တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ မိသားစုဝင်တွေကို ကန်ပိတ်ဆို့အရေးယူမှု USCIRF ကြိုဆို

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ တပ်မတော် အုပ်ချုပ်မှုကျောင်းမှာ တွေ့ရစဉ်
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကော်မရှင်ရဲ့ ဥက္ကဋ္ဌ တိုနီပါကင်က - အခုလိုအရေးယူလိုက်တာဟာ ကြိုဆိုရမယ့် ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခုလို အစိုးရပိုင်းက အရေးမယူနိုင်တဲ့ အနေအထားမျိုးမှာ မြန်မာစစ်တပ်နဲ့ တခြားတာဝန် ရှိတဲ့ အဖွဲ့အစည်းတွေအပေါ် စီးပွားရေးပိတ်ဆို့တာမျိုး ပစ်မှတ်ထားအရေးယူတာတွေ ဆောင်ရွက်ဖို့ စဉ်းစား သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

USCIRF ရဲ့ ကော်မရှင်အဖွဲ့ဝင်သုံးဦးဟာ ပြီးခဲ့တဲ့ဇွန်လ က မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပြီး၊ အစိုးရ အဖွဲ့ဝင်တွေ၊ တပ်မတော်အရာရှိတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ရိုဟင်ဂျာအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ မိသားစုဝင်တွေကို ကန်ပိတ်ဆို့အရေးယူမှု USCIRF ကြိုဆို တပ်မတော်ခေါင်းဆောင် လေးဦးနဲ့ မိသားစုဝင်တွေကို ကန်ပိတ်ဆို့အရေးယူမှု USCIRF ကြိုဆို Reviewed by THITHTOOLWIN on 00:30 Rating: 5
Powered by Blogger.