မူဆယ် ကြေးမုံ သတင်းထောက် သေနတ်ပစ်ခံရ


စက်တင်ဘာလ ၄ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့က ကြေးမုံသတင်းစာ သတင်းထောက်တဦး ယမန်နေ့က သေနတ်ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ခွဲဝန်းကျင်တွင် မူဆယ်မြို့ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားကြီးဝန်း တွင် နေထိုင်သည့် ကြေးမုံ သတင်းထောက် ဆရာမောင်ကို အမည်မသိ လူနှစ်ဦး က ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ရာ ညာဖက်ခြေတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပစ်ခတ်ခံရသည့် ဆရာမောင်(မူဆယ်) က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယမန်ညက ဆရာမောင်(မူဆယ်) နှင့် အဖော် အဖြစ်လာရောက် အိပ်ပေးသည့် မောင်ကောင်းမြတ်ထွန်း တို့သည် အိမ်နှင့် ကပ်လျက်ရှိသည့် ဆောက်လုပ်ဆဲ ခြံ ရှေ့ ထွက် စကားပြောနေချိန် အမျိုးသား ၂ဦး က မင်္ဂလာမူဆယ် သွားလမ်း ကို လှမ်းမေးပြီးနောက် ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆရာမောင်(မူဆယ်) က -

“ လူ ၂ ဦး ပါ။ တယောက်က အရပ်မြင့်မြင့် အသားဖြူဖြူ၊ ဦးထုတ်ဆောင်းထားတယ်။ နောက်တယောက်က မျက်နှာဖုံး( msak) တပ်ထားတယ်။ ကျနော်ကို ၅ ချက်ပစ်တယ်။ ကျနော့်အိမ်မွေးခွေးကို ၁ ချက်ပစ်သွားတယ်” ဟု ဆိုသည်။

သြဂုတ် ၃၁ ရက် မနက် ၈ နာရီ ဝန်းကျင်တွင်လည်း ၄င်းအိမ်ရှေ့သို့ လူတဦး ရောက်လာကာ လူမှု ကွန်ရက်စာမျက်နှာတွင် ဆရာမောင်(မူဆယ်)အား တက်ခ်တွဲထားတဲ့ ပို့စ်တခုနှင့်ပတ်သတ်ပြီး ခြိမ်းခြောက်မှု ပြလုပ်ခဲ့သည်။

“ သတင်းနဲ့ တော့ မပတ်သက်ဘူး။ ကျနော့်ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု နဲ့ လုပ်ကြံတယ်လို့ ကျနော်ယူဆတယ်” ဟု ဆရာမောင်(မူဆယ်) ကဆိုသည်။

မူဆယ်မြို့ မရဲစခန်း (ပ) ၇၂၀/ ၂၀၁၉၊ ရာဇာသတ်ကြီး ၃၀၇/၃၂၆ /၁၄၄ တို့ဖြစ်သည့် လုပ်ကြံမှု၊ အကြီးအကျယ် ထိခိုက်နာကျင်မှု နှင့် လုပ်ကြံပြီး ထွက်ပြေးသည့် အမှုတို့ဖြင့် ဖွင့်ထားကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
မူဆယ် ကြေးမုံ သတင်းထောက် သေနတ်ပစ်ခံရ မူဆယ် ကြေးမုံ သတင်းထောက် သေနတ်ပစ်ခံရ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.