လိင်ပိုင်းဆိုင်ရာ တိုင်ကြားသူ အရေးယူခံရ

(တိုင်ကြားခဲ့လို့ အရေးယူခံရသူကို တွေ့ရစဉ်)/Photo: PIKONG / AFP
လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးတဲ့ ကျောင်းအုပ်ကြီးကို တိုင်ကြားခဲ့သူ ဆရာမတစ်ဦးကို တရားရုံးချုပ်က ရာဇ၀တ်မှုကျူးလွန်သူအဖြစ် အရေးယူခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့က ထုတ်ပြန်ထားပါတယ်။

ဆရာမကို အရေးယူခဲ့တာကတော့ ညစ်ညမ်းစာပေတားဆီးရေးဥပဒေနဲ့ဖြစ်ပါတယ်။ ဆရာမကို ကျောင်းအုပ်ကြီးက တယ်လီဖုန်းနဲ့ ဆက်ပြီး ပြောဆိုတာတွေကို ဆရာမက အသံဖမ်းယူပြီး တခြားသောသူတစ်ဦးကို ပေးခဲ့တာဟာ အင်တာနက်မှ ပြန့်သွားတာကြောင့် ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးဟာ ဒီကိစ္စကြောင့် အလုပ်ပြုတ်သွားပေမယ့် ဆရာမကို တရားရုံးက ထောင်ဒဏ် ခြောက်လနဲ့ အမေရိကန်ဒေါ်လာ သုံးသောင်းခွဲ ဒဏ်ချခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ပြောတာက တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ကျူးလွန်သူတွေအတွက် တံခါးဖွင့်ပေးသလိုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လိင်ပိုင်းဆိုင်ရာ တိုင်ကြားသူ အရေးယူခံရ လိင်ပိုင်းဆိုင်ရာ တိုင်ကြားသူ အရေးယူခံရ Reviewed by THITHTOOLWIN on 10:41 Rating: 5
Powered by Blogger.