ဘန်ကောက်မြို့ မှာ နာမည်ကြီး ဖက်ရှင်မယ် ပါတီပွဲကအပြန် သေဆုံး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Talat Phlu ဈေးအနီးက ကွန်ဒို တိုက်ခန်းအောက်က ဧည့်ခန်းဆောင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့  မနက်က သေဆုံးနေတဲ့ လာလာဘလ် လို့  လူသိများတဲ့ ဖက်ရှင်မယ် ကစ်တီမာ အသက် (၂၅ )နှစ် Thitima Noraphanphiph ရဲ့ ဖြစ်ရပ်ကို သတင်း
တိုင်းမှာ ဖေါ်ပြနေတာတွေ့ ရပြီး ထိုင်းနိုင်ငံသားတွေ စိတ်ဝင်စားဆုံး ထိပ်တန်း သတင်းဖြစ်ပါတယ်။

သူမသေဆုံးမှုမှာ(သတိမေ့ လွန်ကာ နှလုံး ခုံရပ်သေဆုံး) သံသယ ရဖြစ်စရာက စက်တင်ဘာ ၁၆ရက်နေ့ ညပါတီပွဲမှာ ဆေးခတ်ခံခဲ့ရတာလို့  သူမရဲ့  မိသားစုဝင်တွေက ယုံကြည်နေကြပါတယ်။ ပါတီပွဲတစ်ခုကနေ သူမကို နောက်ဆုံးခေါ်သွားတဲ့ နိုင်ရချဒက် အသက် ၂၅ နှစ်(အနီရောင်အနွေးထည် ၀တ်ထားသူပုံ) ဟာ သေဆုံးသူ ဖက်၇ှင်မယ် သောက်တဲ့ အရက်ခွက်မှာ ဆေးခတ်တိုက်ခဲ့တယ်၊ ဖက်ရှင်မယ် သတိလစ်သွားတဲ့ အချိန်မှာ သူမကို ကားနဲ့  တင်ခေါ်သွားခဲ့တာလို့  သူမရဲ့ မိသားစုဝင်တွေက အခိုင်အမာပြောဆိုနေပြီး အလောင်းကို မီးမသကြိုသေးဘဲ ဆေး စစ်ချက် မှတ်တမ်း ထွက်လာတဲ့ အထိ စောင့်နေကြမယ်လို့  သိရပါတယ်။

ဖက်ရှင်မယ် မသေဆုံးခင် ပါတီပွဲမှာ သံသယ တရားခံ နောက်ဆုံးရိုက်ကူးထားသည့် ရုပ်သံ

https://web.facebook.com/haanee.organizer/videos/2451019415221746/?t=18

သတိလစ်နေတဲ့  ဖက်ရှင်မယ် ကို ခေါ်သွားတဲ့ အမျိုးသား CCTV မှတ်တမ်းရုပ်သံ

https://web.facebook.com/Policenewspage/videos/1024108854654978/?t=15

ဖက်ရှင်မယ်ကို နောက်ဆုံးခေါ်သွားတဲ့ တရားခံလို့  သံသယ ရှိနေသူ အမျိုးသား ဟာ သူမအမူးလွန်ပြီး သေဆုံးရတာပါ၊ အတူအိပ်ကြဘို့  ခေါ်သွားတာမှန်ပါတယ်၊( ရဲစခန်းမှာထွက်ဆိုချက်အရ သူမအတွင်းခံလှန်ကြည့်တာကလွဲပြီး လိင်မဆက်ဆံခြင်းမရှိခဲ့ဟု ထွက်ဆို) ဒါပေမယ့် သူမအမူးလွန်ပြီး အိပ်ပျော်နေလို့  အ၀တ်အစားတွေလဲပေးတာကလွဲရင် လိင်ဆက်တာမရှိဘူးလို့  ငြင်းဆိုထားတာလည်း တွေ့ ရပါတယ်။

သေဆုံးသူဖက်ရှင်မယ် ရဲ့  အမျိုးသားနဲ့  မိသားစုတွေက သူမဖုန်းပိတ်ထားလို့  အွန်လိုင်းကနေ လိုက်ရှာနေကြရင်း မနက်ငါးနာရီမှာ သူမကို ပွေ့ ခေါ်လာတဲ့ အမျိုးသားနောက်ဆုံး တင်ထားတဲ့ သူမ သတိလစ်နေတဲ့ ရုပ်သံဖိုင်တွေ ကို တွေ့ သွားပြီး သူမရှိတဲ့နေရာကို သိသွားခဲ့ကြပါတယ်။

မိသားစုကလာခေါ်မယ်လို့  လိုင်းပေါ် ကနေ အကြောင်းကြားခဲ့တော့ အမျိုးသားဟာ သေဆုံးနေပြီဖြစ်တဲ့ ဖက်ရှက်မယ်ကို ကွန်ဒိုအောက်ထပ်ကို ပွေချီသယ်လာပြီး ချထားပေးခဲ့တာပါ။
ခုလိုလုပ်ရတာဟာ ဖက်ရှင်မယ်ရဲ့  အမျိုးတွေက သူ့ ကိုဝိုင်းရိုက်ကြမှာစိုးရမ်လို့ ပါလို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပြီး သေဆုံးနေတာကို မသိရပါဘူးလို့ ဆိုပါတယ်။

သံသယ တရားခံ အတွက် အချိန်ကြာကြာ ဘူးကွယ်နေလို့ ရတော့မှာ မဟုတ်တော့ပါဘူး ကနဦး ဆေးစစ်ချက်တွေမှာ သေဆုံးသူ ဖက်ရှင်မယ်ရဲ့  သားအိမ်လမ်းကြောင်းမှာ ဓါတုအရည်တွေပြီ (ကွန်ဒုံး အဆီ) လို့  သိရပါတယ်။ သူ့ အကြောင်းသိသူတွေကတော့ သံသယ ရှိနေသူ အမျိုးသားဟာ ခုလို ပါတီပွဲမှာ မိန်းကလေးတွေကို အကြိမ်ကြိမ်ဆေးခတ်ပြီး အတူအိပ်နေခဲ့သူဖြစ်တယ်လို့  သိရပါတယ်။

သေဆုံးသူ ဖက်ရှင်မယ် လာလာဘလ်ဟာ Maxim Girl Contest in 2017 ၂၀၁၇ ခုနှစ် ဖက်၇ှင်အက ဆုရထားသူဖြစ်ပြီး ကလေးတစ်ယောက် မိခင်ဖြစ်ပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ