ကို႐ိုနာဗိုင္းရပ္စ္ ေသဆုံး ၁၃၆၂ နဲ႔ ကူးစက္ ၆၀၀၀၀ ေက်ာ္ၿပီ

(Zawgyi)⤵⤵⤵
ၾကာသပေတးေန႔ မနက္ ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝန္း အခုအခ်ိန္ထိ ေသဆုံးသူ စုစုေပါင္း ၁၃၆၂ ဦးရွိၿပီး ကူးစက္ျဖစ္ပြားေနသူ ၆ဝဝ၈၁ ရွိပါတယ္။ ေရာဂါပိုး ကူးစက္ျဖစ္ပြားၿပီး ျပန္လည္ က်န္းမာလာသူက ၅၉၀၅ ရွိပါၿပီ။

ၿပီးခဲ့တဲ့ ရက္ေတြအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ထပ္မံကူးစက္သူ ဦးေရ က်ဆင္းသြားခဲ့တဲ့အတြက္ ဒီေရာဂါ ကင္းစင္ပေပ်ာက္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားလာေနပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ပင္ ကေတာ့ ဒါဟာ တိုးတက္ေကာင္းမြန္တဲ့ လကၡဏာျဖစ္ေပမယ့္ ျပည္သူေတြအေနနဲ႔ လုံ႔လဝိရိယေတြကို ေလွ်ာ့ခ်လိုက္လို႔ မျဖစ္ေသးပဲ စစ္ပြဲႀကီး တစ္ပြဲကို ရင္ဆိုင္ေနရတဲ့အတိုင္း ဆက္လက္ တိုက္ပြဲဝင္ၾကဖို႔လိုတယ္လို႔ မေန႔က သတိေပး လိုက္ပါတယ္။ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲ ဂယ္ဘ႐ိုက္စပ္ ကလည္း COVID -19 လို႔ အမည္ေပးထားတဲ့ ဒီဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈဟာ အျမင့္မားဆုံး အဆင့္ကို ေရာက္ရွိေနၿပီလား၊ ပေပ်ာက္ကင္းစင္သြားေတာ့မွာလား ဆိုတာကို ခန႔္မွန္းေျပာၾကားရန္ ေစာလြန္းေသးတယ္လို႔ ေျပာပါတယ္။ ဂ်နီဗာၿမိဳ႕မွာ မေန႔က က်င္းပတဲ့ WHO အစည္းအေဝးမွာ တ႐ုတ္ သိပၸံပညာရွင္ေတြက ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ေဆး ႏွစ္မ်ိဳးကို စမ္းသပ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ လူနာတခ်ိဳ႕ကို အဲဒီ ေဆး ႏွစ္မ်ိဳး နဲ႔ စမ္းသပ္ကုသေနေၾကာင္း ရက္အနည္းငယ္အတြင္း ရလဒ္သိရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း WHO အရာရွိ တစ္ဦးက ေျပာပါတယ္။ ဒါ့အျပင္ တ႐ုတ္ျပည္က ဒီဗိုင္းရပ္စ္ လူနာ တခ်ိဳ႕ကို အေမရိကန္ Gilead ဂီလီးယက္ ကုမၸဏီ က ထုတ္လုပ္ေပးပို႔လိုက္တဲ့ Remdesivir ရမ္ဒီစီဗီယာ ေဆးနဲ႔ မၾကာခင္ စမ္းသပ္ကုသမယ္လို႔ ဆိုပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ပင္က ဒီေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ စီးပြါးေရးလုပ္ငန္းေတြကို အခြန္ေငြ ေလွ်ာ့ခ်မႈအပါအဝင္ လိုအပ္သလို ကူညီပံ့ပိုးေပးမယ္လို႔လည္း ကတိေပးခဲ့ပါတယ္။

ဒီအေတာအတြင္း စကၤာပူ UOB ဘဏ္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သူတို႔ႏိုင္ငံက ထိခိုက္နစ္နာသြားတဲ့ စီးပြါးေရးလုပ္ငန္းေတြကို က်ားကန္ေပးဖို႔အတြက္ စကၤာပူ ေဒၚလာ သန္း ၃ဝဝဝ (ကန္ ေဒၚလာ ၂.၁၆ ဘီလီယံ) ထုတ္ေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီ ရံပုံေငြကို အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြကို ဦးစားေပး ထုတ္ေခ်းမယ္လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈေတြ ဧၿပီလေလာက္မွာ လုံးဝ ကင္းစင္ပေပ်ာက္သြားႏိုင္တယ္ဆိုတဲ့ သတင္းေၾကာင့္ စိုးရိမ္မႈေတြ ေလွ်ာ့နည္းသြားၿပီးေနာက္ နယူးေယာက္ၿမိဳ႕ Wall Street ကမာၻ႔ အစုရွယ္ယာေဈးကြက္မွာ မေန႔က ေဈးေတြ ျပန္တက္လာခဲ့ပါတယ္။

ဒီအေတာအတြင္း ဝူဟန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္ျဖစ္ပြားမႈကို စုံစမ္းေနတဲ့ ေဒသခံ ေစတနာ့ဝန္ထမ္း သတင္းေထာက္တစ္ဦး မေန႔က ထပ္မံ ေပ်ာက္ဆုံးသြားပါတယ္။ အဲဒီ Fang Bin ဆိုတဲ့ သတင္းေထာက္ဟာ လူနာေတြ ေဆး႐ုံမွာ ျပည့္လွ်ံေနပုံနဲ႔ အေလာင္းေတြ မီးသၿဂႋဳဟ္ဖို႔ ကားေပၚတင္ထားပုံေတြကို ဗီဒီယို႐ိုက္ၿပီး ျဖန႔္ခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကလည္း Chen Qiushi တျခား သတင္းေထာက္တစ္ဦး ေပ်ာက္ဆုံးသြားခဲ့တဲ့ အတြက္ စုစုေပါင္း ႏွစ္ဦး ရွိပါၿပီ။ အဲဒီ လူ႔အခြင့္အေရးလႈပ္ရွားသူေတြဟာ တ႐ုတ္ ကြန္ျမဴနစ္အစိုးရရဲ႕ သတင္းေမွာင္ခ် ပိတ္ဆို႔မႈေတြကို အံတု ေနသူေတြ ျဖစ္ပါတယ္။

ဒီအတြင္းမွာပဲ လူဦးေရ သန္းနဲ႔ခ်ီတဲ့ ဝီးဂါးမြတ္ဆလင္ေတြကို အက်ဥ္းစခန္းေတြနဲ႔ အက်ယ္ခ်ဳပ္ခ်ထားတဲ့ ယင္က်န္းျပည္နယ္မွာ လူအနည္းဆုံး ၉၉ ဦးကို ဒီဗိုင္းရပ္စ္ သံသယရွိတဲ့အတြက္ သီးသန႔္ထား ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အဲဒီျပည္နယ္က သတင္းေတြကို တ႐ုတ္အစိုးရက ေမွာင္ခ်ထားတဲ့ အတြက္ တ႐ုတ္အစိုးရက ဉာဏ္သစ္ေလာင္းစခန္းလို႔ အမည္ေပးထားတဲ့ အဲဒီ အက်ဥ္းစခန္းေတြက အေျခအေနေတြကို အတိအက် မသိရပါဘူး

~~~~~~~~~~~~~~~

ကိုရိုနာဗိုင်းရပ်စ် သေဆုံး ၁၃၆၂ နဲ့ ကူးစက် ၆၀၀၀၀ ကျော်ပြီ

 ကြာသပတေးနေ့ မနက် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း အခုအချိန်ထိ သေဆုံးသူ စုစုပေါင်း ၁၃၆၂ ဦးရှိပြီး ကူးစက်ဖြစ်ပွားနေသူ ၆ဝဝ၈၁ ရှိပါတယ်။ ရောဂါပိုး ကူးစက်ဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူက ၅၉၀၅ ရှိပါပြီ။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူ ဦးရေ ကျဆင်းသွားခဲ့တဲ့အတွက် ဒီရောဂါ ကင်းစင်ပပျောက်ဖို့ မျှော်လင့်ချက်တွေ မြင့်မားလာနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင် ကတော့ ဒါဟာ တိုးတက်ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့ လုံ့လဝိရိယတွေကို လျှော့ချလိုက်လို့ မဖြစ်သေးပဲ စစ်ပွဲကြီး တစ်ပွဲကို ရင်ဆိုင်နေရတဲ့အတိုင်း ဆက်လက် တိုက်ပွဲဝင်ကြဖို့လိုတယ်လို့ မနေ့က သတိပေး လိုက်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂယ်ဘရိုက်စပ် ကလည်း COVID -19 လို့ အမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ အမြင့်မားဆုံး အဆင့်ကို ရောက်ရှိနေပြီလား၊ ပပျောက်ကင်းစင်သွားတော့မှာလား ဆိုတာကို ခန့်မှန်းပြောကြားရန် စောလွန်းသေးတယ်လို့ ပြောပါတယ်။ ဂျနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ WHO အစည်းအဝေးမှာ တရုတ် သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေး နှစ်မျိုးကို စမ်းသပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ လူနာတချို့ကို အဲဒီ ဆေး နှစ်မျိုး နဲ့ စမ်းသပ်ကုသနေကြောင်း ရက်အနည်းငယ်အတွင်း ရလဒ်သိရှိမယ်လို့ မျှော်လင့်ကြောင်း WHO အရာရှိ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် တရုတ်ပြည်က ဒီဗိုင်းရပ်စ် လူနာ တချို့ကို အမေရိကန် Gilead ဂီလီးယက် ကုမ္ပဏီ က ထုတ်လုပ်ပေးပို့လိုက်တဲ့ Remdesivir ရမ်ဒီစီဗီယာ ဆေးနဲ့ မကြာခင် စမ်းသပ်ကုသမယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်က ဒီရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို အခွန်ငွေ လျှော့ချမှုအပါအဝင် လိုအပ်သလို ကူညီပံ့ပိုးပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း စင်္ကာပူ UOB ဘဏ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့နိုင်ငံက ထိခိုက်နစ်နာသွားတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကျားကန်ပေးဖို့အတွက် စင်္ကာပူ ဒေါ်လာ သန်း ၃ဝဝဝ (ကန် ဒေါ်လာ ၂.၁၆ ဘီလီယံ) ထုတ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ရံပုံငွေကို အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ဦးစားပေး ထုတ်ချေးမယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ ဧပြီလလောက်မှာ လုံးဝ ကင်းစင်ပပျောက်သွားနိုင်တယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်မှုတွေ လျှော့နည်းသွားပြီးနောက် နယူးယောက်မြို့ Wall Street ကမ္ဘာ့ အစုရှယ်ယာဈေးကွက်မှာ မနေ့က ဈေးတွေ ပြန်တက်လာခဲ့ပါတယ်။

ဒီအတောအတွင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို စုံစမ်းနေတဲ့ ဒေသခံ စေတနာ့ဝန်ထမ်း သတင်းထောက်တစ်ဦး မနေ့က ထပ်မံ ပျောက်ဆုံးသွားပါတယ်။ အဲဒီ Fang Bin ဆိုတဲ့ သတင်းထောက်ဟာ လူနာတွေ ဆေးရုံမှာ ပြည့်လျှံနေပုံနဲ့ အလောင်းတွေ မီးသင်္ဂြိုဟ်ဖို့ ကားပေါ်တင်ထားပုံတွေကို ဗီဒီယိုရိုက်ပြီး ဖြန့်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း Chen Qiushi တခြား သတင်းထောက်တစ်ဦး ပျောက်ဆုံးသွားခဲ့တဲ့ အတွက် စုစုပေါင်း နှစ်ဦး ရှိပါပြီ။ အဲဒီ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ တရုတ် ကွန်မြူနစ်အစိုးရရဲ့ သတင်းမှောင်ချ ပိတ်ဆို့မှုတွေကို အံတု နေသူတွေ ဖြစ်ပါတယ်။

ဒီအတွင်းမှာပဲ လူဦးရေ သန်းနဲ့ချီတဲ့ ဝီးဂါးမွတ်ဆလင်တွေကို အကျဉ်းစခန်းတွေနဲ့ အကျယ်ချုပ်ချထားတဲ့ ယင်ကျန်းပြည်နယ်မှာ လူအနည်းဆုံး ၉၉ ဦးကို ဒီဗိုင်းရပ်စ် သံသယရှိတဲ့အတွက် သီးသန့်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အဲဒီပြည်နယ်က သတင်းတွေကို တရုတ်အစိုးရက မှောင်ချထားတဲ့ အတွက် တရုတ်အစိုးရက ဉာဏ်သစ်လောင်းစခန်းလို့ အမည်ပေးထားတဲ့ အဲဒီ အကျဉ်းစခန်းတွေက အခြေအနေတွေကို အတိအကျ မသိရပါဘူး

RFA Burmese
https://www.facebook.com/rfaburmese/
ကို႐ိုနာဗိုင္းရပ္စ္ ေသဆုံး ၁၃၆၂ နဲ႔ ကူးစက္ ၆၀၀၀၀ ေက်ာ္ၿပီ ကို႐ိုနာဗိုင္းရပ္စ္ ေသဆုံး ၁၃၆၂ နဲ႔ ကူးစက္ ၆၀၀၀၀ ေက်ာ္ၿပီ Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.