![]() |
ဓာတ်ပုံ- အိန္ဒိယ-မြန်မာနယ်စပ် ဂိတ်အမှတ် -၁ အားတွေ့ရစဉ် |
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့သည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များပိတ်ထားကြောင်း တမူးမြို့နန်းဖာလုံဈေး ဥက္ကဌ ဦးခင်မောင်ချိုက ပြောသည်။
မြန်မာ ဘက်ခြမ်း တမူးမြို့ နန်းဖာလုံဈေးဘက်မှ မိုးရေးမြို့သို့ ပို့သည့်ပစ္စည်းများကို လုံခြုံရေးတင်းကြပ်စွာ စစ်ဆေးခံရခြင်းအား မကျေနပ်၍ မိုးရေးမြို့ဒေသခံများက နယ်ခြားစောင့်တပ်ရင်းမှူး ကို သြဂုတ် ၂၁ ရက်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
မိုးရေးမြို့နယ်အတွင်း ဒေသခံများသည် ကားလမ်းများကို ပိတ် ခြင်း၊ကားတာယာများနှင့်ပီပါများကို မီးရှို့ခြင်း၊တုတ်၊ဓားများကို ကိုင်ဆောင်ကာ အုပ်စုလိုက် လမ်းမပေါ်တွင် သွားလာနေခြင်းများတွေ့ရသည်ဟု တမူးဒေသခံများက ပြောသည်။
ဆန္ဒပြမှုများကြောင့် တမူးမြို့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ၁ နှင့် ၂ တို့ကို သြဂုတ်လ ၂၁ ရက်နေ့စတင် ပိတ်ထားခြင်းဖြစ်သည်။
"ပို့တဲ့ပစ္စည်းတွေ စစ်ဆေးမှုများလို့ မိုးရေးမြို့က ကုန်သည်တွေက အဆင်မပြေဘူး၊ကုန်သည်နဲ့မှီပြီး အလုပ်လုပ်ရတဲ့အလုပ်သမားတွေလည်း အခက်အခဲတွေရှိတယ်၊ဒီလိုအခက်အခဲတွေကြောင့် အရင်ကလိုလွတ်လွတ်လပ်လပ်သွားလို့ရအောင် နယ်ခြားစောင့်စစ်သားများကို ဆန္ဒပြတာပါ၊"ဟု ဦးခင်မောင်ချိုကပြောသည်။
နယ်စပ်ဂိတ်များ ကို သြဂုတ် ၂၃ ရက်တွင် ပြန်ဖွင့်နိုင်ရန်စီစဉ်နေသည်ဟု နန်းဖာလုံ ဈေးဥက္ကဌ ကပြောသည်။
Monywa Gazette
https://www.facebook.com/monywagazette