ကျောက်တန်းမှ နောက်ဆုံးကျန်ရှိနေသူ ၂၂ ဦး လွတ်လာပြီ


နိရဉ္စရာ၊ မေလ ၁၃/ ၂၀၁၉

ရသေ့တောင်မြို့နယ် ကျောက်တန်းမှ နောက်ဆုံးဖမ်းဆီး စစ်ဆေးခံနေရသူ ၂၂ ဦး ယနေ့ မွန်းလွဲ ၂ နာရီကျော်က လွတ်လာပြီဟု မိသားစုများက ပြောကြားသည်။

ဆွေမျိုးတော်စပ်သူ တစ်ဦးက “ အခုဘဲ ကျန်နေတဲ့သူ ၂၂ ဦးကို လွတ်ပေးလိုက်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ အခု ၂ နာရီခွဲလောက်က ၂၂ ယောက်ကို လွတ်ပေးလိုက်တာပါ။ ၂၄ ယောက်ရှိတဲ့ အထဲက ၂ ယောက်ကတော့ အေအေအဖွဲ့ဝင်တွေ ဖြစ်တဲ့ အတွက် တရားဥပဒေအရ အရေးယူနိုင်ဖို့ စစ်တွေကို ပို့လိုက်ပါတယ်။ အခုလွတ်ပေးလိုက်တာက ၂၂ ယောက် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကျောက်တန်းဖြစ်စဉ်တွင် အေအေနှင့် ဆက်စပ်ပတ်သက်မှုဖြင့် ၆ ဦးကို တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ပြီး ၂ ဦးမှာ သံယယဖြင့် စစ်ဆေးနေတုန်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အခု လွတ်လိုက်သူများကို အပြီး လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ဆက်စပ်သတင်းများကို ဖော်ထုတ်လျက်ရှိကြောင်း ပြောဆိုသည်။

Narinjara
https://www.facebook.com/pg/Narinjara
ကျောက်တန်းမှ နောက်ဆုံးကျန်ရှိနေသူ ၂၂ ဦး လွတ်လာပြီ ကျောက်တန်းမှ နောက်ဆုံးကျန်ရှိနေသူ ၂၂ ဦး လွတ်လာပြီ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.