ထိုင်းမြန်မာချစ်ကြည်ရေးတံတားတွင် အမျိုးသမီး ၂ ဦးထံမှ မူးယစ်ဆေးများ ထိုင်းရဲရှာဖွေတွေ့ရှိ


ဩဂုတ်လ ၂၇ ရက် ၂၀၁၉

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ တာချီလိတ် - မယ်ဆိုင် (ထိုင်း-မြန်မာ)ချစ်ကြည်ရေး တံတားပေါ်တွင် အမျိုးသမီး ၂ ဦးထံမှ ယာဘနှင့် အိုက်စ်မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်းသိရသည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းက တာချီလိတ်မှ သုံးဘီးစီးကာ မယ်ဆိုင်သို့သွားမည့် သျှမ်းအမျိုးသမီး နန်းနွမ်းအောင် အသက် ၂၂ နှစ်နှင့် နန်းနွမ်းမို အသက် ၃၃ နှစ်တို့ ၂ ဦးအား ထိုင်းရဲများစစ်ဆေးရာ ၎င်းတို့၏ ခရီးသွားအိတ်အတွင်း မုန့်ဘူးနှင့် အချိုရည်ဘူးများအတွင်း ထည့်သွင်းယူဆောင်လာသော (999 တံဆိပ်ရိုက်ထားသည့်စက္ကူဖြင့်ထုတ်ထားသော)ယာဘ အပြားပေါင်း ၄၀၀၀၀ နှင့် အိုက်စ်မူးယစ်ဆေး ၂ ကီလိုဂရမ်တို့အား တွေ့ရှိရကြောင်းမယ်ဆိုင် အေအီးစီ သတင်းဌာနက ရေးသားဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီး ၂ ဦးအားထိုင်းရဲများဖမ်းဆီးထားပြီ ဥပဒေအရ စစ်ဆေးအရေးယူရန် မယ်ဆိုင်မြို့နယ်အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်း သိရပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ထိုင်းမြန်မာချစ်ကြည်ရေးတံတားတွင် အမျိုးသမီး ၂ ဦးထံမှ မူးယစ်ဆေးများ ထိုင်းရဲရှာဖွေတွေ့ရှိ ထိုင်းမြန်မာချစ်ကြည်ရေးတံတားတွင် အမျိုးသမီး ၂ ဦးထံမှ မူးယစ်ဆေးများ ထိုင်းရဲရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.