အတိုင်ပင်ခံပုဂ္ဂိုလ် Czech နိုင်ငံ Prague မြို့တော်ရောက်ရှိ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတ နိုင်ငံ မြို့တော် Prague ကို စနေနေ့က ဆိုက်ရောက်လာပြီလို့ Radio Praha က ဖော်ပြပါတယ်။

ချက်သမ္မတ နိုင်ငံ ၀န်ကြီးချုပ် Andrej Babis ၊ နိုင်ငံခြားရေး ၀န်ကြီး Tomas Petricek တို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး ဒီမတိုင်ခင်တော့ နိုင်ငံရေး သမားတွေနဲ့ သီးသန့် တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချက် သမ္မတ Milos Zeman နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် ၁၉၉၁ ခုနှစ်တုန်းက ချက်သမ္မတဟောင်း Vaclav Havel က စာရင်းသွင်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ Havel ရဲ့ ကောင်းမွေအဖြစ် ဆက်စပ်နေတဲ့ Forum ၂၀၀၀ အစည်းအဝေးပွဲကို ၂၀၁၃ ခုနှစ်တုန်းက Prague နိုင်ငံမှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီ နိုင်ငံ ခရီးစဉ် အတွင်းမှာတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်လည်း လိုက်ပါသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အတိုင်ပင်ခံပုဂ္ဂိုလ် Czech နိုင်ငံ Prague မြို့တော်ရောက်ရှိ အတိုင်ပင်ခံပုဂ္ဂိုလ် Czech နိုင်ငံ Prague မြို့တော်ရောက်ရှိ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.