သရက်ချောင်းမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား


ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က စိတ်မူမမှန်သည့်အမျိုးသားမှ ၄င်း၏ မိသားစုများအား ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။


သရက်ချောင်းမြို့နယ်၊ ကျွဲခြံကျေးရွာတွင် နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ်အမျိုးသားက စိတ်ဖောက်ပြန်ပြီး ၄င်း၏ ဇနီး ၊ သား( ၆ နှစ်) နှင့် သမီး(၂ နှစ်)၊ တို့ကို ဝါးခုတ်ဓါးဖြင့် ခုတ်သတ်ခဲ့ကြောင်းသိရပါတယ်။


ဓါးခုတ်မှုကြောင့် မိသားစု ၃ ဦးစလုံးအခင်းဖြစ်ပွားသည့်နေရာတွင်သေဆုံးသွားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
သရက်ချောင်းမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား သရက်ချောင်းမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.