ဗန်းမော်၌ မြစ်ကမ်းပါးပေါ်မှ ဂျမ်းတုံးပြုတ်ကာ ကျလာသည့်မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့် သင်္ဘော တိုက်မိ


ဗန်းမော် ၂၄ ဇွန်

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇွန် ၂၃ ရက် ညနေပိုင်းက မြစ်ကမ်းပါးမှလိမ့်ဆင်းလာသည့် မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့်သင်္ဘော တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ညနေ ၆ နာရီက ဗန်းမော်မြို့၊ အလယ်ရပ်ကွက်ရှိ ရွှေဗန်းမော် ဧရာဝတီမြစ်ဆိပ်တွင် မြစ်အတွင်းရပ်တန့်ထားသည့် “ပြဒါးပျံ” ကုန်တင်သင်္ဘောပေါ်သို့ ယာဉ်မောင်းထွန်းထွန်းလင်း(၄၆ နှစ်) မောင်းနှင်သည့် (၁၂)ဘီး မော်တော်ယာဉ်ပေါ်မှ ပြောင်းဆန်အိတ်များ သင်္ဘောပေါ်သို့တင်ဆောင်နေစဉ် ယာဉ်တွင်ခုထားသည့် ဂျမ်းတုံးမှာပြုတ်ကျပြီး နောက်သို့လိမ့်ဆင်းကာ မော်တော်ယာဉ်နောက်ပိုင်းဖြင့် သင်္ဘောအား တိုက်မိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဗန်းမော်၌ မြစ်ကမ်းပါးပေါ်မှ ဂျမ်းတုံးပြုတ်ကာ ကျလာသည့်မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့် သင်္ဘော တိုက်မိ ဗန်းမော်၌ မြစ်ကမ်းပါးပေါ်မှ ဂျမ်းတုံးပြုတ်ကာ ကျလာသည့်မော်တော်ယာဉ်နှင့် မြစ်အတွင်းရပ်တန့်ထားသည့် သင်္ဘော တိုက်မိ Reviewed by THITHTOOLWIN on 03:37 Rating: 5
Powered by Blogger.