မလေးရှားသွားမယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မလေးရှားကို တရားမ၀င်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖမ်းဆီးစဉ်
မလေးရှားကို တရားမ၀င်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းနိုင်ငံ စုန်ခလာခရိုင်၊ စဒေါင်နယ်မြေက တောထဲမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းစာ The Nation မှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ဟာ မလေးရှားကို တရားမ၀င်သွားဖို့ ပွဲစားက ခေါ်လာခဲ့တာဖြစ်ပါတယ်။ သူတို့ကို ကားလမ်းမနဲ့ တစ်မိုင်ခွဲလောက်ဝေးတဲ့ အဲဒီတောထဲမှာ ပွဲစားကထားခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။ မလေးရှားကိုဆက်သွားဖို့ တောထဲကနေစောင့်နေတာ လေးရက်ကြာပြီး အစားအသောက်အတွက် ငှက်ပျောအူတွေကို စားခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ