မြဝတီသွားအာရှလမ်းပေါ်တွင် အောင်စစ်သည် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာခရီသည် ၃၄ ဦးဒဏ်ရာရ


သင်္ဃန်းညီနောင် မေ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မှ မြဝတီဘက်သို့ အာရှလမ်းအတိုင်း မောင်းနှင်လားသော အောင်စစ်သည် ခရီးသည်တင် မှန်လုံယာဉ်သည် မေ ၁၃ ရက် နံနက် ၄ နာရီခန့်က ကွမ်းခြံကုန်းအဆင်းအရောက်တွင် မိုးရွာသွန်းထားမှုကြောင့် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ၃၄ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါနေရာသည် မကြာခဏဖြစ်ပွားနေသောကြောင့် အသိပေးဆိုင်းဘုတ်များ Slow Downလမ်းခုံးငယ်များ ဆောင်ရွက်ပေးထားရပြီ ယခုတိမ်းမှောက်သောပန်းစိမ်းရောင် စိုင်းလုံအမျိုးအစား ယာဉ်အမှတ်YGN2Q------အား ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်နေကိုထွန်းကျော်မောင်းနှင်းကာ ယာဉ်နောက်လိုက်အပါအဝင် ကျား(၁၅)ဦး၊မ(၁၉) ဦး၊ စုစုပေါင်း(၃၄)ဦး မစိုးရိမ်ရ ဒဏ်ရာအသီးသီးရှိခဲ့သဖြင့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ ရဲအုပ်ရဲနိုင်ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ပူးပေါင်းကာမြဝတီဆေးရုံသို့ ပို့ဆောင်ပေးခြင်း ယာဉ်ကြောကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြဝတီသွားအာရှလမ်းပေါ်တွင် အောင်စစ်သည် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာခရီသည် ၃၄ ဦးဒဏ်ရာရ မြဝတီသွားအာရှလမ်းပေါ်တွင် အောင်စစ်သည် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာခရီသည် ၃၄ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.