နောင်ချိုဂုတ်တွင်းတံတားအောက်မှာမပေါက်သေးတဲ့မိုင်းအများပြားတွေ့

 သြဂုတ်လ၁၆ ရက်နေ့ မိုင်းရှာဖွေရေး တွေပြုလုပ်ခဲ့အပြီးမှာ အခုလိုထပ်တွေ့တာပါ
နောင်ချိုမြို့အထွက်က ဂုတ်တွင်းတံတား အောက်မှာ မပေါက်ကွဲသေးတဲ့ မိုင်းအလုံးရေ သုံးဆယ်ကျော်ကို သြဂုတ်လ၁၆ ရက်နေ့က တပ်မတော်မိုင်းရှင်းလင်းရေး အဖွဲ့တွေက ထပ်တွေ့ခဲ့တယ် လို့ နောင်ချိုမြို့နယ် စေတနာမွန် နာရေးကူညီမူအသင်းတာဝန်ရှိသူတစ်ဦး က ဘီဘီစီကို ပြောပါတယ် ။

"ဒီနေ့ နေ့လယ်ပိုင်းမှာ ကျွန်တော် ရောက်သွားတဲ့အချိန် အဝါရောင်လေးထောင့်ဂါလံပုံးတွေနဲ့ ထည့်ထားတဲ့ မိုင်း နှစ်ဆယ်ကျော်ကို တွေ့တယ်၊ ဂျပ်ဖာ၎ ခု နဲ့ မိုင်းတွေလည်းတွေ့တယ်၊ ဂျပ်ဖာတစ်ခုမှာ ယမ်းအတောင့် ၂၀ စီလောက်ပါတာတွေ့တယ်လို့ လည်းသူက ပြောပါတယ်။

ဂျပ်ဖာတစ်ခုမှာ ယမ်းအတောင့် ၂၀ စီလောက်ပါတာတွေ့ရပါတယ်
တပ်မတော်တာဝန်ရှိသူတွေက သြဂုတ်လ၁၆ ရက်နေ့ မိုင်းရှာဖွေရေး တွေပြုလုပ်ခဲ့အပြီးမှာ အခုလိုထပ်တွေ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက တော့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု တိုက်ခိုက်မှုတွေအပြီးမှာ ဂုတ်တွင်းတံတားဟာ သုံးပုံနှစ်ပုံခန့်မှာ ပေါက်ပြဲပြီး ကြမ်းခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။

"အခုထိတော့ လူတွေလည်းမဖြတ်ရသေးဘူး ဆိုင်ကယ်လည်းသွားလို့ မရသေးဘူး"လို့လည်း စေတနာမွန် နာရေးကူညီမူအသင်းတာဝန်ရှိသူတစ်ဦး က ဘီဘီစီကို ပြောပါတယ် ။

ဂုတ်ထိပ်တံတားကို သံဘောင်ဘေလီတံတားအဖြစ် ယာဉ်ငယ်တွေ သွားလာနိုင်ဖို့ ငါးရက်အတွင်း အပြီးတည်ဆောက်မယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပါတယ်။

 အားလုံးပေါင်းအလုံး၃၀ ကျော်လောက်ရှိတယ်လို့လည်းမျက်မြင်တွေ့သူကပြောပါတယ်။
ဂုတ်တွင်းတံတားဟာ မြန်မာ-တရုတ် ကုန်စည်ပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ တည်ရှိပြီး တော့ နေ့စဉ် မော်တော်ယာဉ်အစီးရေ ငါးထောင်ဝန်းကျင် ခန့်ဖြတ်သန်းသွားလာမှုရှိပါတယ် ။

လက်ရှိမှာတော့ တံတားပျက်စီးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် အသွားအလာများ ရပ်တန့် နေပါတယ် ။

"ဒီနေ့မှာတော့ အပစ်အခတ်တွေ မရှိတော့ဘူး။ မြို့ထဲမှာတော့ဈေးတွေပြန်ဖွင့်ပြီး လူတွေ ပြန်သွားလာနေကြပါပြီ" လို့လည်းနောင်ချိုမြို့ခံတွေကပြောပါတယ်။

BBC Burmese
https://www.bbc.com
နောင်ချိုဂုတ်တွင်းတံတားအောက်မှာမပေါက်သေးတဲ့မိုင်းအများပြားတွေ့ နောင်ချိုဂုတ်တွင်းတံတားအောက်မှာမပေါက်သေးတဲ့မိုင်းအများပြားတွေ့ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.