"တနင်္သာရီရိုးမ"ခရီးသည်တင်ကားပေါ်တွင် ကုမ္ပဏီ ဝန်ထမ်းတစ်ဦး သံပိုက်လုံးဖြင့်ရိုက်နှက်ခံရ

ဆိုင်ကယ်သံပိုက်လုံး(shock)နဲ့  ရိုက်သူ

26.7.2019

မြိတ်-ကော့သောင်းပြေးဆွဲနေသည့် တနင်္သာရီရိုးမခရီးသည်တင်ကားပေါ်တွင် ဇူလိုင်လ ၂၅ ရက်၊ ည ၆ နာရီခန့်က မြိတ်မြို့မှ ကော့သောင်းမြို့သို့လိုက်ပါလာတဲ့ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးအား မူးယစ်ဆေးသုံးစွဲထားသူဟု ယူဆရသူတစ်ဦးက သံပိုက်လုံးဖြင့်ရိုက်နှက်ခဲ့ကြောင်းသိရပါတယ်။

မြိတ်မှ ကော့သောင်းသို့ ခရီးသည်များတင်ဆောင်ပြီးမောင်းနှင်နေစဉ် မိုင်တိုင်အမှတ် ၈၅ အရောက်မှာ ခရီးသည် ဇော်မင်းလတ်ဆိုသူမှ ၄င်း၏ ရှေ့ထိုင်ခုံတွင် ထိုင်နေတဲ့ ဆေးကုမ္ပဏီဝန်ထမ်းဦးဖြစ်တဲ့ အာကာဇော်ရဲ့ ဦးခေါင်းအား စိတ်ဖောက်ပြန်ကာ အကြောင်းမဲ့ သံပိုက်လုံးဖြင့်ရိုက်နှက်လိုက်တာကြောင့် အာကာဇော်၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရှိသွားပြီး ကော့သောင်းပြည့်သူ့ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ရကြောင်းသိရပါတယ်။


"ဒီလူက မြိတ်ဂိတ်ကနေလိုက်လာတာ၊အစတော့ တစ်ယောက်တည်းစကားတွေပြောနေတယ်၊ တနင်္သာရီမြို့ အကျော်မှာ ဘေးတစ်ဖက်ခုံမှာရှိတဲ့မိန်ကလေးက သူကို့ အနောက်ကနေ ဟိုကိုင် ဒီကိုင်လာ လုပ်နေလို့ဆိုပြီး ကျနော်တို့ကိုပြောတယ်။

ကျနော်နောက်လှည့်ကြည့်တော့ ဒီလူက သူဘာမှမဟုတ်တဲ့ပုံနဲ့ငြိမ်နေတယ်၊ခဏကြာတော့ ကျနော်အိပ်နေတာ လာနိုးပြီး စကားအစုံပြောလို့ ကျနော်သူ့ကိုမနှောက်ယှက်ဖို့ပြောလိုက်တယ်။ကားဆရာကိုလည်း ကျနော်ပြောလိုက်တယ်၊မကြာပါဘူး သူနဲ့ကပ်လျှက်စီးလာတဲ့ ကလေးက သူကို့ ဆူးချွန်နဲ့ထိုးပါတယ်လို့ ထအော်ပြန်တယ်၊နောက်ခရီးသည်တစ်ဦးက ခင်ဗျားကြောင့် ကားတစ်စီးလုံးမအိပ်ရတော့ဘူးလို့ သူ့ကိုဆူတယ်၊ဘေးက ကလေးလဲ သူ့ ဘေးမှ မထိုင်ရဲတော့ဘူး၊သူ့ ရှေ့ က ကလေးမလည်း ကြောက်နေပြီ သတိထားပြီးစောင့်နေတယ် ခဏလေးပဲ ကျနော်တစ်ချက် ငိုက်တာနဲ့ ဆိုင်ကယ်သံပိုက်လုံး(shock)နဲ့ ကျနော်ခေါင်းကိုရိုက်တယ်""လို့ ဦးအာကာဇော်က ပြောပါတယ်။

စိတ်ဖောက်၍ ကားထိုင်ခုံအောက်ရှိ ဆိုင်ကယ်shock သံပိုက်လုံးဖြင့် ရှေ့ခုံတွင်စီးရင်းလိုက်ပါလာသော ခရီးသည်အား.အကြောင်းမဲ့ ရိုက်သဖြင့် ၎င်းအားကျန်ခရီးသည်များအားလုံးက ဆက်လက်စီးနင်းလိုက်ပါခွင့်မပြုတော့ပဲ အခင်းဖြစ်တဲ့နေရာ တွင်ထားခဲ့ပြီး ဒဏ်ရာရသူခရီးသည်အား ကော့သောင်းအရောက်တွင် ၂ မိုင် ပြည်သူ့ဆေးရုံကြီးသို့. ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ခရီးသည်မှာ ဇော်မင်းလတ်ဆိုသူဖြစ်ပြီး၎င်းကိုင်ဆောင်ထားသည့် မှတ်တမ်းများအရ(ထားဝယ်မြို့၊ ခရေလမ်း၊ဘုမ္မော်ရပ်)နေထိုင်သူဖြစ်ပြီးကော့သောင်းမြို့ ရွှေပြည်တန်ရပ်ကွက်သို့ သွားရောက်မည်ဖြစ်ကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
"တနင်္သာရီရိုးမ"ခရီးသည်တင်ကားပေါ်တွင် ကုမ္ပဏီ ဝန်ထမ်းတစ်ဦး သံပိုက်လုံးဖြင့်ရိုက်နှက်ခံရ "တနင်္သာရီရိုးမ"ခရီးသည်တင်ကားပေါ်တွင် ကုမ္ပဏီ ဝန်ထမ်းတစ်ဦး သံပိုက်လုံးဖြင့်ရိုက်နှက်ခံရ Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.