ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် စစ်ဆေးမခံဘဲ ဓါးဖြင့်ခုတ်သူများအား ပစ်ခတ်ဖမ်းဆီးအရေးယူ


မန္တလေး| သြဂုတ် ၁၂

၁၁-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၅ အချိန် မိတ္ထီလာမြို့၊ ရတနာမာရ်အောင်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအနီး ပတ်ဝန်းကျင်ရှိ ကန္တာရချုံများတွင် လမ်းသွားလမ်းလာများအား လုယက်မှုကျူးလွန် ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ ပြစ်မှုကျူးလွန်ပြီးနောက် ရှောင်တိမ်းနေသူများ လာရောက်ခိုအောင်းနေကြောင်း သတင်းအရ မိတ္ထီလာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ခရိုင်အားကစားကွင်းအနီးတွင်လှည့်ကင်း ဆောင်ရွက်ခဲ့နေစဉ် ခရိုင်အားကစားကွင်းမြောက်ဘက်၊ ပေ ၁၀၀ ခန့်အကွာရှိ ကန္တာရချုံအတွင်းဝင်ရောက် ရှင်းလင်းရာ ထင်လင်းအောင်(ခ) အငယ်လေး ၁၉ နှစ်၊ နယ်မြေ(၁၂)၊ ရန်မျိုးအောင်ရပ်ကွက်၊ မိတ္ထီလာမြို့၊ ပါ ၃ ဦးအားတွေ့ရှိသဖြင့် မေးမြန်းရာ ထင်လင်းအောင် (ခ)အငယ်လေးမှ စစ်ဆေးမခံဘဲ အရိုးအသွား ၁၂ လက်မခွဲ(သတ္တုရိုးတပ်) ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များထံသို့ပြေးဝင်လာသဖြင့် ပေ ၅၀ ခန်ွအကွာမှပစ်ခတ်ရာရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဓားဖြင့်ပြေးခုတ်သဖြင့် ပေ ၂၅ ပေခန့်နှင့် ၁၀ ပေခန့်အကွာတို့တွင် ထပ်မံပစ်ခတ်ခဲ့ရာ ထင်လင်းအောင်၏ ၀ဲဘက်ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်။

 အဆိုပါလူငယ် ၃ ဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ညီညီအောင်အား ချက်ချင်းဖမ်းဆီးရမိပြီး ထင်လင်းအောင်(ခ) အငယ်ကောင်အား နေ့လည် ၁၂ နာရီ ၅၀ အချိန် ရန်မျိုးအောင်ရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ထင်လင်းအောင်(ခ) အငယ်ကောင် သည် ၂၅-၅-၂၀၁၉ ရက်နေ့တွင် အမှုဖွင့်လှစ်ထားသော မိတ္ထီလာမြို့နယ်၊ အမှတ်(၂)နယ်မြေ ရဲစခန်း (ပ)၂၅၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ)/၁၁၄ အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်းသိရှိရပြီး ဖမ်းဆီးရမိသူ ထင်လင်းအောင်(ခ) အငယ်ကောင်၊ ညီညီအောင် တို့အား မိတ္ထီလာမြို့မရဲစခန်း (ပ) ၅၃၅/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့်အမှုဖွင့်ထားရှိပြီး အခြားပြစ်မှုများကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် စစ်ဆေးမခံဘဲ ဓါးဖြင့်ခုတ်သူများအား ပစ်ခတ်ဖမ်းဆီးအရေးယူ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် စစ်ဆေးမခံဘဲ ဓါးဖြင့်ခုတ်သူများအား ပစ်ခတ်ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.