ကိုဗစ္၁၉-ဆြစ္ဇာလန္မွာရွိတုန္း ယူအန္ဝန္ထမ္းရဲ႕ဖခင္ ဗိုင္းရပ္စ္ ကူးစက္ခံရမႈ မရွိခဲ့လို႔ ဆို

 ယူအန္ဝန္ထမ္း ကိုဗစ္လူနာကို ေနျပည္ေတာ္ခုတင္ ၁၀၀၀ ေဆး႐ုံမွာ ကုသေပးေနပါတယ္
(Zawgyi)⤵⤵⤵
လူနာအေျခအေနဟာ မတ္လ ၂၉ ရက္ ည ၈ နာရီအခ်ိန္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ က်န္းမာေရး တည္ၿငိမ္လ်က္ ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီအမ်ိဳးသမီးဟာ ဆြစ္ဇာလန္ႏိုင္ငံမွာ ရွိေနတုန္း သူ႔ဖခင္ျဖစ္သူနဲ႔ ေတြ႕တဲ့အခ်ိန္တုန္းက ဖခင္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္းမရွိေသးဘူးလို႔ ယူအန္႐ုံးတာဝန္ရွိသူက ဘီဘီစီကိုေျပာပါတယ္။

သူတို႔ဝန္ထမ္းဟာ သူ႔ဖခင္ကို ဆြစ္ဇာလန္ႏိုင္ငံမွာ မတ္လ ၁၃ ရက္ေန႔က ေတြ႕ဆုံခဲ့ၿပီး မတ္ ၁၈ ရက္မွာ ျမန္မာႏိုင္ငံက သူတည္းခိုေနထိုင္တဲ့ ဟိုတယ္ကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။

ျမန္မာျပည္ကိုျပန္ေရာက္ၿပီး တစ္ပတ္ၾကာမွသာ သူ႔ဖခင္မွာ ကိုဗစ္ႏိုင္တင္း ေရာဂါပိုးေတြ႕ရွိတယ္လို႔ သိရွိရေၾကာင္း ယူအန္႐ုံးတာဝန္ရွိသူက ဆိုပါတယ္။

 ေဆး႐ုံထဲက ဒီၾကပ္မတ္ကုသခန္းထဲမွာ လူနာကို ထားရွိကုသေပးေနပါတယ္။
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ဒီယူအန္ဝန္ထမ္းအမ်ိဳးသမီးဟာ ဆြစ္ဇာလန္ႏိုင္ငံမွာ ရွိေနတုန္း မတ္လ ၁၃ ရက္က ကိုဗစ္ႏိုင္တင္းေရာဂါျဖစ္ပြားေနတဲ့ ဖခင္ျဖစ္သူနဲ႔ ႏွစ္ရာရီၾကာေတြ႕ဆုံခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

သူမအအေနနဲ႔ ေနျပည္ေတာ္ကိုျပန္ေရာက္တဲ့အခ်ိန္မွာ ျပည္ပက ျပန္လာတဲ့သူေတြအေနနဲ႔ သီးျခားေနထိုင္ရမယ္ဆိုတဲ့ စည္းကမ္းခ်က္ ထုတ္ျပန္တာ မေတြ႕ရေသးေပမယ့္ တျခားယူအန္ဝန္ထမ္းေတြလိုပဲ ဟိုတယ္မွာ သီျခားေနဖို႔ ဟိုတယ္နဲ႔ညႇိႏႈိင္းေဆာင္႐ြက္ခဲ့တယ္လို႔ ယူအန္႐ုံးတာဝန္ရွိသူက ေျပာပါ တယ္။

သူဟာ ေလဆိပ္ကေန သူေနထိုင္တည္းခိုမယ့္ ဟိုတယ္ကို သြားတဲ့အခါ ယာဥ္ေမာင္းျဖစ္သူကို N-95 ႏွာေခါင္းစည္း ဝတ္ဆင္ေစသလို ကားတံခါးဖြင့္ ေမာင္းႏွင္ေစၿပီး ဟိုတယ္မွာ သီးျခားေနထိုင္ခ်ိန္မွာလည္း ဟိုတယ္ဝန္ထမ္းတစ္ဦးတစ္ေယာက္နဲ႔မွ မေတြ႕ဆုံခဲ့ေၾကာင္း ယူအန္ကေန ဘီဘီစီကို အီးေမးလ္ကတစ္ဆင့္ ျပန္လည္ေျဖၾကားလာပါတယ္။

အဲဒီလိုဟိုတယ္မွာ သီးျခားေနထိုင္စဥ္အတြင္း မတ္လ ၂၂ ရက္ေန႔က ဖ်ားနာ၊ေခ်ာင္းဆိုးၿပီး ဝမ္းသြားလာတဲ့အတြက္ မတ္လ ၂၆ ရက္မွာ ေနျပည္ေတာ္ ကုတင္တစ္ေထာင္ေဆး႐ုံကို တက္ေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ဓာတ္ခြဲစမ္းသပ္တဲ့အခါ သူ႔မွာ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ယူအန္ဝန္ထမ္းမွာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ သူတည္းခိုခဲ့တဲ့ဟိုတယ္ကို မတ္လ ၂၉ ရက္ေန႔ကစလို႔ အဝင္အထြက္ကန႔္သတ္မႈ Lock Down ခ်ထားလိုက္တယ္လို႔ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ဦးရဲမင္းဦးကေျပာပါတယ္။

ကိုဗစ္လူနာေတြအတြက္ ျပင္ဆင္ထားတဲ့ ကုသခန္းပါ။

ျမန္မာႏိုင္ငံမွာ မတ္လ ၃၀ ရက္ညေနပိုင္းထိ ကိုဗစ္ႏိုင္တင္းေရာဂါပိုးေတြ႕ရွိသူ ၁၀ ထိရွိထားၿပီး ျပည္တြင္းမွာ ကူးစက္သူတစ္ဦး၊ ျပည္ပကျပန္လာၿပီး ကူးစက္လာသူ ရွစ္ဦးနဲ႔ က်န္တစ္ဦး(ျပင္သစ္ဧည့္လမ္းၫႊန္) ကိုေတာ့ ျပည္တြင္းျပည္ပ ဘယ္လိုကူးစက္လာလဲဆိုတာ စိစစ္အတည္ျပဳဆဲ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52080682
--------------
(Unicode)⤵⤵⤵
ကိုဗစ်၁၉-ဆွစ်ဇာလန်မှာရှိတုန်း ယူအန်ဝန်ထမ်းရဲ့ဖခင် ဗိုင်းရပ်စ် ကူးစက်ခံရမှု မရှိခဲ့လို့ ဆို

ဓာတ်ပုံ မူပိုင် NPT 1000 beds Hospital
Image caption ယူအန်ဝန်ထမ်း ကိုဗစ်လူနာကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံမှာ ကုသပေးနေပါတယ်

လူနာအခြေအနေဟာ မတ်လ ၂၉ ရက် ည ၈ နာရီအချိန် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကျန်းမာရေး တည်ငြိမ်လျက် ရှိကြောင်း ဖော်ပြထားပါတယ်။

ဒီအမျိုးသမီးဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရှိနေတုန်း သူ့ဖခင်ဖြစ်သူနဲ့ တွေ့တဲ့အချိန်တုန်းက ဖခင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိသေးဘူးလို့ ယူအန်ရုံးတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

သူတို့ဝန်ထမ်းဟာ သူ့ဖခင်ကို ဆွစ်ဇာလန်နိုင်ငံမှာ မတ်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး မတ် ၁၈ ရက်မှာ မြန်မာနိုင်ငံက သူတည်းခိုနေထိုင်တဲ့ ဟိုတယ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မြန်မာပြည်ကိုပြန်ရောက်ပြီး တစ်ပတ်ကြာမှသာ သူ့ဖခင်မှာ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ရှိတယ်လို့ သိရှိရကြောင်း ယူအန်ရုံးတာဝန်ရှိသူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် NPT 1000 beds Hospital
Image caption ဆေးရုံထဲက ဒီကြပ်မတ်ကုသခန်းထဲမှာ လူနာကို ထားရှိကုသပေးနေပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဒီယူအန်ဝန်ထမ်းအမျိုးသမီးဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရှိနေတုန်း မတ်လ ၁၃ ရက်က ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားနေတဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ရာရီကြာတွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူမအအနေနဲ့ နေပြည်တော်ကိုပြန်ရောက်တဲ့အချိန်မှာ ပြည်ပက ပြန်လာတဲ့သူတွေအနေနဲ့ သီးခြားနေထိုင်ရမယ်ဆိုတဲ့ စည်းကမ်းချက် ထုတ်ပြန်တာ မတွေ့ရသေးပေမယ့် တခြားယူအန်ဝန်ထမ်းတွေလိုပဲ ဟိုတယ်မှာ သီခြားနေဖို့ ဟိုတယ်နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ယူအန်ရုံးတာဝန်ရှိသူက ပြောပါ တယ်။

သူဟာ လေဆိပ်ကနေ သူနေထိုင်တည်းခိုမယ့် ဟိုတယ်ကို သွားတဲ့အခါ ယာဉ်မောင်းဖြစ်သူကို N-95 နှာခေါင်းစည်း ဝတ်ဆင်စေသလို ကားတံခါးဖွင့် မောင်းနှင်စေပြီး ဟိုတယ်မှာ သီးခြားနေထိုင်ချိန်မှာလည်း ဟိုတယ်ဝန်ထမ်းတစ်ဦးတစ်ယောက်နဲ့မှ မတွေ့ဆုံခဲ့ကြောင်း ယူအန်ကနေ ဘီဘီစီကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားလာပါတယ်။

အဲဒီလိုဟိုတယ်မှာ သီးခြားနေထိုင်စဉ်အတွင်း မတ်လ ၂၂ ရက်နေ့က ဖျားနာ၊ချောင်းဆိုးပြီး ဝမ်းသွားလာတဲ့အတွက် မတ်လ ၂၆ ရက်မှာ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဓာတ်ခွဲစမ်းသပ်တဲ့အခါ သူ့မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယူအန်ဝန်ထမ်းမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် သူတည်းခိုခဲ့တဲ့ဟိုတယ်ကို မတ်လ ၂၉ ရက်နေ့ကစလို့ အဝင်အထွက်ကန့်သတ်မှု Lock Down ချထားလိုက်တယ်လို့ နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် NPT 1000 beds Hospital
Image caption ကိုဗစ်လူနာတွေအတွက် ပြင်ဆင်ထားတဲ့ ကုသခန်းပါ။

မြန်မာနိုင်ငံမှာ မတ်လ ၃၀ ရက်ညနေပိုင်းထိ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၁၀ ထိရှိထားပြီး ပြည်တွင်းမှာ ကူးစက်သူတစ်ဦး၊ ပြည်ပကပြန်လာပြီး ကူးစက်လာသူ ရှစ်ဦးနဲ့ ကျန်တစ်ဦး(ပြင်သစ်ဧည့်လမ်းညွှန်) ကိုတော့ ပြည်တွင်းပြည်ပ ဘယ်လိုကူးစက်လာလဲဆိုတာ စိစစ်အတည်ပြုဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကိုဗစ္၁၉-ဆြစ္ဇာလန္မွာရွိတုန္း ယူအန္ဝန္ထမ္းရဲ႕ဖခင္ ဗိုင္းရပ္စ္ ကူးစက္ခံရမႈ မရွိခဲ့လို႔ ဆို ကိုဗစ္၁၉-ဆြစ္ဇာလန္မွာရွိတုန္း ယူအန္ဝန္ထမ္းရဲ႕ဖခင္ ဗိုင္းရပ္စ္ ကူးစက္ခံရမႈ မရွိခဲ့လို႔ ဆို Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.