သမၼတ Trump ရဲ႕ နယ္စပ္တံတိုင္း ေမွာင္ခိုဂိုဏ္းေတြ ခ်ိဳးေဖာက္၀င္ေရာက္

အေမရိကန္-မကၠဆီကို နယ္စပ္တံတုိင္းကို သြားေရာက္စစ္ေဆးေနသည့္ သမၼတ Donald Trump. (စက္တင္ဘာ ၁၈၊ ၂၀၁၉)

(Zawgyi / Unicode)

မူးယစ္ေဆးဝါးနဲ႔ ေရႊ႕ေျပာင္းအေျခခ်လိုသူေတြ ဝင္လာမွာစိုးတဲ့အတြက္ အေမရိကန္-မကၠဆီကို နယ္စပ္တေလွ်ာက္ကို သမၼတ Donald Trump က ခ်ဳိးေဖာက္ဝင္လို႔ မရႏုိင္ေလာက္တဲ့ တံတိုင္းကို ကာရံထားေပမယ့္ မကၠဆီကို လူကုန္ကူးဂုိဏ္းေတြက အဲဒီ အတားအဆီးေတြကို ခ်ဳိးဖ်က္ၿပီး ဝင္ေရာက္ေနပါတယ္။ ဒါေပမယ့္ Trump က ဒါကို မစုိးရိမ္ဘူးလို႔ ေျပာပါတယ္။

လူေမွာင္ခိုဂုိဏ္းေတြက ေဒၚလာ ၁၀၀ တန္ သံျဖတ္လႊေတြသုံးၿပီး ၿပီးခဲ့တဲ့လအတြင္း နယ္စပ္တံတိုင္းကို အႀကိမ္ႀကိမ္ျဖတ္ေတာက္ ဝင္ေရာက္ခဲ့တယ္လို႔ Washington Post သတင္းစာက ေရးခဲ့ၿပီးေနာက္ သမၼတ Trump က သူ႔အျမင္ကို ထုတ္ေျပာလာတာပါ။

အေမရိကန္အေနနဲ႔ အားေကာင္းခိုင္မာတဲ့ နံရံေတြ နယ္စပ္မွာ ကာထားေၾကာင္း၊ ခ်ဳိးဖ်က္ ဝင္ေရာက္မယ္ဆိုလည္း အလြယ္တကူ ျပန္ျပင္ဆင္လို႔ရေၾကာင္း သူက ေျပာပါတယ္။

လူကုန္ကူးဂုိဏ္းေတြသုံးတဲ့ အထူးသံျဖတ္လႊေတြဟာ သံမဏိေခ်ာင္းပါတဲ့ ကြန္ကရစ္တိုင္လို မာေၾကာတဲ့အရာကိုေတာင္ မိနစ္ပို္င္းအတြင္း ျဖတ္ေတာက္ႏိုင္တယ္လို႔ နယ္စပ္လုံၿခဳံေရးေတြက ေျပာပါတယ္။ အခုလို နယ္စပ္တံတုိင္းကို ခ်ဳိးဖ်က္ၿပီး ေရႊ႕ေျပာင္းအေျခခ်လိုသူေတြကို ေမွာင္ခုိဂုိဏ္းက သြင္းေနတာျဖစ္ၿပီး ဘယ္ႏွႀကိမ္ေလာက္ ခ်ဳိးဖ်က္ခဲ့ၿပီးၿပီလဲဆိုတာ မသိရေသးပါဘူး။

တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈကို တားဆီးတဲ့အေနနဲ႔ သူသာ သမၼတျဖစ္ရင္ မကၠဆီကို နယ္စပ္တံတိုင္းကို ကာရံသြားမယ္လို႔ ၂၀၁၆ ေရြးေကာက္ပြဲတုန္းက Donald Trump မဲဆြယ္ေဟာေျပာမႈကို လူႀကဳိက္မ်ားခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲ နီးလာခ်ိန္အထိ Trump ရဲ႕ နယ္စပ္တံတိုင္းကာရံမႈ မၿပီးဆုံးေသးဘဲ ခုခ်ိန္ထိ ေဆာက္လုပ္ေနဆဲျဖစ္ၿပီး လႊတ္ေတာ္ကလည္း ေဒၚလာဘီလ်ံ ဆယ္ဂဏန္းကုန္က်မယ့္ ဒီတံတုိင္းကာရံမႈအတြက္ ဘတ္ဂ်က္ကို ျငင္းပယ္ခဲ့ပါတယ္။

-----------------------------------

(Unicode)

သမ္မတ Trump ရဲ့ နယ်စပ်တံတိုင်း မှောင်ခိုဂိုဏ်းတွေ ချိုးဖောက်ဝင်ရောက်

မူးယစ်ဆေးဝါးနဲ့ ရွှေ့ပြောင်းအခြေချလိုသူတွေ ဝင်လာမှာစိုးတဲ့အတွက် အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက်ကို သမ္မတ Donald Trump က ချိုးဖောက်ဝင်လို့ မရနိုင်လောက်တဲ့ တံတိုင်းကို ကာရံထားပေမယ့် မက္ကဆီကို လူကုန်ကူးဂိုဏ်းတွေက အဲဒီ အတားအဆီးတွေကို ချိုးဖျက်ပြီး ဝင်ရောက်နေပါတယ်။ ဒါပေမယ့် Trump က ဒါကို မစိုးရိမ်ဘူးလို့ ပြောပါတယ်။

လူမှောင်ခိုဂိုဏ်းတွေက ဒေါ်လာ ၁၀၀ တန် သံဖြတ်လွှတွေသုံးပြီး ပြီးခဲ့တဲ့လအတွင်း နယ်စပ်တံတိုင်းကို အကြိမ်ကြိမ်ဖြတ်တောက် ဝင်ရောက်ခဲ့တယ်လို့ Washington Post သတင်းစာက ရေးခဲ့ပြီးနောက် သမ္မတ Trump က သူ့အမြင်ကို ထုတ်ပြောလာတာပါ။

အမေရိကန်အနေနဲ့ အားကောင်းခိုင်မာတဲ့ နံရံတွေ နယ်စပ်မှာ ကာထားကြောင်း၊ ချိုးဖျက် ဝင်ရောက်မယ်ဆိုလည်း အလွယ်တကူ ပြန်ပြင်ဆင်လို့ရကြောင်း သူက ပြောပါတယ်။

လူကုန်ကူးဂိုဏ်းတွေသုံးတဲ့ အထူးသံဖြတ်လွှတွေဟာ သံမဏိချောင်းပါတဲ့ ကွန်ကရစ်တိုင်လို မာကြောတဲ့အရာကိုတောင် မိနစ်ပိုင်းအတွင်း ဖြတ်တောက်နိုင်တယ်လို့ နယ်စပ်လုံခြုံရေးတွေက ပြောပါတယ်။ အခုလို နယ်စပ်တံတိုင်းကို ချိုးဖျက်ပြီး ရွှေ့ပြောင်းအခြေချလိုသူတွေကို မှောင်ခိုဂိုဏ်းက သွင်းနေတာဖြစ်ပြီး ဘယ်နှကြိမ်လောက် ချိုးဖျက်ခဲ့ပြီးပြီလဲဆိုတာ မသိရသေးပါဘူး။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကို တားဆီးတဲ့အနေနဲ့ သူသာ သမ္မတဖြစ်ရင် မက္ကဆီကို နယ်စပ်တံတိုင်းကို ကာရံသွားမယ်လို့ ၂၀၁၆ ရွေးကောက်ပွဲတုန်းက Donald Trump မဲဆွယ်ဟောပြောမှုကို လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန်အထိ Trump ရဲ့ နယ်စပ်တံတိုင်းကာရံမှု မပြီးဆုံးသေးဘဲ ခုချိန်ထိ ဆောက်လုပ်နေဆဲဖြစ်ပြီး လွှတ်တော်ကလည်း ဒေါ်လာဘီလျံ ဆယ်ဂဏန်းကုန်ကျမယ့် ဒီတံတိုင်းကာရံမှုအတွက် ဘတ်ဂျက်ကို ငြင်းပယ်ခဲ့ပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
သမၼတ Trump ရဲ႕ နယ္စပ္တံတိုင္း ေမွာင္ခိုဂိုဏ္းေတြ ခ်ိဳးေဖာက္၀င္ေရာက္ သမၼတ Trump ရဲ႕ နယ္စပ္တံတိုင္း ေမွာင္ခိုဂိုဏ္းေတြ ခ်ိဳးေဖာက္၀င္ေရာက္ Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.