ဗီရိုထဲ ဝင်အိပ်တဲ့ ဝက်ဝံ

Missoula County Sheriff's Office
အမေရိကန် ပြည်ထောင်စု မွန်တားနား ပြည်နယ်က အိမ်တလုံးမှာ အခန်းထဲ သော့ပိတ်မိနေတဲ့ ၀က်ဝံအမည်းတကောင် ဗီရိုထဲ ဝင်အိပ်နေတာကို ရဲက တွေ့ရှိခဲ့ပါတယ်။

ဘတ်တလာခရိဆိုတဲ့ နေရာမှာ အိမ်ထဲ ဝက်ဝံ ဝင်လာတယ် ဆိုတဲ့ တိုင်ချက်ရလို့ ရဲက သွားတဲ့အခါမှာ တိရိစ္ဆာန်ကြီးက သမ်းဝေနေတာကို တွေ့ရကြောင်း၊ ဒါကြောင့် ရဲအရာရှိတွေက ပြတင်းပေါက်ကို ခေါက်ပြီး နှိုးရကြောင်း ရဲဘက်က ပြောပါတယ်။

အဲဒီနောက် သူ့ကို မေ့ဆေးပေးပြီး ထုတ်လာခဲ့ရပါတယ်။

ဗီရိုထဲ ဝင်အိပ်နေတဲ့ ဝက်ဝံပုံတွေ ရဲကထုတ်ပြန်
ဒီဝက်ဝံက အနည်းဆုံး တခြားအိမ်နှစ်လုံးကိုလည်း ဝင်ဖို့ကြိုးစားတယ် ဆိုတဲ့ သတင်းရလို့ အိမ်တွေကို သေချာ သော့ခတ်ကြဖို့ လူတွေကို သတိပေးထားပါတယ်။

ဝက်ဝံက အဝတ်လျှော်ခန်းကို ဝင်လာပြီး တံခါးကို အထဲက သော့ခတ်လိုက်မိပုံရတယ်လို့ ရဲက ဆိုပါတယ်။

အခန်းကို ဆွဲဖျက်ဖို့ ကြိုးစားရင်း ပင်ပန်းလာတာနဲ့ ဗီရိုပေါ် တက်အိပ်နေပုံရတယ်လို့ သိရပါတယ်။
Missoula County Sheriff's Office

Missoula County Sheriff's Office

BBC Burmese
https://www.bbc.com
ဗီရိုထဲ ဝင်အိပ်တဲ့ ဝက်ဝံ ဗီရိုထဲ ဝင်အိပ်တဲ့ ဝက်ဝံ Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.