COVID-19 ကာကြယ္ေဆးစမ္းဖို႔ တ႐ုတ္အတည္ျပဳထား၊ အေမရိကန္မွာ စမ္းေနၿပီ

ကိုရိုနာဗိုင္းရပ္စ္ပိုးရွိတဲ့ စပ္သပ္ျပႊန္တခု (သတင္းဓာတ္ပံု - ဇန္န၀ါရီ ၂၉ ၊ ၂၀၂၀)

(Zawgyi/Unicode)

ကမၻာ့ကပ္ေရာဂါအဆင့္ ေရာက္လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကာကြယ္ေဆးသစ္ကို စတင္ စမ္းသပ္ အသံုးျပဳဖုိ႔ တ႐ုတ္အစိုးရက တနလၤာေန႔က အတည္ျပဳလုိက္ပါတယ္။

COVID-19 လို႔ နာမည္ေပးထားတဲ့ ဒီကပ္ေရာဂါဆိုးကို ကာကြယ္ တိုက္ဖ်က္ႏုိင္ဖုိ႔အတြက္ ဒီကာကြယ္ေဆးသစ္ကို ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားတဲ့ ၀ူဟန္ျမိဳ႕က တ႐ုတ္စစ္ဘက္ဆိုင္ရာ ေဆးသိပၸံအကယ္ဒမီက စမ္းသပ္ထုတ္လုပ္တာျဖစ္ျပီး ဒီေဆးသစ္ကို လူနဲ႔စတင္ စမ္းသပ္ဖို႔ တ႐ုတ္ အမ်ဳိးသားေဆး၀ါးထုတ္လုပ္ေရး ဦးစီးဌာနက ခြင့္ျပဳလုိက္ျပီျဖစ္ေၾကာင္း တ႐ုတ္ႏုိင္ငံ CCTV သတင္းက ေဖာ္ျပပါတယ္။

သတ္မွတ္စံႏႈန္းေတြနဲ႔အညီ ေဘးကင္းလုံၿခံဳၿပီး ထိေရာက္တဲ့ ကာကြယ္ေဆးကုိ လုိအပ္သေလာက္ ပမာဏမ်ားမ်ား ထုတ္လုပ္ႏုိင္ဖုိ႔ ႀကိဳတင္ ျပင္ဆင္ထားျပီးျဖစ္ေၾကာင္း တ႐ုတ္စစ္ဘက္ဆိုင္ရာ ေဆးသိပၸံအကယ္ဒမီက သုေတသနအဖြဲ႔ ေခါင္းေဆာင္ Chen Wei က ေျပာပါတယ္။

အလားတူ အေမရိကန္ ျပည္ေထာင္စုမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စမ္းသပ္မႈေတြ အရွိန္ျမွင့္ ၾကိဳးပမ္းေနသလို ပထမဆုံးအၾကိမ္ လူနဲ႔စမ္းသပ္မႈကို တနလၤာေန႔ကပဲ စတင္ခဲ့ပါတယ္။

လူေပါင္း ၄၅ ေယာက္ေလာက္ကုိ ေဆးထုိးေပးၿပီး ၁၃ လေလာက္ ေစာင့္ၾကည့္ ေလ့လာသြားမယ့္အေၾကာင္း သုေတသန ေလ့လာမႈမွာ ပူးတဲြပါ၀င္တဲ့ Kaiser Permanente သုေတသနအဖြဲ႔က ေျပာဆိုထားပါတယ္။

ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ COVID-19 ေရာဂါအတြက္ ေဆး၀ါး ထုတ္လုပ္ဖုိ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္သာမက တျခား ကမာၻ႔ႏုိင္ငံ တခ်ိဳ႕မွာ စမ္းသပ္မႈေတြ လုပ္ေဆာင္လာေနၾကပါတယ္။

[Unicode Version]

COVID-19 ကာကွယ်ဆေးစမ်းဖို့ တရုတ်အတည်ပြုထား၊ အမေရိကန်မှာ စမ်းနေပြီ

ကမ္ဘာ့ကပ်ရောဂါအဆင့် ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးသစ်ကို စတင် စမ်းသပ် အသုံးပြုဖို့ တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုလိုက်ပါတယ်။

COVID-19 လို့ နာမည်ပေးထားတဲ့ ဒီကပ်ရောဂါဆိုးကို ကာကွယ် တိုက်ဖျက်နိုင်ဖို့အတွက် ဒီကာကွယ်ဆေးသစ်ကို ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့က တရုတ်စစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံအကယ်ဒမီက စမ်းသပ်ထုတ်လုပ်တာဖြစ်ပြီး ဒီဆေးသစ်ကို လူနဲ့စတင် စမ်းသပ်ဖို့ တရုတ် အမျိုးသားဆေးဝါးထုတ်လုပ်ရေး ဦးစီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ CCTV သတင်းက ဖော်ပြပါတယ်။

သတ်မှတ်စံနှုန်းတွေနဲ့အညီ ဘေးကင်းလုံခြုံပြီး ထိရောက်တဲ့ ကာကွယ်ဆေးကို လိုအပ်သလောက် ပမာဏများများ ထုတ်လုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း တရုတ်စစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံအကယ်ဒမီက သုတေသနအဖွဲ့ ခေါင်းဆောင် Chen Wei က ပြောပါတယ်။

အလားတူ အမေရိကန် ပြည်ထောင်စုမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုတွေ အရှိန်မြှင့် ကြိုးပမ်းနေသလို ပထမဆုံးအကြိမ် လူနဲ့စမ်းသပ်မှုကို တနင်္လာနေ့ကပဲ စတင်ခဲ့ပါတယ်။

လူပေါင်း ၄၅ ယောက်လောက်ကို ဆေးထိုးပေးပြီး ၁၃ လလောက် စောင့်ကြည့် လေ့လာသွားမယ့်အကြောင်း သုတေသန လေ့လာမှုမှာ ပူးတွဲပါဝင်တဲ့ Kaiser Permanente သုတေသနအဖွဲ့က ပြောဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ရောဂါအတွက် ဆေးဝါး ထုတ်လုပ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်သာမက တခြား ကမ္ဘာ့နိုင်ငံ တချို့မှာ စမ်းသပ်မှုတွေ လုပ်ဆောင်လာနေကြပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ကာကြယ္ေဆးစမ္းဖို႔ တ႐ုတ္အတည္ျပဳထား၊ အေမရိကန္မွာ စမ္းေနၿပီ COVID-19 ကာကြယ္ေဆးစမ္းဖို႔ တ႐ုတ္အတည္ျပဳထား၊ အေမရိကန္မွာ စမ္းေနၿပီ Reviewed by THITHTOOLWIN on 01:32 Rating: 5
Powered by Blogger.