ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရရင္ ဘယ္လိုရင္ဆိုင္မလဲ

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာေတာ့ အခုထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမရွိေသးဘူးလို႔ အစိုးရက အတိအလင္း ေျပာထားပါ တယ္။ ကမာၻတဝွမ္းမွာေတာ့ - ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၁ သိန္း ၄ ေသာင္းေက်ာ္ရွိၿပီး၊ အသက္မေသဘဲ ျပန္ေကာင္းလာသူ ရ ေသာင္းေက်ာ္ရွိတာပါ။ အဲ့လို ျပန္ေကာင္းလာသူေတြထဲမွာ အေမရိကန္ ျပည္ေထာင္စု ၀ါရွင္တန္ျပည္နယ္ ဆီယက္တဲလ္ၿမိဳ႕က အဲလိဇဘက္ ရွႏိုက္ဒါ (Elizabeth Schneider) လည္း ပါပါတယ္။
“ကို႐ိုနာဗိုင္းရပ္စ္ရွိတယ္လို႔ အေျဖထြက္လာေတာ့ ေတာ္ေတာ့္ကို လန႔္သြားတာ။ မေမွ်ာ္လင့္ထားဘူး။ အိမ္တအိမ္မွာ ပါတီသြားၿပီး ၃ ရက္အၾကာမွာပဲ သူငယ္ခ်င္းေတြေရာ သူကိုယ္တိုင္ပါ ေနမေကာင္းျဖစ္တယ္။ အားလုံးက ေရာဂါလကၡဏာ ပုံစံတူျဖစ္ၾကတာ။ တခ်ိဳ႕သူငယ္ခ်င္းေတြက ဆရာဝန္ဆီ သြားၾကတယ္။ က်မကေတာ့ မသြားဘူး၊ ေနာက္ဆုံးက်ေတာ့ ေနျပန္ေကာင္းၿပီး၊ သက္သာလာပါတယ္။ ကိုယ့္ဖာသာ သီးသန႔္ခြဲၿပီး ေနခဲ့တာ အဆင္ေျပပါတယ္”

ဒီလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီးမွ အသက္မေသဘဲ ျပန္ေကာင္းလာသူေတြဟာ ေရာဂါအခံမရွိသူေတြနဲ႔ ဗိုင္းရပ္စ္ကို ျပန္တိုက္ထုတ္ႏိုင္တဲ့ ခႏၶာကိုယ္တြင္းက ခုခံအားစနစ္ ေကာင္းမြန္တာေၾကာင့္ျဖစ္တယ္လို႔ - အေမရိကန္ျပည္ေထာင္စုက ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုး က ေျပာပါတယ္။ ၿပီးေတာ့ ႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာေတြကိုလည္း ေျပာင္းလဲေနထိုင္ဖို႔ အေရးႀကီးတယ္လို႔ ဆိုပါတယ္။

“အာဟာရျဖစ္တဲ့ လတ္ဆတ္တဲ့ သီးႏွံေတြကို စားေပးဖို႔လိုအပ္တယ္။ အထူးသျဖင့္ အသားထက္ လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္ေတြ စားတာ ေကာင္းတယ္။ ၿပီးေတာ့ ေလ့က်င့္ခန္း၊ ကိုယ္လက္လႈပ္ရွားမႈလုပ္ဖို႔၊ အဓိကကေတာ့ အဲ့ဒီ ႏွစ္ခ်က္ေပါ့ေနာ္။ က်န္တာကေတာ့ အိပ္ေရးဝေအာင္ အိပ္ရမယ္။ အျပည့္အဝ အနားယူရမယ္။ စိတ္ဖိစီးမႈေတြ ေလွ်ာ့ခ်ဖို႔ လိုတယ္။ တရားထိုင္တာ၊ ေယာဂက်င့္စဥ္လုပ္တာ ဒါေတြက က်န္းမာေရးကို အေထာက္အပံ့ျပဳတယ္။ ဒါေၾကာင့္ စိတ္က်န္းမာေရးေရာ၊ ကိုယ္က်န္းမာေရးေရာ ေကာင္းရင္ ဒီဗိုင္းရပ္စ္ကို အလြယ္တကူ ျပန္တိုက္ႏိုင္ပါတယ္”

ျမန္မာႏိုင္ငံမွာဆိုရင္ မတ္လ ၁၃ ရက္ေန႔အထိ ေစာင့္ၾကည့္လူနာနဲ႔ သံသယလူနာ စုစုေပါင္း ၁၁၅ ေယာက္ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာပါ။ ေစာင့္ၾကည့္လူနာနဲ႔ သံသယလူနာေတြကို သီးျခားခြဲထားၿပီး ၁၄ ရက္ ေစာင့္ၾကည့္ရပါတယ္။ ကိုယ့္ကိုကိုယ္ ေနထိုင္မေကာင္းလို႔ သံသယျဖစ္ရင္လည္း ၁၄ ရက္ အိမ္မွာ ေစာင့္ၾကည့္စစ္ေဆးႏိုင္ပါတယ္။ကိုယ့္ကိုယ္ကို ၁၄ ရက္ ဘယ္လိုေနထိုင္ ေစာင့္ၾကည့္ရမလဲဆိုတာကိုလည္း ေဒါက္တာ မင္းမင္းစိုးက ရွင္းျပထားပါတယ္။
“ကိုယ့္ဟာကိုယ္ အိမ္မွာပဲ ေနရတာေပါ့ေနာ္။ တတ္ႏိုင္ရင္ေတာ့ အိပ္ခန္းထဲမွာပဲ ကိုယ့္ဟာကိုယ္ သီးသီးသန႔္သန႔္ေနတာ အထိေရာက္ဆုံးပဲ။ တတ္ႏိုင္ရင္ ဘယ္သူနဲ႔မွကို အိမ္သားေတာင္မွ ထိေတြ႕မႈ နည္းႏိုင္သမွ်နည္းေအာင္ ေနႏိုင္ရင္ ပိုေကာင္းတယ္။ အကယ္၍ ကိုယ့္မွာမ်ားပိုးေတြ ရွိေနခဲ့ရင္၊ လကၡဏာေတြ ေပၚလာရင္ ကိုယ့္ရဲ႕အိမ္သားကို ကူးသြားႏိုင္တယ္ေနာ္။ အစားအေသာက္စားတဲ့အခါမွာလည္း တခါသုံး ပန္းကန္နဲ႔စားၿပီး ေသခ်ာစြန႔္ပစ္တာတို႔၊ လက္ကိုလည္း ခဏခဏ ေဆးေပးဖို႔၊ လက္သည္းေတြ၊ လက္ထိပ္ေတြက ပိုၿပီး ပိုးေတြ ေအာင္းတတ္တယ္။ တတ္ႏိုင္ရင္ လက္သည္းပါ ညႇပ္ပစ္ရင္ ေကာင္းတယ္ဗ်ာ။ အဓိကက အျပင္လူနဲ႔ မေတြ႕ေအာင္ ေနဖို႔ပဲ”

၁၄ ရက္ေစာင့္ၾကည့္ေနခ်ိန္မွာ အလုပ္မလုပ္ဖို႔၊ ေက်ာင္းနဲ႔ လူထူထပ္တဲ့ေနရာေတြကို မသြားလာဖို႔၊ အမ်ားျပည္သူသုံး ဘတ္စ္ကားေတြ၊ တကၠစီေတြလည္း မသုံးဖို႔၊ မ်က္ႏွာသုတ္ပုဝါ စတာေတြကိုလည္း မိသားစုမွ်ေဝမသုံးဖို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC က အႀကံျပဳထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ဘယ်လိုရင်ဆိုင်မလဲ

မြန်မာနိုင်ငံမှာတော့ အခုထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမရှိသေးဘူးလို့ အစိုးရက အတိအလင်း ပြောထားပါ တယ်။ ကမ္ဘာတဝှမ်းမှာတော့ - ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁ သိန်း ၄ သောင်းကျော်ရှိပြီး၊ အသက်မသေဘဲ ပြန်ကောင်းလာသူ ရ သောင်းကျော်ရှိတာပါ။ အဲ့လို ပြန်ကောင်းလာသူတွေထဲမှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့က အဲလိဇဘက် ရှနိုက်ဒါ (Elizabeth Schneider) လည်း ပါပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ အဖြေထွက်လာတော့ တော်တော့်ကို လန့်သွားတာ။ မမျှော်လင့်ထားဘူး။ အိမ်တအိမ်မှာ ပါတီသွားပြီး ၃ ရက်အကြာမှာပဲ သူငယ်ချင်းတွေရော သူကိုယ်တိုင်ပါ နေမကောင်းဖြစ်တယ်။ အားလုံးက ရောဂါလက္ခဏာ ပုံစံတူဖြစ်ကြတာ။ တချို့သူငယ်ချင်းတွေက ဆရာဝန်ဆီ သွားကြတယ်။ ကျမကတော့ မသွားဘူး၊ နောက်ဆုံးကျတော့ နေပြန်ကောင်းပြီး၊ သက်သာလာပါတယ်။ ကိုယ့်ဖာသာ သီးသန့်ခွဲပြီး နေခဲ့တာ အဆင်ပြေပါတယ်”

ဒီလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးမှ အသက်မသေဘဲ ပြန်ကောင်းလာသူတွေဟာ ရောဂါအခံမရှိသူတွေနဲ့ ဗိုင်းရပ်စ်ကို ပြန်တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်တွင်းက ခုခံအားစနစ် ကောင်းမွန်တာကြောင့်ဖြစ်တယ်လို့ - အမေရိကန်ပြည်ထောင်စုက ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုး က ပြောပါတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကိုလည်း ပြောင်းလဲနေထိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“အာဟာရဖြစ်တဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို စားပေးဖို့လိုအပ်တယ်။ အထူးသဖြင့် အသားထက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ စားတာ ကောင်းတယ်။ ပြီးတော့ လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ အဓိကကတော့ အဲ့ဒီ နှစ်ချက်ပေါ့နော်။ ကျန်တာကတော့ အိပ်ရေးဝအောင် အိပ်ရမယ်။ အပြည့်အဝ အနားယူရမယ်။ စိတ်ဖိစီးမှုတွေ လျှော့ချဖို့ လိုတယ်။ တရားထိုင်တာ၊ ယောဂကျင့်စဉ်လုပ်တာ ဒါတွေက ကျန်းမာရေးကို အထောက်အပံ့ပြုတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးရော ကောင်းရင် ဒီဗိုင်းရပ်စ်ကို အလွယ်တကူ ပြန်တိုက်နိုင်ပါတယ်”

မြန်မာနိုင်ငံမှာဆိုရင် မတ်လ ၁၃ ရက်နေ့အထိ စောင့်ကြည့်လူနာနဲ့ သံသယလူနာ စုစုပေါင်း ၁၁၅ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ စောင့်ကြည့်လူနာနဲ့ သံသယလူနာတွေကို သီးခြားခွဲထားပြီး ၁၄ ရက် စောင့်ကြည့်ရပါတယ်။ ကိုယ့်ကိုကိုယ် နေထိုင်မကောင်းလို့ သံသယဖြစ်ရင်လည်း ၁၄ ရက် အိမ်မှာ စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။ကိုယ့်ကိုယ်ကို ၁၄ ရက် ဘယ်လိုနေထိုင် စောင့်ကြည့်ရမလဲဆိုတာကိုလည်း ဒေါက်တာ မင်းမင်းစိုးက ရှင်းပြထားပါတယ်။
“ကိုယ့်ဟာကိုယ် အိမ်မှာပဲ နေရတာပေါ့နော်။ တတ်နိုင်ရင်တော့ အိပ်ခန်းထဲမှာပဲ ကိုယ့်ဟာကိုယ် သီးသီးသန့်သန့်နေတာ အထိရောက်ဆုံးပဲ။ တတ်နိုင်ရင် ဘယ်သူနဲ့မှကို အိမ်သားတောင်မှ ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် နေနိုင်ရင် ပိုကောင်းတယ်။ အကယ်၍ ကိုယ့်မှာများပိုးတွေ ရှိနေခဲ့ရင်၊ လက္ခဏာတွေ ပေါ်လာရင် ကိုယ့်ရဲ့အိမ်သားကို ကူးသွားနိုင်တယ်နော်။ အစားအသောက်စားတဲ့အခါမှာလည်း တခါသုံး ပန်းကန်နဲ့စားပြီး သေချာစွန့်ပစ်တာတို့၊ လက်ကိုလည်း ခဏခဏ ဆေးပေးဖို့၊ လက်သည်းတွေ၊ လက်ထိပ်တွေက ပိုပြီး ပိုးတွေ အောင်းတတ်တယ်။ တတ်နိုင်ရင် လက်သည်းပါ ညှပ်ပစ်ရင် ကောင်းတယ်ဗျာ။ အဓိကက အပြင်လူနဲ့ မတွေ့အောင် နေဖို့ပဲ”

၁၄ ရက်စောင့်ကြည့်နေချိန်မှာ အလုပ်မလုပ်ဖို့၊ ကျောင်းနဲ့ လူထူထပ်တဲ့နေရာတွေကို မသွားလာဖို့၊ အများပြည်သူသုံး ဘတ်စ်ကားတွေ၊ တက္ကစီတွေလည်း မသုံးဖို့၊ မျက်နှာသုတ်ပုဝါ စတာတွေကိုလည်း မိသားစုမျှဝေမသုံးဖို့ အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန CDC က အကြံပြုထားပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရရင္ ဘယ္လိုရင္ဆိုင္မလဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရရင္ ဘယ္လိုရင္ဆိုင္မလဲ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.