ဆာပါမြောက်ချောင်းအတွင်း ကလေးငယ်တစ်ဦးခြေချော်ကျပြီးမျောပါမှုဖြစ်ပွား


အောင်လံ စက်တင်ဘာ ၂၉

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောင်လံမြို့ စက်ရုံရပ်ကွက်ရှိ ဆာပါမြောက် ချောင်းတွင် ချောင်းရေစီးဆင်းတိုက်စားနေစဉ် ကလေးငယ်တစ်ဦး ချောင်းအတွင်းသို့ ခြေချော်ကျပြီး ပျောက်ဆုံနေမှုဖြစ်စဉ်တစ်ခုစက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ထိုနေ့က ဧရာဝတီမြစ်အတွင်းသို့စီးဝင်သော ဆာပါမြောက်ချောင်း ကမ်းပါးအနီး စခန်းသာ(၆)လမ်းတွင်နေထိုင်သော ဒေါ်အိဖြိုးနှင့် သားဖြစ်သူ ရွာထောင်-အ.ထ.က မှ ပထမတန်းကျောင်းသား မောင်အောင်မင်းခန့်တို့သည် ၎င်း၏အိမ်အနောက်ဘက်တိုင်ခြေအနီး ကမ်းပါးစောင်းတွင် အိမ်တိုင်၏အခြေအနေအား ရပ်၍ကြည့်နေစဉ် သားဖြစ်သူ အောင်မင်းခန့်မှာ ခြေချော်ပြီး ချောင်းထဲသို့ပြုတ်ကျကာ မျောပါသွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ် သတင်းရလျှင်ရချင်း အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးညွန့်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် မီးသတ်တပ် ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ။ရပ်ကွက်သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်း၍ လိုက်လံရှာဖွေလျက်ရှိပြီး မောင်အောင်မင်းခန့်ပျောက်ဆုံးနေမှူအတွက် မြို့မရဲစခန်းမှလူပျောက် မှုဖွင့်လှစ်၍ ဆက်လက်စုံးစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည်။

သိန်းလွင်(အောင်လံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆာပါမြောက်ချောင်းအတွင်း ကလေးငယ်တစ်ဦးခြေချော်ကျပြီးမျောပါမှုဖြစ်ပွား ဆာပါမြောက်ချောင်းအတွင်း ကလေးငယ်တစ်ဦးခြေချော်ကျပြီးမျောပါမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.