COVID-19 ေၾကာင့္ စီးပြားထိခုိက္သူ မိသားစုေတြကူညီမယ့္ဥပေဒၾကမ္း ကန္လႊတ္ေတာ္ မဲခြဲမည္

အထက္လႊတ္ေတာ္ လူမ်ားစု ရီပတ္ဘလစ္ကန္ေခါင္းေဆာင္ Mitch McConnell

(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ထိခုိက္နစ္နာေနတဲ့ မိသားစုေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြကုိ အကူအညီေပးေရး အေမရိကန္ သမုိင္းမွာ အမ်ားဆုံးအျဖစ္ ေဒၚလာ ၂ ထီလီယံတန္ဖိုးရွိတဲ့ အေရးေပၚ အသုံးစရိတ္ကုိ အထက္လႊတ္ေတာ္မွာ ဗုဒၶဟူးေန႔ မဲခဲြဆုံးျဖတ္ဖုိ႔ စီစဥ္ေနပါတယ္။

ရက္အေတာ္အၾကာ အႀကိတ္အနယ္ ေဆြးေႏြး ညွိႏႈိင္းခဲ့ၿပီးေနာက္မွာပဲ သမၼတ အိမ္ျဖဴေတာ္နဲ႔ လႊတ္ေတာ္ ေခါင္းေဆာင္ေတြၾကား ဗုဒၶဟူးေန႔ အေစာပုိင္းမွာပဲ သေဘာတူညီခ်က္ ရရွိခဲ့ၾကတာပါ။ အထက္လႊတ္ေတာ္မွာ မဲခဲြ အတည္ျပဳၿပီးရင္ေတာ့ ေအာက္လႊတ္ေတာ္က မဲခဲြဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ေအာက္လႊတ္ေတာ္က ညီလာခံေတြ နားထားတဲ့အတြက္ ဥပေဒၾကမ္းကုိ လႊတ္ေတာ္အမတ္ေတြက ေထာက္ခံေၾကာင္း သေဘာထားေပးရင္ေပး ဒါမွမဟုတ္ရင္လည္း ၀ါရွင္တန္ဒီစီအထိလာၿပီး မဲခဲြဆုံးျဖတ္ၾကရမွာပါ။ အထက္လႊတ္ေတာ္ လူမ်ားစု ရီပတ္ဘလစ္ကန္ေခါင္းေဆာင္ Mitch McConnell ကေတာ့ တုိင္းျပည္မွာ စစ္အတြင္း သုံးစဲြတဲ့ ပမာဏေလာက္အထိ အကုန္အက်ခံ သုံးစဲြမယ့္ အကူအညီေပးေရး အစီအစဥ္အျဖစ္ ေျပာဆုိခဲ့ပါတယ္။

အထက္လႊတ္ေတာ္ လူနည္းစု ဒီမုိကရက္ေခါင္းေဆာင္ Chuck Schumer ကေတာ့ ၿပီးျပည့္စုံတဲ့ အစီအစဥ္ မဟုတ္ေပမဲ့လည္း ဥပေဒကုိ ျမန္ျမန္ဆန္ဆန္ အတည္ျပဳဖုိ႔ လုိအပ္ေၾကာင္း ေျပာဆုိခဲ့တာပါ။ အေရးေပၚ အသုံးစရိတ္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ သမၼတ Donald Trump အစုိးရအဖဲြ႔ရဲ႕ အဓိက ေစ့စပ္ညွိႏႈိင္းသူ ဘ႑ာေရး၀န္ႀကီး Steven Mnuchin ကလည္း လႊတ္ေတာ္က ဥပေဒၾကမ္းကုိ အတည္ျပဳၿပီးရင္ သမၼတက လက္မွတ္ထုိးဖုိ႔ အသင့္ရွိေနေၾကာင္း ေျပာဆုိထားပါတယ္။

....................

COVID-19 ကြောင့် စီးပွားထိခိုက်သူ မိသားစုတွေကူညီမယ့်ဥပဒေကြမ်း ကန်လွှတ်တော် မဲခွဲမည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ထိခိုက်နစ်နာနေတဲ့ မိသားစုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို အကူအညီပေးရေး အမေရိကန် သမိုင်းမှာ အများဆုံးအဖြစ် ဒေါ်လာ ၂ ထီလီယံတန်ဖိုးရှိတဲ့ အရေးပေါ် အသုံးစရိတ်ကို အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေပါတယ်။

ရက်အတော်အကြာ အကြိတ်အနယ် ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက်မှာပဲ သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော် ခေါင်းဆောင်တွေကြား ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ သဘောတူညီချက် ရရှိခဲ့ကြတာပါ။ အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုပြီးရင်တော့ အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အောက်လွှတ်တော်က ညီလာခံတွေ နားထားတဲ့အတွက် ဥပဒေကြမ်းကို လွှတ်တော်အမတ်တွေက ထောက်ခံကြောင်း သဘောထားပေးရင်ပေး ဒါမှမဟုတ်ရင်လည်း ဝါရှင်တန်ဒီစီအထိလာပြီး မဲခွဲဆုံးဖြတ်ကြရမှာပါ။ အထက်လွှတ်တော် လူများစု ရီပတ်ဘလစ်ကန်ခေါင်းဆောင် Mitch McConnell ကတော့ တိုင်းပြည်မှာ စစ်အတွင်း သုံးစွဲတဲ့ ပမာဏလောက်အထိ အကုန်အကျခံ သုံးစွဲမယ့် အကူအညီပေးရေး အစီအစဉ်အဖြစ် ပြောဆိုခဲ့ပါတယ်။

အထက်လွှတ်တော် လူနည်းစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ ပြီးပြည့်စုံတဲ့ အစီအစဉ် မဟုတ်ပေမဲ့လည်း ဥပဒေကို မြန်မြန်ဆန်ဆန် အတည်ပြုဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ အရေးပေါ် အသုံးစရိတ် အစီအစဉ်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump အစိုးရအဖွဲ့ရဲ့ အဓိက စေ့စပ်ညှိနှိုင်းသူ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကလည်း လွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုပြီးရင် သမ္မတက လက်မှတ်ထိုးဖို့ အသင့်ရှိနေကြောင်း ပြောဆိုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ စီးပြားထိခုိက္သူ မိသားစုေတြကူညီမယ့္ဥပေဒၾကမ္း ကန္လႊတ္ေတာ္ မဲခြဲမည္ COVID-19 ေၾကာင့္ စီးပြားထိခုိက္သူ မိသားစုေတြကူညီမယ့္ဥပေဒၾကမ္း ကန္လႊတ္ေတာ္ မဲခြဲမည္ Reviewed by THITHTOOLWIN on 06:25 Rating: 5
Powered by Blogger.