မိုင်းဖြတ်၌ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦးသေဆုံး


မိုင်းဖြတ် ဩဂုတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဩဂုတ်လ ၂၈ရက် ညနေ ၃နာရီ မိနစ် ၄ဝခန့်က ကျိုင်းတုံ ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် မိုင်တိုင်အမှတ် ၇၁၈/၇၁၉ ကီလိုမီတာကြားတွင် အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ရက် ညနေ၃နာရီ မိနစ်၎ဝခန့်က ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ဦးသိန်းတန်(သ)၅ဝနှစ် မောက်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်(DD/------) NISSAN AD VY12 အမျိုးအစား (အဖြူရောင်)ယာဉ်သည် မိုင်တိုင်အမှတ် ၇၁၈/၇၁၉ ကီလိုမီတာကြားအရောက် ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်၍ လမ်း၏ဝဲဘက်ခြမ်း တောင်နံရံအား ဝင်တိုင်ခဲ့မိပြီး ယာဉ်ပေါ်ပါ ခရီးသည် ဒေါ်ခင်သန္တာစော(သ)၄၄နှစ်တွင် နဖူး(၃)လက်မခန့် ချိုင့်ဝင်ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိကာ မိုင်းဖြတ်မြို့ပြည်သူ့ ဆေးရုံမှတစ်ဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ရောက်ရှိစဉ်သေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မောင်း ဦးသိန်းတန်(၅၀)နှစ်အား မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုင်းဖြတ်၌ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦးသေဆုံး မိုင်းဖြတ်၌ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:58 Rating: 5
Powered by Blogger.