မြန်မာအမျိုးသမီး တစ်ဦးကို လူကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

(ထိုင်းနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ရဲတစ်ဦးကို တွေ့ရစဉ်)
ထိုင်းနိုင်ငံ တောင်ပိုင်း စမုတ်စခွန်ခရိုင်မှာ အသက် (၃၇) ခုနှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ဦးကို လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမားတွေကို အကာအကွယ်ပေးမှုနဲ့ အခုလ အစောပိုင်းက ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှူး ရဲအရာရှိက မနေ့က ပြောကြားလိုက်ပါတယ်။

ဒီအမှုဟာ လူမှောင်ခိုဂိုဏ်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ထိုင်းနိုင်ငံသား စာပို့ကားမောင်းသူကို ဖမ်းဆီးစစ်ဆေးရာမှာ ဆက်စပ်ပြီးတော့ ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ကားမောင်းသူဟာ တရားမ၀င် မြန်မာနိုင်ငံသား အလုပ်သမား (၁၃) ယောက်ကို ထိုင်း၊ မလေးရှားနယ်စပ်ကို ပို့ဆောင်ပေးရင်း ဆောင်ခလခရိုင်မှာ မေလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီလဆန်းပိုင်းက ဖမ်းဆီးခဲ့တဲ့ မြန်မာအမျိုးသမီးက မြန်မာအလုပ်သမားတွေကို သယ်ပို့ပေးဖို့ ကားမောင်းသူကို အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဆောင်ခလခရိုင် တရားရုံးက မြန်မာအမျိုးသမီးကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ပြီး ဇူလိုင် (၄) ရက်နေ့က ဖမ်းဆီးလိုက်တာလို့ ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအမျိုးသမီးရဲ့ ဘဏ်အကောင့်မှာ ထိုင်းဘတ်ငွေ (၄) သန်းကို သိမ်းဆည်းရမိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာအမျိုးသမီး တစ်ဦးကို လူကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး မြန်မာအမျိုးသမီး တစ်ဦးကို လူကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး Reviewed by THITHTOOLWIN on 13:05 Rating: 5
Powered by Blogger.