မိုက်ကယ်ကျော်မြင့် တောင်ဒဂုံတရားရုံးမှာ ဒီကနေ့ စတင်ရုံးထုတ်

မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို တောင်ဒဂုံမြို့နယ်မှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ် ။ Photo: Kyaw Zaw Win/RFA
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို ဒီကနေ့ တောင်ဒဂုံ မြို့နယ်တရားရုံးမှာ စတင်ရုံးထုတ်ခဲ့ပါတယ်။

မိုက်ကယ်ကျော်မြင့် တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှုး ဦးလှမြင့်က တရားလိုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ညမှာ တောင်ဒဂုံမြို့နယ်အတွင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်းဆောင်တွေကို မိုက်ကယ်ကျော်မြင့်နဲ့ လူတစ်စုက လိုက်လံပိတ်ခိုင်းပြီး အဲဒီညမှာ လူစုလူဝေးဖြစ်ပွားခဲ့တာပါ။

ဒီအမှုအတွက် ဝရမ်းထုတ်ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က မန္တလေးတိုင်း မတ္ထီလာခရိုင် ဝမ်းတွင်းမြို့က သူ့ ယောက္ခနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
မိုက်ကယ်ကျော်မြင့် တောင်ဒဂုံတရားရုံးမှာ ဒီကနေ့ စတင်ရုံးထုတ် မိုက်ကယ်ကျော်မြင့် တောင်ဒဂုံတရားရုံးမှာ ဒီကနေ့ စတင်ရုံးထုတ် Reviewed by THITHTOOLWIN on 00:45 Rating: 5
Powered by Blogger.