နမၼတူ-လားရႈိး ကားလမ္း အနီး တိုက္ပြဲျဖစ္ ကားသမားတဦး ေသဆံုး


ဒီဇင္ဘာ ၃၀၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း နမၼတူ- လားရႈိး ကားလမ္း အနီး ၌ ယမန္ေန႔ (ဒီဇင္ဘာ ၂၉ ) တြင္ မြန္လြဲပိုင္း တုိက္ပြဲျဖစ္ပြားကာ ယာဥ္ေမာင္းတဦး က်ည္ထိမွန္ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA )ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ သည့္ နမၼတူ-လားရႈိး ကားလမ္းပိုင္း လြယ္ေတာက္ေက်းရြာ အနီးတြင္ ယမန္ေန႔ မြန္းလြဲ ၂နာရီခြဲ ေက်ာ္ ၌ တုိက္ပြဲျဖစ္ပြားကာ ယာဥ္ေမာင္းတဦး က်ည္ထိမွန္ ေသဆံုးသြားေၾကာင္း နမၼတူၿမိဳ႕နယ္ တအာင္း အမ်ိဳးသား ပါတီ (TNP) မွ တားအိုက္ထုိက္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ မေန႔က ေန႔လည္ပိုင္းမွာ တုိက္ပြဲျဖစ္တယ္။ အဲ့မွာ နမၼတူ ကေန လားရႈိးကုိ သတၱဳ ကားေမာင္းတဲ့ ယာဥ္ေမာင္း က်ည္ထိၿပီးေသသြားတယ္” ဟု တားအုိက္ထိုက္ က ဆုိသည္။

က်ည္ထိမွန္ၿပီး ေသဆံုးသြားသည့္ ကားသမားသည္ နမၼတူၿမိဳ႕ တြင္ ေနထိုင္သည့္ အသက္ ၂၃ ႏွစ္သာရွိေသးေၾကာင္း၊ သတၱဳတြင္း တြင္ ကားေမာင္းသည့္ သူလည္း ျဖစ္ေၾကာင္း တားအိုက္ထိုက္ က ေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ TNLA တို႔သည္ ဒီဇင္ဘာ ၂၉ ရက္ ၌ နမ့္ဆန္ၿမိဳ႕နယ္ ႏွင့္ လား႐ႈိးၿမိဳ႕နယ္ အတြင္း တုိက္ပြဲ ၄ေနရာ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕ နယ္ လားရိႈး-နမၼတူ ကားလမ္းမႀကီး လြယ္ေတာက္ေက်းရြာ အနီးတြင္ TNLA ႏွင့္ ျမန္မာ့ တပ္မေတာ္တုိ႔ ယမန္ေန႔ မြန္းလြဲ ၂နာရီခြဲ မွ ၃နာရီ ထိ တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္း TNLA ၏ ထုတ္ျပန္ခ်က္ တြင္ေရးသားထားသည္။

“ မေန႔ က တုိက္ပြဲျဖစ္ပြား ကားသမား တေယာက္ ရဲ့ ရင္းဘတ္ က်ည္ထိမွန္ၿပီး ပြဲခ်င္းၿပီး ေသဆံုးတာ ဟုတ္ပါတယ္။ နမၼတူ က နာေရး ကားလာသယ္သြားတယ္” ဟု လည္း လားရႈိးၿမိဳ႕နယ္ ေဒသခံ တဦးက က သွ်မ္းသံေတာ္ဆင့္ သုိ႔ေျပာသည္။

ထို႔ျပင္ ဒီဇင္ဘာ ၂၈ ရက္ မြန္းလြဲ ၃နာရီ ဝန္းက်င္တြင္လည္း TNLA ႏွင့္ ျမန္မာ့တပ္မေတာ္တုိ႔ နမၼတူၿမိဳ႕နယ္ နာဆိုင္းေက်းရြာ အနီး ႏွင့္ ပန္ေလာေက်းရြာ အနီး တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယခုလ အတြင္း TNLA ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔ လားရႈိးၿမိဳ႕နယ္ ႏွင့္ နမၼတူၿမိဳ႕နယ္ အတြင္း တိုက္ပြဲ မၾကာခဏ ျဖစ္ပြားမႈေၾကာင့္ ထိုေဒသတြင္ ေနထုိင္သည့္ ျပည္သူမ်ား ေနရပ္စြန္႔ခြာ ခဲ့ရသည္။

သွ်မ္းသံေတာ္ဆင့္၊ နန္းဆုိင္ႏြမ္

https://burmese.shannews.org/archives/14945

https://web.facebook.com/officialshannews/

နမ္မတူ-လားရှိုး ကားလမ်း အနီး တိုက်ပွဲဖြစ် ကားသမားတဦး သေဆုံး

ဒီဇင်ဘာ ၃၀၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ- လားရှိုး ကားလမ်း အနီး ၌ ယမန်နေ့ (ဒီဇင်ဘာ ၂၉ ) တွင် မွန်လွဲပိုင်း တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် မြန်မာ့တပ်မတော်တို့ သည့် နမ္မတူ-လားရှိုး ကားလမ်းပိုင်း လွယ်တောက်ကျေးရွာ အနီးတွင် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ ကျော် ၌ တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန် သေဆုံးသွားကြောင်း နမ္မတူမြို့နယ် တအာင်း အမျိုးသား ပါတီ (TNP) မှ တားအိုက်ထိုက် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနေ့က နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ အဲ့မှာ နမ္မတူ ကနေ လားရှိုးကို သတ္တု ကားမောင်းတဲ့ ယာဉ်မောင်း ကျည်ထိပြီးသေသွားတယ်” ဟု တားအိုက်ထိုက် က ဆိုသည်။

ကျည်ထိမှန်ပြီး သေဆုံးသွားသည့် ကားသမားသည် နမ္မတူမြို့ တွင် နေထိုင်သည့် အသက် ၂၃ နှစ်သာရှိသေးကြောင်း၊ သတ္တုတွင်း တွင် ကားမောင်းသည့် သူလည်း ဖြစ်ကြောင်း တားအိုက်ထိုက် က ပြောသည်။

မြန်မာ့တပ်မတော်နှင့် TNLA တို့သည် ဒီဇင်ဘာ ၂၉ ရက် ၌ နမ့်ဆန်မြို့နယ် နှင့် လားရှိုးမြို့နယ် အတွင်း တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ နယ် လားရှိုး-နမ္မတူ ကားလမ်းမကြီး လွယ်တောက်ကျေးရွာ အနီးတွင် TNLA နှင့် မြန်မာ့ တပ်မတော်တို့ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ မှ ၃နာရီ ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

“ မနေ့ က တိုက်ပွဲဖြစ်ပွား ကားသမား တယောက် ရဲ့ ရင်းဘတ် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတာ ဟုတ်ပါတယ်။ နမ္မတူ က နာရေး ကားလာသယ်သွားတယ်” ဟု လည်း လားရှိုးမြို့နယ် ဒေသခံ တဦးက က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၃နာရီ ဝန်းကျင်တွင်လည်း TNLA နှင့် မြန်မာ့တပ်မတော်တို့ နမ္မတူမြို့နယ် နာဆိုင်းကျေးရွာ အနီး နှင့် ပန်လောကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုလ အတွင်း TNLA နှင့် မြန်မာ့တပ်မတော် တို့ လားရှိုးမြို့နယ် နှင့် နမ္မတူမြို့နယ် အတွင်း တိုက်ပွဲ မကြာခဏ ဖြစ်ပွားမှုကြောင့် ထိုဒေသတွင် နေထိုင်သည့် ပြည်သူများ နေရပ်စွန့်ခွာ ခဲ့ရသည်။

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

https://burmese.shannews.org/archives/14945

https://web.facebook.com/officialshannews/
နမၼတူ-လားရႈိး ကားလမ္း အနီး တိုက္ပြဲျဖစ္ ကားသမားတဦး ေသဆံုး နမၼတူ-လားရႈိး ကားလမ္း အနီး တိုက္ပြဲျဖစ္ ကားသမားတဦး ေသဆံုး Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.