မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲမှုဖြစ်ပွား


နေပြည်တော်၊ ဇွန်လ ၄ ရက်

၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက် နံနက် ၇ နာရီခန့်တွင်မြေပုံမြို့နယ်၊ ဂြန့်ဟင်းခါးရွာနှင့် ကိုင်းကြီးရွာကြား ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၉/၄) ကျားခြံတောင်တံတား အနီး ယခင်မေလ ၃၁ ရက် ၁၆၄၅ ချိန်တွင် စစ်တွေမှ ရန်ကုန်မြို့သို့ ထွက်ခွါလာသည့် ရွှေမန်းရတနာ ခရီးသည်တင်မှန်လုံယာဉ် မိုင်းနင်းမိပေါက်ကွဲသည့်နေရာအနီး၌ ကားလမ်း၏ဝဲ/ယာတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့ရာ တံတားနှင့်ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး လူ/တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းသိရှိရသည်။
အလားတူ နေ့လည် ၁၂ နာရီခန့်တွင် မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာနှင့် တောင်ချေ ကျေးရွာကြား ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)ကြား ၌ ကားလမ်း၏ ဝဲ/ယာတွင် AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်း ၅ လုံး ထပ်မံ၍ ပေါက်ကွဲခဲ့ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။


AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိက ဆက်သွယ်သည့် လမ်းမကြီးပေါ်တွင် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခြင်းသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် ဒုက္ခရောက်စေရန် အဖျက်အမှောက်လုပ်ငန်းများ ကျူးလွန်လျက်ရှိမှု အပေါ် ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ရဲဇာနည်
https://www.facebook.com/yezarnimedia
မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲမှုဖြစ်ပွား မြေပုံမြို့နယ်၊ ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်း ၇ လုံး ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.