လူစုလူေဝးမလုပ္ဖို႔ ထုတ္ျပန္ခ်က္ ေဖာက္ဖ်က္သူကို အေရးယူ


(Zawgyi)⤵⤵⤵

စစ္ကိုင္းတိုင္း တမူးၿမိဳ႕နယ္မွာ ေဒသႏၲရ အမိန႔္ထုတ္ျပန္ထားတာကို မလိုက္နာဘဲ လူစုလူေဝးနဲ႔ မဂၤလာပြဲ က်င္းပခဲ့တာေၾကာင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈထိန္းခ်ဳပ္ဖို႔အတြက္ လူစုလူေဝးေတြမလုပ္ဖို႔၊ ပြဲလမ္းသဘင္ေတြမလုပ္ဖို႔ အမိန႔္ထုတ္ျပန္ထားသလို သက္ဆိုင္ရာေဒသေတြကလည္း လူစုလူေဝးမလုပ္ဖို႔ ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္ထားပါတယ္။

ဒီလိုအမိန႔္ေတြထုတ္ထားေပမယ့္ မတ္လ ၂၈ ရက္ေန႔ မေန႔တုန္းက စစ္ကိုင္းတိုင္း တမူးၿမိဳ႕နယ္ ခြန္မြန္းႏြံ႐ြာမွာ မဂၤလာပြဲအခမ္းအနား လုပ္ခဲ့ပါတယ္။

သက္ဆိုင္ရာ ေဒသႏၲရ အာဏာပိုင္က လူစုလူေဝးနဲ႔ မဂၤလာပြဲမက်င္းပဖို႔ သြားေရာက္အေၾကာင္းၾကားခဲ့ေပမယ့္ လိုက္နာမႈမရွိတာေၾကာင့္ မဂၤလာေဆာင္တဲ့ အမ်ိဳးသားကို ဥပေဒေၾကာင္းအရ အေရးယူတာျဖစ္တယ္လို႔ တမူးၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ႏိုင္ဦးက RFA ကို ေျပာပါတယ္။

တရားလိုလုပ္ၿပီး မဂၤလာပြဲက်င္းပတဲ့ သတိုးသားကို အမႈဖြင့္ခဲ့တာလို႔ တမူးၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္လင္းက ဆိုပါတယ္။ သူဟာ အေမရိကန္ႏိုင္ငံသား ခံယူထားသူျဖစ္ၿပီး မေန႔ညက ဖမ္းဆီးခဲ့ၿပီး ဒီေန႔ျပန္လႊတ္ ေပး၊ မေပးဆိုတာကို မသိေသးေၾကာင္း လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ႏိုင္ဦးက ေျပာပါတယ္။

ႏွစ္ဘက္မိဘေတြနဲ႔ မဂၤလာေဆာင္ က်င္းပတာဆိုရင္ အေရးယူစရာမရွိဘဲ ဧည့္ခံပြဲက်င္းပတာေၾကာင့္ အေရးယူတာလို႔လည္း ဆိုပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ တိုက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ခ်က္ကို ျပည္သူေတြ လိုက္နာမႈအားနည္းေနတာနဲ႔ ပတ္သက္ၿပီး တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေဒါက္တာ ေဇာ္ဝင္းကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

စစ္ကိုင္းတိုင္း ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းေကာ္မတီကလည္း အခုလို အမႈဖြင့္ အေရးယူမႈအေပၚ ခြင့္ျပဳေၾကာင္း မတ္လ ၂၈ ရက္ေန႔ ေန႔စြဲ ထုတ္ျပန္ထားပါတယ္။

စစ္ကိုင္းတိုင္းအစိုးရ ႐ုံးစိုက္ရာ မုံ႐ြာၿမိဳ႕မွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့အတိုင္း လူစုလူေဝး လုပ္တာေတြ မရွိေၾကာင္း Save Monywa အဖြဲ႕က ကိုေအာင္ေနမ်ိဳးက ေျပာပါတယ္။

လူစုလူေဝးမလုပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ကို တခ်ိဳ႕ေဒသေတြမွာ လိုက္နာေဆာင္႐ြက္မႈ အားနည္းေနပါတယ္။ မြန္ျပည္နယ္ သထုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ကလည္း သထုံၿမိဳ႕နယ္မွာ ေနထိုင္သူေတြလည္း လိုက္နာေဆာင္႐ြက္မႈ အားနည္းေၾကာင္း ေျပာပါတယ္။

သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က) ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ ဒဏ္ေငြျဖစ္ေစ၊ အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ ျပစ္ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။

ေက်ာ္လြင္ဦး
----------------------------------------------------------
လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ချက် ဖောက်ဖျက်သူကို အရေးယူ

(Unicode)⤵⤵⤵
စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာကို မလိုက်နာဘဲ လူစုလူဝေးနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တာကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုထိန်းချုပ်ဖို့အတွက် လူစုလူဝေးတွေမလုပ်ဖို့၊ ပွဲလမ်းသဘင်တွေမလုပ်ဖို့ အမိန့်ထုတ်ပြန်ထားသလို သက်ဆိုင်ရာဒေသတွေကလည်း လူစုလူဝေးမလုပ်ဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

ဒီလိုအမိန့်တွေထုတ်ထားပေမယ့် မတ်လ ၂၈ ရက်နေ့ မနေ့တုန်းက စစ်ကိုင်းတိုင်း တမူးမြို့နယ် ခွန်မွန်းနွံရွာမှာ မင်္ဂလာပွဲအခမ်းအနား လုပ်ခဲ့ပါတယ်။

သက်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်က လူစုလူဝေးနဲ့ မင်္ဂလာပွဲမကျင်းပဖို့ သွားရောက်အကြောင်းကြားခဲ့ပေမယ့် လိုက်နာမှုမရှိတာကြောင့် မင်္ဂလာဆောင်တဲ့ အမျိုးသားကို ဥပဒေကြောင်းအရ အရေးယူတာဖြစ်တယ်လို့ တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက RFA ကို ပြောပါတယ်။

တရားလိုလုပ်ပြီး မင်္ဂလာပွဲကျင်းပတဲ့ သတိုးသားကို အမှုဖွင့်ခဲ့တာလို့ တမူးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက ဆိုပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး မနေ့ညက ဖမ်းဆီးခဲ့ပြီး ဒီနေ့ပြန်လွှတ် ပေး၊ မပေးဆိုတာကို မသိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောပါတယ်။

နှစ်ဘက်မိဘတွေနဲ့ မင်္ဂလာဆောင် ကျင်းပတာဆိုရင် အရေးယူစရာမရှိဘဲ ဧည့်ခံပွဲကျင်းပတာကြောင့် အရေးယူတာလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာမှုအားနည်းနေတာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကိုင်းတိုင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီကလည်း အခုလို အမှုဖွင့် အရေးယူမှုအပေါ် ခွင့်ပြုကြောင်း မတ်လ ၂၈ ရက်နေ့ နေ့စွဲ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအစိုးရ ရုံးစိုက်ရာ မုံရွာမြို့မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အတိုင်း လူစုလူဝေး လုပ်တာတွေ မရှိကြောင်း Save Monywa အဖွဲ့က ကိုအောင်နေမျိုးက ပြောပါတယ်။

လူစုလူဝေးမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို တချို့ဒေသတွေမှာ လိုက်နာဆောင်ရွက်မှု အားနည်းနေပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကလည်း သထုံမြို့နယ်မှာ နေထိုင်သူတွေလည်း လိုက်နာဆောင်ရွက်မှု အားနည်းကြောင်း ပြောပါတယ်။

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကျော်လွင်ဦး
RFA Burmese
https://www.rfa.org/burmese/news/take-action-tamu-wedding-03292020085123.html
လူစုလူေဝးမလုပ္ဖို႔ ထုတ္ျပန္ခ်က္ ေဖာက္ဖ်က္သူကို အေရးယူ လူစုလူေဝးမလုပ္ဖို႔ ထုတ္ျပန္ခ်က္ ေဖာက္ဖ်က္သူကို အေရးယူ Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.