အောင်ပန်း ဘူတာရုံ၌အမည်မသိလူတစ်ဦး သေဆုံးလျက်တွေ့ရှိ

ဓာတ်ပုံ- အောင်ပန်းမြို့နာရေးကူညီမှုအသင်း

တောင်ကြီး၊ သြဂုတ်၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ ဘူတာရုံမှာ သြဂုတ်လ၂၈ရက် နေ့လည်၂နာရီမိနစ်၃၀အချိန်ခန့်က အမည်မသိ အမျိုးသားတစ်ဦးသေဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါသေဆုံးသူရဲ့အလောင်းကို ဘူတာရုံမှ ဝန်ထမ်းတစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘဲ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို အောင်ပန်းမြို့နာရေးကူညီမှုအသင်းယာဉ်နဲ့ အောင်ပန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ အသေးစိတ်ကိုစစ်ဆေးလျက်ရှိပြီး အောင်ပန်းနယ်မြေရဲစခန်းမှာ သေမှုသေခင်းအရ အမှုဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၀ရက်ကလည်း အောင်ပန်းမြို့၊မြေနီကျင်းရွာ အဝင်လမ်းနံဘေးရှိထင်းရူးပင်မှာ အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
https://www.facebook.com/GoldenTriangleRegionalNews/
အောင်ပန်း ဘူတာရုံ၌အမည်မသိလူတစ်ဦး သေဆုံးလျက်တွေ့ရှိ အောင်ပန်း ဘူတာရုံ၌အမည်မသိလူတစ်ဦး သေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.