အေးသာယာမြို့၌ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး


တောင်ကြီး၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၄)၊ အထက(၁)ကျောင်း နောက်ဖေးလမ်းကြားရှိ စိန်ပန်းပင်မှာ ဇူလိုင်လ၂၉ရက် မနက်၁၀နာရီ အချိန်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အေးသာယာမြို့၊ ရပ်ကွက် (၆) နေ ကိုမျိုးလွင်၊ (၄၇)နှစ်ဟာ ဇူလိုင်လ၂၉ရက်နေ့ မနက် ၉နာရီ အချိန်ခန့်မှာ ရပ်ကွက် (၄)၊ အထက ၁ ကျောင်းအနောက်ဖက်ရှိ လမ်းဘေးစိန်ပန်းပင်မှာ လက်သန်းလုံးခန့်ရှိသော ပလပ်စတစ်ကြိုး ချည်ထားပြီးမြေပြင်မှ ခြေထောက် (၄ပေ ၆ လက်မ)အကွာမှာ ကြိုးဆွဲချ သေဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

"အမှုကတော့ သေမှုသေခင်းဖွင့်ထားတယ်။ မိသားစုကိစ္စအဆင်မပြေမှုလို့ ယူဆရပါတယ်။ သူ့အင်္ကျီထဲမှာ အိမ်ထောင်ရေး အဆင်မပြေတဲ့အကြောင်း ရေးထားတဲ့ သေတမ်းစာတွေ့ရပါတယ်" လို့ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးမောင်မောင်နိုင်က ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

သေဆုံးသူရဲ့ အင်္ကျီ ယာဘက်အိတ် အတွင်းမှာ သေဆုံးသူကိုယ်တိုင် ရေးသားထားတဲ့ သေတမ်းစာ စာတစောင်တွေ့ရှိရပြီး အဆိုပါသေဆုံးသူမှာ ၄င်းတို့ အိမ်ထောင်ရေး အဆင်မပြေမှုနဲ့ ပတ်သက်လို့ ရေးသားထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အေးသာယာနယ်မြေရဲစခန်းမှာ သေမှုသေခင်း ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
အေးသာယာမြို့၌ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး အေးသာယာမြို့၌ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.