၂၀၂၀ အေရွ႕ေတာင္အာရွအမ်ိဳသမီးဆု အဆိုျပဳခံရသူထဲ ျမန္မာေလးဦးပါ၀င္

(မွတ္တမ္းဓာတ္ပံု - womenofthefuture)
Zawgyi/Unicode)

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြက က႑အသီးသီးမွာ ဦးေဆာင္လုပ္ကိုင္ေနၾကတဲ့ အမ်ိဳးသမီးေတြကုိ ေရြးခ်ယ္ဆုခ်ီးျမွင့္တဲ့ ၂၀၂၀ အေရွ႕ေတာင္အာရွ အနာဂတ္ အမ်ိဳးသမီး စြမ္းေဆာင္ရွင္ ဆု (Women of the Future Awards Southeast Asia 2020) အတြက္ ဆန္ခါတင္ေရြးခ်ယ္ခံထားရတဲ့ စာရင္းထဲမွာ ျမန္မာအမ်ိဳးသမီး ၄ ဦးလည္း ပါဝင္ပါတယ္။

ဒီဆုကိုရခဲ့ရင္ ျပည္တြင္းမွာသာမက ႏိုင္ငံတကာမွာပါ အလုပ္ေတြ ပိုလုပ္လာႏိုင္မယ္လို႔ အခုႏွစ္ဆန္ခါတင္စာရင္းထဲ ပါဝင္သူတဦးက ယံုၾကည္သလို က႑စံုက စြမ္းေဆာင္ရည္ရွိတဲ့ အမ်ိဳးသမီးေတြအေပၚ လက္ရွိအစိုးရက အသိမွတ္ျပဳ ျမွင့္တင္ေပးဖို႔လည္း ဆုရသူေတြက ေမွ်ာ္လင့္ေနတာပါ။ အျပည့္အစံုကုိ ဗီြအုိေအျမန္မာပိုင္း သတင္းေထာက္ စုစုကေျပာျပသြားမွာပါ။

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာရွိတဲ့ အမ်ိဳးသမီးေတြထဲက က႑အသီးသီးမွာ ဦးေဆာင္ေနသူေတြကို အသိအမွတ္ျပဳ ခ်ီးျမွင့္တဲ့ Women of the Future Awards Southeast Asia 2020 ဆုေတြကို စကၤာပူႏိုင္ငံမွာ လာမယ့္ မတ္လ ၁၈ ရက္ေန႔မွာ ေရြးခ်ယ္ေပးအပ္သြားမွာပါ။

စုစုေပါင္း က႑ ၁၀ ခုအတြက္ အမ်ိဳးသမီး ၁၀ ဦးကို ေရြးခ်ယ္သြားမွာ ျဖစ္ၿပီး အခု ဆုေရြးခ်ယ္ေရး အဖြဲ႔က ထုတ္ျပန္တဲ့ ဆန္ခါတင္စာရင္းမွာ ျမန္မာအမ်ိဳးသမီး ၄ဦးပါဝင္ပါတယ္။ စီးပြားေရးစြမ္းေဆာင္ရွင္ က႑၊ လူမႈအဖြဲ႕အစည္း စြမ္းေဆာင္ရွင္ က႑နဲ႔ စီးပြားေရးက႑အပါအဝင္ မီဒီယာက႑ အသီးသီးတုိ႔အတြက္ ေရြးခ်ယ္ခံထားရတာပါ။

အဲဒီဆန္ခါတင္စာရင္းထဲမွာ ပါဝင္တဲ့ CCEducare Myanmar ကိုတည္ေထာင္သူျဖစ္တဲ့ မခ်စ္အိမ္သူကေတာ့ ဒီလို ဆုခ်ီးျမွင့္ခံရဖုိ႔အတြက္ ကိုယ္တိုင္ဝင္ေရာက္ ယွဥ္ၿပိဳင္ရတာ ျဖစ္ၿပီး ကိုယ့္ရဲ့ အစြမ္းအစကို ျပႏုိင္သူ တေယာက္ ျဖစ္လာရင္ ျမန္မာႏုိင္ငံမွာသာမက ႏိုင္ငံတကာ အလယ္မွာပါ အလုပ္အကိုင္ လမ္းစေတြ ပိုပြင့္လာေစမယ္လုိ႔ ေျပာပါတယ္။

“အဓိက ကေတာ့ ဒီဆုေတြကုိ ကိုယ္ကိုယ္၌က Apply လုပ္ရတာပါ။ Apply လုပ္ၿပီးေတာ့မွ ကိုယ္လုပ္ခဲ့တဲ့ Impact ေတြ ကုိယ္လုပ္ခဲ့တာေတြကို Present လုပ္ျပရတာေပါ့။ အဓိက ကေတာ့ ကိုယ္က ျမန္မာႏုိင္ငံမွာ မကဘဲနဲ႔ ႏုိင္ငံတကာ Level ထိုးေဖာက္ခ်င္တယ္ဆုိရင္ ဒီလိုမ်ိဳးဆုေတြရွိရာ၊ ဒီလုိမ်ိဳး Community ထဲကုိ ေရာက္သြားလို႔ရွိရင္ ပိုၿပီးေတာ့ Investment ေတြလည္း ရလာႏုိင္တယ္။ အလုပ္ေတြလည္း ပိုၿပီးေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ေရာ လုပ္လာႏုိင္မယ္လို႔ က်မကေတာ့ ထင္ပါတယ္။”

ဒီလို လုပ္ေဆာင္ႏိုင္စြမ္းရွိသူေတြ အေနနဲ႔လည္း သူတို႔ရဲ့ စြမ္းေဆာင္ႏုိင္မႈအေပၚ အသိအမွတ္ျပဳ တာကို လိုခ်င္ၾကတာေၾကာင့္ အခုလို ဆု အတြက္ အမည္စာရင္း အသြင္းခံရတာကို ဂုဏ္ယူတယ္လို႔လည္း ေျပာပါတယ္။

“အခုေခတ္မွာေပါ့ေနာ္ Job Requirement တခုတည္းမွာပဲ လိုအပ္တာေတြကလည္း တခုထက္မက ရွိတယ္ေပါ့ေနာ္။ ၿပီးေတာ့ သင္ယူစရာေတြကလည္း အမ်ားႀကီး ေျပာင္းလဲလာတယ္ေပါ့။ အဲေတာ့ အကုန္လံုး Level မွာကလည္း တခုထက္မက Skills ေတြလည္း ကိုယ့္ဟာကိုယ္ Upgrade လုပ္ေနရတယ္ေပါ့ေနာ္။ ဒီလုိမ်ိဳး အသိအမွတ္ျပဳတာ က်ေတာ့ Recognize ျဖစ္တာမ်ိဳးကို လုိခ်င္တာေပါ့ေနာ္။”

ဒါ့အျပင္ စြမ္းေဆာင္ရည္ရွိတဲ့ ျမန္မာအမ်ိဳးသမီးေတြ အေနနဲ႔ ေနာင္ႏွစ္ေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေစခ်င္တယ္လုိ႔လည္း ေျပာပါတယ္။

အေရွ႕ေတာင္အာရွ အနာဂတ္ အမ်ိဳးသမီး စြမ္းေဆာင္ရွင္ ဆု Women of the Future Awards Southeast Asia 2020 ကုိ ၂၀၁၈ ခုႏွစ္ ကေနစတင္ခဲ့တာ ျဖစ္ၿပီး ဒီႏွစ္နဲ႔ဆို သံုးႀကိမ္ေျမာက္ ရွိလာပါၿပီ။

ပထမဆံုး ဆုေပးခဲ့တဲ့ ၂၀၁၈ခုႏွစ္တုန္းက လူမႈ ဝန္ေဆာင္မႈ (Community & Public Service) က႑အတြက္ ျမန္မာႏိုင္ငံက မျဖဴႏွင္းၿငိမ္း ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉ တုန္းကလည္း သတင္းမီဒီယာနဲ႔ ဆက္သြယ္ေရး (Media & Communications) က႑အတြက္ မသဥၨာရႊန္းလဲ့ရည္၊ စီးပြါးေရး (Business) က႑ အတြင္ ေဒါက္တာသိဂႌဝင္း၊ လူမႈ ဝန္ေဆာင္မႈ (Community Spirits and Public Service ) က႑အတြက္ မေအးသီရိေက်ာ္တုိ႔က ဆုရရွိခဲ့တာပါ။

အခုလို ဆုခ်ီးျမွင့္ခံရတာေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ ဦးေဆာင္မႈဟာ က႑စံုမွာ ပိုေပၚလြင္သြားတယ္္လို႔ ၿပီးခဲ့တဲ့ႏွစ္ကဆုရခဲ့သူ တဦးျဖစ္တဲ့ မသဥၨာရႊန္းလဲ့ရည္က အခုလိုေျပာပါတယ္။

“အားရဖုိ႔ေကာင္းတာက သူတုိ႔ရဲ႕ဆုေပးတဲ့ Categories ကိုၾကည့္ရမယ္ဆုိရင္ က႑စံုတယ္။ ဥပမာ - ေဆာက္လုပ္ေရးက႑၊ ေနာက္ၿပီး အမ်ိဳးသမီးေတြအတြက္ကိုလည္း Scientist သိပၸံေရးရာပိုင္းဆိုင္ရာ၊ ေနာက္ အေၾကာင္းအရာအစုံကုိ က႑စံုက အမ်ိဳးသမီးေတြကုိ ေရြးခ်ယ္တာျဖစ္တဲ့ အတြက္ေၾကာင့္မုိ႔လို႔ က႑အစံုမွာ အမ်ိဳးသမီးေတြရဲ႕ ဦးေဆာင္မႈကုိ ပိုၿပီးေပၚလြင္သြားေစတယ္ေပါ့ေနာ္။

ျမန္မာႏုိင္ငံမွာေတာ့ လူဦးေရရဲ့ ထက္ဝက္ေက်ာ္ရွိတဲ့ အမ်ိဳးသမီးထု စြမ္းေဆာင္ႏုိင္မႈအတြက္ အသိမွတ္ျပဳတာ နည္းပါး ေနေသးတဲ့ အတြက္ အစုိးရ ကိုယ္တိုင္က က႑အစံုမွာ အမ်ိဳးသမီးေတြကို အားေပးျမွင့္တင္ေပးၿပီး အမ်ိဳးသမီးထုရဲ့ စြမ္းအင္ကို အသံုးခ် ေစခ်င္တယ္လုိ႔လည္း ေျပာပါတယ္။

“အခုလိုမ်ိဳး ႏိုင္ငံတကာက အစုိးရေတြက အမ်ိဳးသမီးေတြကုိ ပံုစံအစံုနဲ႔ ခ်ီးေျမွာက္ေနၾကတယ္၊ ေနာက္ အသိအမွတ္ျပဳတာေလးေတြ လုပ္တယ္၊ အားေပးျမွင့္တင္တာေတြ လုပ္ေနတဲ့အခ်ိန္မွာ က်မတုိ႔ ႏုိင္ငံက အစုိးရကလည္း ဒီလုပ္ငန္းေတြကို မျဖစ္မေနေဆာင္ရြက္ဖုိ႔ သင့္တယ္။ လာမယ့္ မတ္လ ၈ ရက္ေန႔ဟာ ကမာၻ႕အျပည္ျပည္ဆုိင္ရာ အမ်ိဳးသမီးမ်ားေန႔ ျဖစ္တယ္။

မ်ားေသာအားျဖင့္ အမ်ိဳးသမီးမ်ားေန႔ဆုိရင္ က်မတုိ႔ႏုိင္ငံမွာ စင္ေပၚမွာ ရႈိးေတြ ေလွ်ာက္တယ္။ ေနာက္ အဝတ္အစား ဆင္ယင္မႈ ပံုစံမ်ိဳးေတြနဲ႔ပဲ ျပင္ဆင္ထားတာေပါ့ေနာ္။ ဒီအမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္မႈေတြက ဒီထက္မက ပိုတယ္၊ က႑အစံုမွာ အမ်ိဳးသမီးေတြဟာ ဦးေဆာင္ေနတယ္ဆုိတာကို အားေပးျမွင့္တင္ျခင္းအားျဖင့္ ျမန္မာႏုိင္ငံက ၅၀ ရာခိုင္ႏႈန္းထက္ေက်ာ္ေသာ အမ်ိဳးသမီးထုႀကီးရဲ႕ စြမ္းအင္ေတြကုိ အလဟႆမျဖစ္ဖို႔ တာဝန္ရွိတဲ့ အစုိးရအဖြဲ႕ေတြက ထိေရာက္တဲ့အားေပး ျမွင့္တင္မႈ အသိအမွတ္ျပဳမႈေတြ လုပ္သင့္တယ္လို႔ ေျပာခ်င္ပါတယ္။”

၂၀၂၀ အေရွ႕ေတာင္အာရွ အနာဂတ္ အမ်ိဳးသမီး စြမ္းေဆာင္ရွင္ ဆု (Women of the Future Awards Southeast Asia 2020) မွာ အႏုပညာနဲ႔ ယဥ္ေက်းမႈ (Arts and Culture)၊ စီးပြားေရး Business ၊ လူမႈဝန္ေဆာင္မႈဆိုင္ရာ Community Spirits and Public Service၊ စြန္႔ဦးတီထြင္သူ (Enterpreneur)၊ သတင္းမီဒီယာနဲ႔ ဆက္သြယ္ေရး (Media and Communications) ၊ Mentor ၊ Professions ၊ Property, အေျခခံ အေဆာက္အအံုနဲ႔ ေဆာက္လုပ္ေရး (Infrastructure and Construction ) ၊ သိပၸံနည္းပညာနဲ႔ ( Science, Technology and Digital) နဲ႔ Social Entrepreneur ဆုိၿပီး က႑ ၁၀ခုအတြက္ အမ်ိဳးသမီး တဦးစီကို ေရြးခ်ယ္ခ်ီးျမွင့္သြားတာ ျဖစ္ပါတယ္။


[Unicode Version]

၂၀၂၀ အရှေ့တောင်အာရှအမျိုသမီးဆု အဆိုပြုခံရသူထဲ မြန်မာလေးဦးပါဝင်

အရှေ့တောင်အာရှ နိုင်ငံတွေက ကဏ္ဍအသီးသီးမှာ ဦးဆောင်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ ၂၀၂၀ အရှေ့တောင်အာရှ အနာဂတ် အမျိုးသမီး စွမ်းဆောင်ရှင် ဆု (Women of the Future Awards Southeast Asia 2020) အတွက် ဆန်ခါတင်ရွေးချယ်ခံထားရတဲ့ စာရင်းထဲမှာ မြန်မာအမျိုးသမီး ၄ ဦးလည်း ပါဝင်ပါတယ်။

ဒီဆုကိုရခဲ့ရင် ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ အလုပ်တွေ ပိုလုပ်လာနိုင်မယ်လို့ အခုနှစ်ဆန်ခါတင်စာရင်းထဲ ပါဝင်သူတဦးက ယုံကြည်သလို ကဏ္ဍစုံက စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးတွေအပေါ် လက်ရှိအစိုးရက အသိမှတ်ပြု မြှင့်တင်ပေးဖို့လည်း ဆုရသူတွေက မျှော်လင့်နေတာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုကပြောပြသွားမှာပါ။

အရှေ့တောင်အာရှ နိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးတွေထဲက ကဏ္ဍအသီးသီးမှာ ဦးဆောင်နေသူတွေကို အသိအမှတ်ပြု ချီးမြှင့်တဲ့ Women of the Future Awards Southeast Asia 2020 ဆုတွေကို စင်္ကာပူနိုင်ငံမှာ လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ရွေးချယ်ပေးအပ်သွားမှာပါ။

စုစုပေါင်း ကဏ္ဍ ၁၀ ခုအတွက် အမျိုးသမီး ၁၀ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပြီး အခု ဆုရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်တဲ့ ဆန်ခါတင်စာရင်းမှာ မြန်မာအမျိုးသမီး ၄ဦးပါဝင်ပါတယ်။ စီးပွားရေးစွမ်းဆောင်ရှင် ကဏ္ဍ၊ လူမှုအဖွဲ့အစည်း စွမ်းဆောင်ရှင် ကဏ္ဍနဲ့ စီးပွားရေးကဏ္ဍအပါအဝင် မီဒီယာကဏ္ဍ အသီးသီးတို့အတွက် ရွေးချယ်ခံထားရတာပါ။

အဲဒီဆန်ခါတင်စာရင်းထဲမှာ ပါဝင်တဲ့ CCEducare Myanmar ကိုတည်ထောင်သူဖြစ်တဲ့ မချစ်အိမ်သူကတော့ ဒီလို ဆုချီးမြှင့်ခံရဖို့အတွက် ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်ရတာ ဖြစ်ပြီး ကိုယ့်ရဲ့ အစွမ်းအစကို ပြနိုင်သူ တယောက် ဖြစ်လာရင် မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာ အလယ်မှာပါ အလုပ်အကိုင် လမ်းစတွေ ပိုပွင့်လာစေမယ်လို့ ပြောပါတယ်။

“အဓိက ကတော့ ဒီဆုတွေကို ကိုယ်ကိုယ်၌က Apply လုပ်ရတာပါ။ Apply လုပ်ပြီးတော့မှ ကိုယ်လုပ်ခဲ့တဲ့ Impact တွေ ကိုယ်လုပ်ခဲ့တာတွေကို Present လုပ်ပြရတာပေါ့။ အဓိက ကတော့ ကိုယ်က မြန်မာနိုင်ငံမှာ မကဘဲနဲ့ နိုင်ငံတကာ Level ထိုးဖောက်ချင်တယ်ဆိုရင် ဒီလိုမျိုးဆုတွေရှိရာ၊ ဒီလိုမျိုး Community ထဲကို ရောက်သွားလို့ရှိရင် ပိုပြီးတော့ Investment တွေလည်း ရလာနိုင်တယ်။ အလုပ်တွေလည်း ပိုပြီးတော့ မြန်မာနိုင်ငံအနေနဲ့ရော လုပ်လာနိုင်မယ်လို့ ကျမကတော့ ထင်ပါတယ်။”

ဒီလို လုပ်ဆောင်နိုင်စွမ်းရှိသူတွေ အနေနဲ့လည်း သူတို့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အသိအမှတ်ပြု တာကို လိုချင်ကြတာကြောင့် အခုလို ဆု အတွက် အမည်စာရင်း အသွင်းခံရတာကို ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။

“အခုခေတ်မှာပေါ့နော် Job Requirement တခုတည်းမှာပဲ လိုအပ်တာတွေကလည်း တခုထက်မက ရှိတယ်ပေါ့နော်။ ပြီးတော့ သင်ယူစရာတွေကလည်း အများကြီး ပြောင်းလဲလာတယ်ပေါ့။ အဲတော့ အကုန်လုံး Level မှာကလည်း တခုထက်မက Skills တွေလည်း ကိုယ့်ဟာကိုယ် Upgrade လုပ်နေရတယ်ပေါ့နော်။ ဒီလိုမျိုး အသိအမှတ်ပြုတာ ကျတော့ Recognize ဖြစ်တာမျိုးကို လိုချင်တာပေါ့နော်။”

ဒါ့အပြင် စွမ်းဆောင်ရည်ရှိတဲ့ မြန်မာအမျိုးသမီးတွေ အနေနဲ့ နောင်နှစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်စေချင်တယ်လို့လည်း ပြောပါတယ်။

အရှေ့တောင်အာရှ အနာဂတ် အမျိုးသမီး စွမ်းဆောင်ရှင် ဆု Women of the Future Awards Southeast Asia 2020 ကို ၂၀၁၈ ခုနှစ် ကနေစတင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်နဲ့ဆို သုံးကြိမ်မြောက် ရှိလာပါပြီ။

ပထမဆုံး ဆုပေးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက လူမှု ဝန်ဆောင်မှု (Community & Public Service) ကဏ္ဍအတွက် မြန်မာနိုင်ငံက မဖြူနှင်းငြိမ်း ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၉ တုန်းကလည်း သတင်းမီဒီယာနဲ့ ဆက်သွယ်ရေး (Media & Communications) ကဏ္ဍအတွက် မသဉ္ဇာရွှန်းလဲ့ရည်၊ စီးပွါးရေး (Business) ကဏ္ဍ အတွင် ဒေါက်တာသိင်္ဂီဝင်း၊ လူမှု ဝန်ဆောင်မှု (Community Spirits and Public Service ) ကဏ္ဍအတွက် မအေးသီရိကျော်တို့က ဆုရရှိခဲ့တာပါ။

အခုလို ဆုချီးမြှင့်ခံရတာကြောင့် အမျိုးသမီးတွေရဲ့ ဦးဆောင်မှုဟာ ကဏ္ဍစုံမှာ ပိုပေါ်လွင်သွားတယ်လို့ ပြီးခဲ့တဲ့နှစ်ကဆုရခဲ့သူ တဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က အခုလိုပြောပါတယ်။

“အားရဖို့ကောင်းတာက သူတို့ရဲ့ဆုပေးတဲ့ Categories ကိုကြည့်ရမယ်ဆိုရင် ကဏ္ဍစုံတယ်။ ဥပမာ - ဆောက်လုပ်ရေးကဏ္ဍ၊ နောက်ပြီး အမျိုးသမီးတွေအတွက်ကိုလည်း Scientist သိပ္ပံရေးရာပိုင်းဆိုင်ရာ၊ နောက် အကြောင်းအရာအစုံကို ကဏ္ဍစုံက အမျိုးသမီးတွေကို ရွေးချယ်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကဏ္ဍအစုံမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကို ပိုပြီးပေါ်လွင်သွားစေတယ်ပေါ့နော်။

မြန်မာနိုင်ငံမှာတော့ လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးထု စွမ်းဆောင်နိုင်မှုအတွက် အသိမှတ်ပြုတာ နည်းပါး နေသေးတဲ့ အတွက် အစိုးရ ကိုယ်တိုင်က ကဏ္ဍအစုံမှာ အမျိုးသမီးတွေကို အားပေးမြှင့်တင်ပေးပြီး အမျိုးသမီးထုရဲ့ စွမ်းအင်ကို အသုံးချ စေချင်တယ်လို့လည်း ပြောပါတယ်။

“အခုလိုမျိုး နိုင်ငံတကာက အစိုးရတွေက အမျိုးသမီးတွေကို ပုံစံအစုံနဲ့ ချီးမြှောက်နေကြတယ်၊ နောက် အသိအမှတ်ပြုတာလေးတွေ လုပ်တယ်၊ အားပေးမြှင့်တင်တာတွေ လုပ်နေတဲ့အချိန်မှာ ကျမတို့ နိုင်ငံက အစိုးရကလည်း ဒီလုပ်ငန်းတွေကို မဖြစ်မနေဆောင်ရွက်ဖို့ သင့်တယ်။ လာမယ့် မတ်လ ၈ရက်နေ့ဟာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တယ်။

များသောအားဖြင့် အမျိုးသမီးများနေ့ဆိုရင် ကျမတို့နိုင်ငံမှာ စင်ပေါ်မှာ ရှိုးတွေ လျှောက်တယ်။ နောက် အဝတ်အစား ဆင်ယင်မှု ပုံစံမျိုးတွေနဲ့ပဲ ပြင်ဆင်ထားတာပေါ့နော်။ ဒီအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေက ဒီထက်မက ပိုတယ်၊ ကဏ္ဍအစုံမှာ အမျိုးသမီးတွေဟာ ဦးဆောင်နေတယ်ဆိုတာကို အားပေးမြှင့်တင်ခြင်းအားဖြင့် မြန်မာနိုင်ငံက ၅၀ ရာခိုင်နှုန်းထက်ကျော်သော အမျိုးသမီးထုကြီးရဲ့ စွမ်းအင်တွေကို အလဟဿမဖြစ်ဖို့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့တွေက ထိရောက်တဲ့အားပေး မြှင့်တင်မှု အသိအမှတ်ပြုမှုတွေ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။”

၂၀၂၀ အရှေ့တောင်အာရှ အနာဂတ် အမျိုးသမီး စွမ်းဆောင်ရှင် ဆု (Women of the Future Awards Southeast Asia 2020) မှာ အနုပညာနဲ့ ယဉ်ကျေးမှု (Arts and Culture)၊ စီးပွားရေး Business ၊ လူမှုဝန်ဆောင်မှုဆိုင်ရာ Community Spirits and Public Service၊ စွန့်ဦးတီထွင်သူ (Enterpreneur)၊ သတင်းမီဒီယာနဲ့ ဆက်သွယ်ရေး (Media and Communications) ၊ Mentor ၊ Professions ၊ Property, အခြေခံ အဆောက်အအုံနဲ့ ဆောက်လုပ်ရေး (Infrastructure and Construction ) ၊ သိပ္ပံနည်းပညာနဲ့ ( Science, Technology and Digital) နဲ့ Social Entrepreneur ဆိုပြီး ကဏ္ဍ ၁၀ခုအတွက် အမျိုးသမီး တဦးစီကို ရွေးချယ်ချီးမြှင့်သွားတာ ဖြစ်ပါတယ်။

 စုစု/ VOA (Burmese)
https://burmese.voanews.com
၂၀၂၀ အေရွ႕ေတာင္အာရွအမ်ိဳသမီးဆု အဆိုျပဳခံရသူထဲ ျမန္မာေလးဦးပါ၀င္ ၂၀၂၀ အေရွ႕ေတာင္အာရွအမ်ိဳသမီးဆု အဆိုျပဳခံရသူထဲ ျမန္မာေလးဦးပါ၀င္ Reviewed by THITHTOOLWIN on 12:12 Rating: 5
Powered by Blogger.