အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွား

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

အမြန်လမ်းမကြီး မန္တလေး-နေပြည်တော်အပိုင်း မိုင်တိုင်အမှတ် ၃၁၄/၂ တွင် ဇွန်လ ၂၈ ရက် ည ၁၁း၄၅ နာရီအချိန်ခန့်က ကားဘီးပေါက်သဖြင့် လမ်းဘေးချ ဘီးလဲနေသော ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့် 1E/---- ရွှေစင်ရတနာ ခရီးသည်တင် Express ယာဉ် သည် နောက်ယာဘက်ဘီးပေါက်သဖြင့် မြေသားလမ်းပေါ်ရပ်ကာ ဂျိုက်ထောက် ဘီးလဲလှယ်နေစဉ် လာရားတူနောက်မှယာဉ်မောင်း ကိုဥာဏ်စိန်မောင်းနှင်လာသည့် 2L/----(၆)ဘီး ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး Express ယာဉ်၏ ဝဲဘက်နောက်အား ဝင်တိုက်သဖြင့် Express ယာဉ်မှ ကျား (၂)ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး နောက်မှ ဝင်တိုက်သည့် ကုန်တင်ယာဉ်မောင်းကို ဉာဏ်စိန်သည် သေဆုံးသွားကြောင်း သတင်းရရှိသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွား အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်အား ကုန်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.