နယ်မှ လူပေါင်း ၁၀၀ ကျော် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခိုလုံ


နိရဉ္စရာ၊ မေ ၁၁/၂၀၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်မှ ရွာသား ၁၀၀ကျော်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဒေသမငြိမ်သက်ဟုဆိုကာ စစ်တွေမြို့သို့ရောက်ရှိ ခိုလုံနေကြောင်း သိရသည်။

စစ်တွေမြို့သို့ ထွက်ပြေးရောက်ရှိလျှက်ရှိသူများမှာ ရသေ့တောင်မြို့နယ် မှ ရေပုတ်၊ သောင်းဒြား၊ ရေခေါင်းချောင်း၊အောင်သာစည်၊ ခရုချောင်းကျေးရွာသားများနှင့် ဘူးသီးတောင်မြို့နယ်မှ သပြေဆိပ်၊ စည်တောင်၊ သိုင်းတပုတ် ကျေးရွာသားများဖြစ်ကြောင်းသိရသည်။

စစ်တွေမြို့သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များ သည်ဆင်းရဲသူ ဆင်းရဲသားများဖြစ်ကာ ဒေသ အတွင်းလုပ်ကိုင်စားသောက်ရန် ခက်ခဲမှုများ ရှိနေကြောင်း၊ ဒေသအတွင်းလုံခြုံမှုမရှိ၍ စစ်တွေမြို့သို့ ထွက်ပြေး လာရခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့ ကယုချောင်းကျောင်းတိုက်နှင့် အမျိုးသားကျောင်းတိုက်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များက မီဒီယာများသိုပြောသည်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ စစ်တွေမြို့ ကယုချောင်းကျောင်းတိုက်တွင်ရောက်ရှိနေ့သည့် ဒေါ်မချေက“ ကျမတို့ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရောက်တယ်။ ကျမတို့ရောက်ပြီး ၇နှစ်ရက်မြောက်နေ့မှာ ဒီကစစ်ဆေးရေးတွေလာပြီး စစ်ဆေးတာ။ ကျမတို့က ကိုယ့်မြို့နယ်မှာ လုပ်စားဖို့လည်းမရဘူး။ လုံခြုံမှုလည်း မရှိဘူး။ တခုခုဖြစ်ရင် တကယ်တန်း ဒုက္ခရောက်ကြတာက ကျမတို့လို့ဆင်းရဲသူ ဆင်းရဲသားတွေပဲဖြစ်ပါတယ်။ အဲ့ဒါကြောင်းထွက်ပြေးလာကြတာပါ”ဟု ပြောဆိုသည်။

လုံခြုံမှုမရှိ၊ လုပ်ကိုင်စားသောက်၍မရသည့်အတွက်ကြောင်း နောက်ထပ်လည်း စစ်တွေမြို့သို့ ထွက်ပြေး လာကြမည့်သူများလည်း ရှိကြောင်း၊ လမ်းစရိတ်မတတ်နိုင်သည့်အတွက်ကြောင်း လာ၍မရသည့် သူများလည်း ရှိနေကြောင်းသိရသည်။

စစ်တွေမြို့သို့ထွက်ပြေးလာသည့် ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်းပါရှိနေပြီး ဒေသအတွင်း အငြိမ်မသက်ဖြစ်နေသည့်အတွက် စိုးရိမ်းကြောက်လန့်ပြီး ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ်အောင်သာစည်ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်သန်းသန်းအေးကဆိုသည်။

“ကျမတို့ကဘာကြောင်းထွက်ပြေးလာရလည်းဆိုတော့ ကျမတို့ရွာနားက ကျောက်တန်းကျေးရွာမှာ မသွားရ မလာရ ဆိုလို့ အနီးအနားကရွာတွေကလူတွေအကုန်လုံးထွက်ပြေးကြတယ်။ ကျမတို့ရွာမှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ပြီးတော့ ကျမကလည်း မပေါ့မပါး ကိုယ်ဝန်လွယ်ထားရတာ။ အဲဒါကြောင့် မနေရဲလို့ ကျမတို့လည်း ပြေးလာခဲ့ကြတာပါ။ ရွာမှာသာဆက်နေရင် ကျောက်တန်းကျေးရွာမှာလိုဖြစ်မှာကို စိုးရိမ်လို့ထွက်ပြေးလာကြတာပါ”ဒေါ်သန်းသန်းအေးကဆိုသည်။

ရသေ့တောင်မြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည်များအား ယနေ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့နှင့် နယ်လုံဝန်ကြီးတို့က အမျိုးသားကျောင်းတိုက်နှင့် ကယုချောင်းကျောင်းတိုက်သို့လာရောက်တွေ့ဆုံပြီး စားရေးသောက်ရေးအတွက်ကူညီပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
နယ်မှ လူပေါင်း ၁၀၀ ကျော် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခိုလုံ နယ်မှ လူပေါင်း ၁၀၀ ကျော် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခိုလုံ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.