မွန်ပြည်နယ် ဘီးလင်းမြို့တွင် မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန်မိုးဇလ သတိပေးချက်ထုတ်ပြန်

မြစ်ရေခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)
 ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

 မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေသည် စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် နံနက် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ သတိပေးချက်ထုတ်ပြန်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
မွန်ပြည်နယ် ဘီးလင်းမြို့တွင် မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန်မိုးဇလ သတိပေးချက်ထုတ်ပြန် မွန်ပြည်နယ် ဘီးလင်းမြို့တွင် မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန်မိုးဇလ သတိပေးချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.