အေမရိကန္ ျပည္ေထာင္စု၊တကၠဆက္ျပည္နယ္ တြင္ ဓါတုစက္႐ုံေပါက္ကြဲမႈျဖစ္ပြား

အေမရိကန္ ျပည္ေထာင္စု၊တကၠဆက္ျပည္နယ္၊ပို႔သ္နီခ်ီးစ္ၿမိဳ႕ ရွိ ဓါတုစက္႐ုံေပါက္ကြဲ မီးေလာင္ေနမႈအားေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေဟာ့စတန္၊ ႏိုဝင္ဘာလ ၂၉ ရက္(ဆင္ဟြာ)

အေမရိကန္ျပည္ေထာင္စု၊တကၠဆက္ျပည္နယ္၊ ေဟာ့စတန္ၿမိဳ႕၏အေရွ႕ဘက္ ၁၅၀ ကီလိုမီတာအကြာ တြင္ရွိေသာပို႔သ္နီခ်ီးစ္ၿမိဳ႕(Port Neches)၌ ႏိုဝင္ဘာလ၂၇ ရက္က TPC Group မွလည္ပတ္ေနေသာ     ဓါတုစက္႐ုံတစ္႐ုံအဆက္မျပတ္ေပါက္ကြဲမႈမ်ားျဖစ္၍ မီးေလာင္ကြၽမ္းခဲ့ရာ အေရးေပၚအေျခအေနအား ထိန္းခ်ဳပ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ဓါတုစက္႐ုံေပါက္ကြဲမႈကႏိုဝင္ဘာလ၂၇ ရက္နံနက္အေစာပိုင္းနာရီမ်ားတြင္စတင္ျဖစ္ပြားခဲ့ၿပီးပထမဆုံး ေပါက္ကြဲမႈေၾကာင့္ လူသုံးဦးဒဏ္ရာရကာ အနီးပတ္ဝန္းက်င္တြင္ေနထိုင္ၾကသူမ်ားကို ကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရသည္။

TPC Group က ပထမဆုံးေပါက္ကြဲမႈစတင္ျဖစ္ပြားစဥ္ ဓါတုစက္႐ုံ၌လူ ၃၀ ခန႔္ရွိေနေၾကာင္းႏွင့္ဒဏ္ရာ ရရွိသူသုံးဦးကိုေဆး႐ုံတြင္ကုသမႈမ်ားျပဳၿပီးေနာက္အိမ္သို႔ျပန္လႊတ္ခဲ့ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ဒု တိယ အႀကိမ္ႀကီးမားေသာေပါက္ကြဲမႈကမြန္းလြဲပိုင္းတြင္ ထပ္မံျဖစ္ပြားခဲ့ၿပီးေနာက္တြင္ ဒုတိယေျမာက္ ကယ္ဆယ္ေရးအမိန႔္ကိုထုတ္ျပန္ခဲ့သည္။ႏိုဝင္ဘာလ၂၇ ရက္ မြန္းလြဲပိုင္းတြင္အဆိုပါေပါက္ကြဲမႈထပ္မံ ျဖစ္ပြားခဲ့ၿပီးေနာက္ စက္႐ုံွေပါက္ကြဲမီးေလာင္မႈေၾကာင့္ထြက္လာေသာမီးခိုးေငြ႕မ်ားကို ၈၀ ကီလိုမီတာ အကြာမွပင္ေတြ႕ျမင္ၾကရသည္။

TPC Group အေနျဖင့္ အေရးေပၚအေျခအေနတုံ႔ျပန္ေရးတာဝန္ရွိသူမ်ားႏွင့္ အနီးကပ္ပူးေပၚင္းေဆာင္ ႐ြက္လ်က္ဆိုး႐ြားေသာ ေနာက္ဆက္တြဲအက်ိဳးသက္ေရာက္မႈမ်ားကို တားဆီးထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးစား ေနေၾကာင္းျဖင့္ ႏိုဝင္ဘာလ ၂၈ ရက္နံနက္ကထုတ္ျပန္ခဲ့သည္။ေလထုထိန္းခ်ဳပ္ေရးစခန္း အနည္းဆုံး ၂၀ ကိုလည္းတည္ေထာင္ထားေသာ္လည္းေလထုညစ္ညမ္းမႈ ကအေရးယူေဆာင္႐ြက္ရေလာက္သည္ အထိ မဆိုးဝါးေသးေၾကာင္းသိရသည္။

ေပါက္ကြဲမႈမ်ားေၾကာင့္ စက္႐ုံတာဝါတစ္ခုၿပိဳက်ခဲ့ေသာ္လည္းစက္႐ုံျပင္ပတြင္ အႀကီးစားထိခိုက္မႈမ်ား ျဖစ္ခဲ့ျခင္းမရွိေၾကာင္းသိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------------
(Unicode)⤵⤵⤵
အမေရိကန် ပြည်ထောင်စု၊တက္ကဆက်ပြည်နယ် တွင် ဓါတုစက်ရုံပေါက်ကွဲမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ပို့သ်နီချီးစ်မြို့ ရှိ ဓါတုစက်ရုံပေါက်ကွဲ မီးလောင်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ) North America

ဟော့စတန်၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ ဟော့စတန်မြို့၏အရှေ့ဘက် ၁၅၀ ကီလိုမီတာအကွာ တွင်ရှိသောပို့သ်နီချီးစ်မြို့(Port Neches)၌ နိုဝင်ဘာလ၂၇ ရက်က TPC Group မှလည်ပတ်နေသော     ဓါတုစက်ရုံတစ်ရုံအဆက်မပြတ်ပေါက်ကွဲမှုများဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ အရေးပေါ်အခြေအနေအား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓါတုစက်ရုံပေါက်ကွဲမှုကနိုဝင်ဘာလ၂၇ ရက်နံနက်အစောပိုင်းနာရီများတွင်စတင်ဖြစ်ပွားခဲ့ပြီးပထမဆုံး ပေါက်ကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရကာ အနီးပတ်ဝန်းကျင်တွင်နေထိုင်ကြသူများကို ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။

TPC Group က ပထမဆုံးပေါက်ကွဲမှုစတင်ဖြစ်ပွားစဉ် ဓါတုစက်ရုံ၌လူ ၃၀ ခန့်ရှိနေကြောင်းနှင့်ဒဏ်ရာ ရရှိသူသုံးဦးကိုဆေးရုံတွင်ကုသမှုများပြုပြီးနောက်အိမ်သို့ပြန်လွှတ်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒု တိယ အကြိမ်ကြီးမားသောပေါက်ကွဲမှုကမွန်းလွဲပိုင်းတွင် ထပ်မံဖြစ်ပွားခဲ့ပြီးနောက်တွင် ဒုတိယမြောက် ကယ်ဆယ်ရေးအမိန့်ကိုထုတ်ပြန်ခဲ့သည်။နိုဝင်ဘာလ၂၇ ရက် မွန်းလွဲပိုင်းတွင်အဆိုပါပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ပြီးနောက် စက်ရုံှပေါက်ကွဲမီးလောင်မှုကြောင့်ထွက်လာသောမီးခိုးငွေ့များကို ၈၀ ကီလိုမီတာ အကွာမှပင်တွေ့မြင်ကြရသည်။

TPC Group အနေဖြင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးတာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါ်င်းဆောင် ရွက်လျက်ဆိုးရွားသော နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို တားဆီးထိန်းချုပ်နိုင်ရန် ကြိုးစား နေကြောင်းဖြင့် နိုဝင်ဘာလ ၂၈ ရက်နံနက်ကထုတ်ပြန်ခဲ့သည်။လေထုထိန်းချုပ်ရေးစခန်း အနည်းဆုံး ၂၀ ကိုလည်းတည်ထောင်ထားသော်လည်းလေထုညစ်ညမ်းမှု ကအရေးယူဆောင်ရွက်ရလောက်သည် အထိ မဆိုးဝါးသေးကြောင်းသိရသည်။

ပေါက်ကွဲမှုများကြောင့် စက်ရုံတာဝါတစ်ခုပြိုကျခဲ့သော်လည်းစက်ရုံပြင်ပတွင် အကြီးစားထိခိုက်မှုများ ဖြစ်ခဲ့ခြင်းမရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ ျပည္ေထာင္စု၊တကၠဆက္ျပည္နယ္ တြင္ ဓါတုစက္႐ုံေပါက္ကြဲမႈျဖစ္ပြား အေမရိကန္ ျပည္ေထာင္စု၊တကၠဆက္ျပည္နယ္ တြင္ ဓါတုစက္႐ုံေပါက္ကြဲမႈျဖစ္ပြား Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.