မိတ္ထီလာ မြို့မရဲစခန်းဝန်းအတွင်း အရာရှိလိုင်းခန်း၌ ရဲအုပ်တစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဒဏ်ရာဖြင့်သေဆုံး


မိတ္ထီလာ ၁၆ မေ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့မရဲစခန်းဝန်းအတွင်းရှိ အရာရှိတိုက်တန်း လိုင်းခန်းအတွင်း၌ ရဲအုပ်တစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေဆုံးနေသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲအရာရှိမှာ ရဲအုပ် အောင်နိုင်ထွန်းဖြစ်ပြီး ၎င်း၏လက်ထဲတွင် သေနတ်ကိုင်ထားသလို ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေပြီး ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သိန်း၏ ဦးခေါင်းတွင်လည်း သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း၊ ၎င်းတို့အနီးတွင် ကျည်ဆံခွံ နှစ်ခွံကိုပါ တွေရှိခဲ့ကြောင်း၊ မသေဆုံးမီ မေ ၁၅ ရက် ညနေပိုင်းက လင်မယား စကားများရန်ဖြစ်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက မီဒီယာများကို ပြောသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူများအား မိတ္ထီလာ ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(မလိုင်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မိတ္ထီလာ မြို့မရဲစခန်းဝန်းအတွင်း အရာရှိလိုင်းခန်း၌ ရဲအုပ်တစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဒဏ်ရာဖြင့်သေဆုံး မိတ္ထီလာ မြို့မရဲစခန်းဝန်းအတွင်း အရာရှိလိုင်းခန်း၌ ရဲအုပ်တစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဒဏ်ရာဖြင့်သေဆုံး Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.