းရှိ လူဝင်၊ထွက်ဂိတ်များအားလုံး ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။

မူဆယ်မြို့နယ် အတွင်းရှိ နယ်စပ်ဂိတ်များကို ဧပြီ ၁ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံက ယာယီပိတ်လိုက်ကြောင်း သိရသည်။

ယခုရက်ပိုင်း မြန်မာနိုင်ငံ အတွင်း COVID-19 အတည်ပြုလူနာ ၁၅ ဦး နှင့် စောင့်ကြည့်သူများ လာသည့် အတွက် တရုတ်နိုင်ငံမှာ ဝင်၊ထွက် ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။

မူဆယ်နယ်စပ် လူဝင်၊ထွက်ခွင့်ပိတ်လိုက်သည့် ဂိတ်များမှာ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်( အလယ်ဂိတ်) ကျင်ဆန်ကျော့ဂိတ်၊ မန့်ဟီးရိုး ဂိတ် တို့ ဖြစ်သည်။

“ မနက်ဖန် ဂိတ်တွေ စပိတ်မှာ။ လူ ဝင်၊ထွက် လို့မရဘူး။ ဒါပေမယ့် ကုန်ကားတွေကတော့ မန့်ဝိန်းဂိတ်နဲ့ ကျင်ဆန်ကျော့ ဂိတ်မှာ ဝင်ရမယ်” ဟု မူဆယ် ဒေသခံ စိုင်းမြတ် က ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ လကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှ စတင်ကာ ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောဂါသည် လက်ရှိမှာ ကမ္ဘာ နိုင်ငံပေါင်းများစွာ နှင့် အတူ မြန်မာနိုင်ငံကို ကူးစက်ခဲ့သည်။

ယခင်တရုတ်နိုင်ငံဖြစ်ပွားချိန်တွင် အဆိုပါ နယ်စပ်ဂိတ်များ ပိတ်ဆိုင်းခြင်းမရှိခဲ့ကြောင်း၊ ယခု မြန်မာနိုင်ငံတွင် ကူးစက်သူများပြားလာမှ နယ်စပ်ဂိတ်ပိတ်သည့် အပေါ် မူဆယ် ဒေသခံများ က သဘောမတွေ့ ကျကြောင်း သိရသည်။

Nang Seng Nom - SHAN News (Burmese Version)
https://burmese.shannews.org/archives/15907
တ႐ုတ္နယ္စပ္ဂိတ္ ဝင္၊ထြက္ခြင့္ ပိတ္ တ႐ုတ္နယ္စပ္ဂိတ္ ဝင္၊ထြက္ခြင့္ ပိတ္ Reviewed by THITHTOOLWIN on 03:06 Rating: 5
Powered by Blogger.