ကို႐ိုနာဗိုင္းရပ္စ္ - ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ ႏိုင္ငံေတြကို ေဒၚလာ ၅၀ ဘီလ်ံ ပံ့ပိုးဖို႔ IMF ေၾကညာ

ႏိုင္ငံေပါင္း ၇၀ ေက်ာ္ကို ဒီဗိုင္းရပ္စ္ ေရာက္ေနပါၿပီ။
(Zawgyi)⤵⤵⤵
အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈရွိလာတဲ့ေနာက္ ျပည္နယ္အေျခအေနကို အေရးေပၚအေျခအေနေၾကညာလိုက္ပါတယ္။

ေသဆုံးသူဟာ အသက္ ၇၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အေပ်ာ္စီးသေဘၤာတစ္စီးေပၚမွာလိုက္ပါခဲ့သူျဖစ္တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။

အခု ကယ္လီဖိုးနီးယားက ေသဆုံးသူဟာ ၿပီးခဲ့တဲ့လပိုင္းက ဆန္ဖရန္စစၥကိုကေန မကၠဆီကို ကို လွည့္လည္သြားခဲ့တဲ့ Grand Princess သေဘၤာခရီးစဥ္ကေန ကူးစက္ခံရတာျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ရပါတယ္။

Grand Princess သေဘၤာဟာ ကမာၻ႔အႀကီးဆုံးသေဘၤာေတြထဲက တစ္ခုျဖစ္ပါတယ္။

ဒီသေဘၤာဟာ ဆန္ဖရန္စစၥကိုမွာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ ၂၁ ရက္က ဆိုက္ကပ္ခဲ့တာျဖစ္ၿပီး ခရီးသည္ေတြ အတက္အဆင္းျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ဟာဝိုင္အီဘက္ကို ခရီးဆက္သြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဟာဝိုင္အီနဲ႔ မကၠဆီကိုခရီးစဥ္က ခရီးသည္ေပါင္း ၆၂ ဦးဟာလည္း အခုခ်ိန္မွာ ဗိုင္းရပ္စ္သံသယနဲ႔ ေစာင့္ၾကည့္မႈခံယူေနရပါတယ္။

အခု ဒီသေဘၤာကို ကယ္လီဖိုးနီးယားကမ္းေျခမွာ ဆိုက္ကပ္ထားေစၿပီးတဲ့ေနာက္ ျပည္နယ္အာဏာပိုင္ေတြက ခရီးသည္ ၁၁ ဦးနဲ႔ သေဘၤာအမႈထမ္း ၁၀ ဦးဟာ ဗိုင္းရပ္စ္ကူးစက္ခံရႏိုင္ေျခရွိတယ္လို႔ ေျပာၾကားလာပါတယ္။

အေမရိကန္အစိုးရရဲ႕ အိမ္ျဖဴေတာ္ကေတာ့ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ စမ္းသပ္ရမယ့္ ဧရိယာကို တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ တိုးခ်ဲ႕ခဲ့ပါတယ္။

အခုေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ျပည္နယ္ ၁၆ ခုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း အနည္းဆုံး ၁၅၀ ရွိေနၿပီျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ စုစုေပါင္း လူ ၁၁ ဦးေသဆုံထားၿပီးျဖစ္ပါတယ္။

အဲဒီ ၁၁ ေယာက္မွာ ၁၀ ေယာက္က ဝါရွင္တန္ျပည္နယ္က ျဖစ္ၿပီး တကၠဆက္ျပည္နယ္နဲ႔ နီဘရာစကာျပည္နယ္ဘက္မွာလည္း ဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျမင့္ေနပါတယ္။

ၿပီးခဲ့တဲ့ သတင္းပတ္ကလည္း ဝါရွင္တန္ျပည္နယ္ေရာ ဖေလာ္ရီဒါျပည္နယ္ႏွစ္ခုစလုံးက ကို႐ိုနာဗိုင္းရပ္စ္ႀကိဳတင္ကာကြယ္ဖို႔အတြက္ အေရးေပၚအေျခအေနကို အသီးသီးေၾကညာခဲ့ပါတယ္။

ၿပီးခဲ့တဲ့လကပဲ ဂ်ပန္မွာ ဆိုက္ကပ္ခဲ့ရတဲ့ စိန္မင္းသမီးအေပ်ာ္စီးသေဘၤာေပၚက ခရီးသည္ ေျခာက္ရာေက်ာ္ဟာလည္း ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရၿပီး ေသဆုံးသူတခ်ိဳ႕ ရွိခဲ့ပါတယ္။

တစ္ကမာၻလုံးက ကို႐ိုနာဗိုင္းရပ္စ္အေျခအေန

တ႐ုတ္ျပင္ပမွာ ဒီဗိုင္းရပ္စ္အဆိုးဆုံးခံေနရတာကေတာ့ ေတာင္ကိုရီးယားျဖစ္ပါတယ္။ မတ္ ၄ ရက္ တစ္ရက္တည္းမွာတင္ ကူးစက္သူ ၅၁၆ ဦးရွိခဲ့ၿပီး စုစုေပါင္း ကူးစက္သူေပါင္း ၅,၇၆၆ ရွိေနပါတယ္။ ေသဆုံးသူေပါင္းကေတာ့ ၃၅ ဦးျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ဖို႔အားထုတ္တဲ့အေနနဲ႔ ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္က ႏွာေခါင္းစည္းမ်က္ႏွာဖုံးေတြ တင္ပို႔ေရာင္းခ်တာေတြ မလုပ္ၾကဖို႔ သတိေပးထားပါတယ္။

အဲဒီလိုပဲ ၾသစေၾတးလ်မွာလည္း ေတာင္ကိုးရီးယားကေန လာေရာက္မယ့္ ႏိုင္ငံျခားသားေတြကို ျပည္ဝင္ခြင့္တားျမစ္လိုက္ပါတယ္။ ၾသစေၾတးလ်မွာေတာ့ ဒီဗိုင္းရပ္စ္နဲ႔ လူႏွစ္ဦးေသဆုံးၿပီး ကူးစက္ခံရသူ ၅၃ ဦးရွိေနပါတယ္။

တ႐ုတ္မွာေတာ့ တစ္ရက္တည္း ကူးစက္သူအသစ္ ၁၃၉ ဦးရွိခဲ့ၿပီး ေသဆုံးသူ ၃၁ ဦးရွိခဲ့သလို သူတို႔အားလုံးဟာ ဒီဗိုင္းရပ္စ္ စေတြ႕တဲ့ ဟူေဘးျပည္နယ္က ျဖစ္ပါတယ္။

အီတလီမွာေတာ့ ေက်ာင္းေတြကို အနည္းဆုံး ဆယ္ရက္ေလာက္ထိ ပိတ္ထားမွာျဖစ္ၿပီး အီတလီဟာ ဥေရာပမွာဆိုရင္ ဗိုင္းရပ္စ္ကူးစက္မႈ အဆိုး႐ြားဆုံး အေျခအေနကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ၿဗိတိန္မွာေတာ့ ဒီကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ ေလေၾကာင္းလိုင္း Flybe ဟာ ေဒဝါလီခံရမယ့္အေရးရင္ဆိုင္ေနရၿပီး ေလေၾကာင္းလိုင္း ဝန္ထမ္းေပါင္း ၂၀၀၀ ေက်ာ္ဟာလည္း အလုပ္လက္မဲ့ျဖစ္မယ့္အေရး ရင္ဆိုင္ေနရပါတယ္။

 ေလေၾကာင္းလိုင္း Flybe က ခရီးသည္ေတြကို တျခားအစားထိုးခရီးစဥ္ေတြ စီစဥ္ေပးမယ္လို႔ ေၾကညာထားပါတယ္။

ဒီကေန႔ မတ္လ ၅ ရက္ ေန႔မွာေတာ့ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF) က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရတဲ့ ႏိုင္ငံေတြကို အေမရိကန္ေဒၚလာ ၅၀ ဘီလ်ံ(ယူ႐ို ၃၉ ဘီလ်ံ) ပံ့ပိုးကူညီမယ္လို႔ ေၾကညာလိုက္ပါတယ္။

ဒီအေရးေၾကာင့္ ကမာၻ႔စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကထက္ ၂.၉ ရာခိုင္ႏႈန္းေအာက္ က်ဆင္းသြားမယ္လို႔ IMFက ေမွ်ာ္မွန္းထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ နိုင်ငံတွေကို ဒေါ်လာ ၅၀ ဘီလျံ ပံ့ပိုးဖို့ IMF ကြေညာ


ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံပေါင်း ၇၀ ကျော်ကို ဒီဗိုင်းရပ်စ် ရောက်နေပါပြီ။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုရှိလာတဲ့နောက် ပြည်နယ်အခြေအနေကို အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။

သေဆုံးသူဟာ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အပျော်စီးသင်္ဘောတစ်စီးပေါ်မှာလိုက်ပါခဲ့သူဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အခု ကယ်လီဖိုးနီးယားက သေဆုံးသူဟာ ပြီးခဲ့တဲ့လပိုင်းက ဆန်ဖရန်စစ္စကိုကနေ မက္ကဆီကို ကို လှည့်လည်သွားခဲ့တဲ့ Grand Princess သင်္ဘောခရီးစဉ်ကနေ ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption Grand Princess သင်္ဘောဟာ ကမ္ဘာ့အကြီးဆုံးသင်္ဘောတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီသင်္ဘောဟာ ဆန်ဖရန်စစ္စကိုမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၁ ရက်က ဆိုက်ကပ်ခဲ့တာဖြစ်ပြီး ခရီးသည်တွေ အတက်အဆင်းပြုလုပ်ခဲ့ပြီးတဲ့နောက် ဟာဝိုင်အီဘက်ကို ခရီးဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဟာဝိုင်အီနဲ့ မက္ကဆီကိုခရီးစဉ်က ခရီးသည်ပေါင်း ၆၂ ဦးဟာလည်း အခုချိန်မှာ ဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်မှုခံယူနေရပါတယ်။

အခု ဒီသင်္ဘောကို ကယ်လီဖိုးနီးယားကမ်းခြေမှာ ဆိုက်ကပ်ထားစေပြီးတဲ့နောက် ပြည်နယ်အာဏာပိုင်တွေက ခရီးသည် ၁၁ ဦးနဲ့ သင်္ဘောအမှုထမ်း ၁၀ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိတယ်လို့ ပြောကြားလာပါတယ်။

အမေရိကန်အစိုးရရဲ့ အိမ်ဖြူတော်ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရမယ့် ဧရိယာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုးချဲ့ခဲ့ပါတယ်။

အခုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၁၆ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း အနည်းဆုံး ၁၅၀ ရှိနေပြီဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ စုစုပေါင်း လူ ၁၁ ဦးသေဆုံထားပြီးဖြစ်ပါတယ်။

အဲဒီ ၁၁ ယောက်မှာ ၁၀ ယောက်က ဝါရှင်တန်ပြည်နယ်က ဖြစ်ပြီး တက္ကဆက်ပြည်နယ်နဲ့ နီဘရာစကာပြည်နယ်ဘက်မှာလည်း ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်နေပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကလည်း ဝါရှင်တန်ပြည်နယ်ရော ဖလော်ရီဒါပြည်နယ်နှစ်ခုစလုံးက ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ဖို့အတွက် အရေးပေါ်အခြေအနေကို အသီးသီးကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့လကပဲ ဂျပန်မှာ ဆိုက်ကပ်ခဲ့ရတဲ့ စိန်မင်းသမီးအပျော်စီးသင်္ဘောပေါ်က ခရီးသည် ခြောက်ရာကျော်ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သေဆုံးသူတချို့ ရှိခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ်အခြေအနေ

တရုတ်ပြင်ပမှာ ဒီဗိုင်းရပ်စ်အဆိုးဆုံးခံနေရတာကတော့ တောင်ကိုရီးယားဖြစ်ပါတယ်။ မတ် ၄ ရက် တစ်ရက်တည်းမှာတင် ကူးစက်သူ ၅၁၆ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူပေါင်း ၅,၇၆၆ ရှိနေပါတယ်။ သေဆုံးသူပေါင်းကတော့ ၃၅ ဦးဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ဖို့အားထုတ်တဲ့အနေနဲ့ တောင်ကိုရီးယားဝန်ကြီးချုပ်က နှာခေါင်းစည်းမျက်နှာဖုံးတွေ တင်ပို့ရောင်းချတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။

အဲဒီလိုပဲ သြစတြေးလျမှာလည်း တောင်ကိုးရီးယားကနေ လာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်တားမြစ်လိုက်ပါတယ်။ သြစတြေးလျမှာတော့ ဒီဗိုင်းရပ်စ်နဲ့ လူနှစ်ဦးသေဆုံးပြီး ကူးစက်ခံရသူ ၅၃ ဦးရှိနေပါတယ်။

တရုတ်မှာတော့ တစ်ရက်တည်း ကူးစက်သူအသစ် ၁၃၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၁ ဦးရှိခဲ့သလို သူတို့အားလုံးဟာ ဒီဗိုင်းရပ်စ် စတွေ့တဲ့ ဟူဘေးပြည်နယ်က ဖြစ်ပါတယ်။

အီတလီမှာတော့ ကျောင်းတွေကို အနည်းဆုံး ဆယ်ရက်လောက်ထိ ပိတ်ထားမှာဖြစ်ပြီး အီတလီဟာ ဥရောပမှာဆိုရင် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဗြိတိန်မှာတော့ ဒီကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် လေကြောင်းလိုင်း Flybe ဟာ ဒေဝါလီခံရမယ့်အရေးရင်ဆိုင်နေရပြီး လေကြောင်းလိုင်း ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်ဟာလည်း အလုပ်လက်မဲ့ဖြစ်မယ့်အရေး ရင်ဆိုင်နေရပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်းလိုင်း Flybe က ခရီးသည်တွေကို တခြားအစားထိုးခရီးစဉ်တွေ စီစဉ်ပေးမယ်လို့ ကြေညာထားပါတယ်။

ဒီကနေ့ မတ်လ ၅ ရက် နေ့မှာတော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ(ယူရို ၃၉ ဘီလျံ) ပံ့ပိုးကူညီမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီအရေးကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက် ၂.၉ ရာခိုင်နှုန်းအောက် ကျဆင်းသွားမယ်လို့ IMFက မျှော်မှန်းထားပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ ႏိုင္ငံေတြကို ေဒၚလာ ၅၀ ဘီလ်ံ ပံ့ပိုးဖို႔ IMF ေၾကညာ ကို႐ိုနာဗိုင္းရပ္စ္ - ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ ႏိုင္ငံေတြကို ေဒၚလာ ၅၀ ဘီလ်ံ ပံ့ပိုးဖို႔ IMF ေၾကညာ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.