တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုမှ အဓိကတရားခံ အမောဖောက် အသက်ရှုကြပ်၍ ရုတ်တရက်သေဆုံး၊ နဂို ရောဂါအခံတွေကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အတည်ပြု


တောင်ကြီး ၊ မေ -၎

တောင်ကြီးမြို့ လေးလောင်းပြိုင် လူသတ်မှု ရဲ့ အဓိက တရားခံ တစ်ဦးဖြစ်သူ အိုက်အုန်း(ခ) တင်အုန်း ဟာ ဒီကနေ့ မေလ ၄ ရက်နေ့ နေ့လည် ၁၁း၅၀ မိနစ်က ရုတ်တရက် အသက်ရှူကြပ်၊ အမောဖောက်ကာ စ၀်စံထွန်းဆေးရုံမှာ သေဆုံးခဲ့တယ်လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦးက အတည်ပြုပြောဆိုပါတယ်။

ဒီကနေ့ နေ့လည် ၁၁နာရီ ကျော်အချိန် က လေးလောင်းပြိုင်လူသတ်မှုရဲ့ အဓိက တရားခံ တင်အုန်း(ခ) အိုက်အုန်း ဟာ အချုပ်ထဲမှာ အိမ်သာတက်စဉ် ရုတ်တရုပ် အသက်ရှူကြပ် အမောဖောက်နေတာကြောင့် စ၀်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒုရဲမှူးကြီး ခင်မောင်ဦး က ပြောပါတယ်။

“ ဆေးရုံရောက်တော့ အမောဖောက်ပြီး သေသွားတယ်၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိပါဘူး၊ သူ့ရဲ့ နဂို ရောဂါအခံတွေနဲ့ သေတာပါ ၊ အလောင်းကို နက်ဖြန် ရင်ခွဲ စစ်ဆေးပါမယ် “ လို့ ဒုရဲမှူးကြီးခင်မောင်ဦး က ပြောပါတယ်။

သေဆုံးခဲ့တဲ့ အိုက်အုန်း (ခ) တင်အုန်းဟာ အသက် ၆၀နှစ်ရှိပြီဖြစ်ပြီး နဂို သွေးတိုး၊ ဆီးချို၊ လေးဘက်နာ ရောဂါအခံတွေရှိပြီး ဆေးတွဲနေသူတစ်ဦးဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။

အဓိက တရားခံ သေဆုံးသွားပေမယ့်လည်း မသေခင် အမှုနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ အကုန်ရရှိထားပြီးဖြစ်လို့ ကွင်းဆက် တရားခံတွေ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဒုရဲမှူးကြီး ခင်မောင်ဦး က ပြောပါတယ်။

သေဆုံးသူထံကနေ အမှုကျူးလွန်စဉ် ယူဆောင်သွားတဲ့ ရွှေငွေလက်ဝတ်ရတနာ ကျပ်သိန်း ၁၅၀၀ကျော်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်သိမ်းဆည်းထားနိုင်ပြီးဖြစ်တယ်လို့လည်း ဒုရဲမှူးကြီးခင်မောင်ဦး ကပြောပါတယ်။

တောင်ကြီးမြို့ ကံသာရပ်ကွက်၊ မဂ်လာလမ်းရှိ မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်နေအိမ်မှာ ဧပြီ ၂၈ ရက် ညပိုင်းက လေးလောင်ပြိုင်လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်ရှိ အသက် ၇လအရွယ် ကလေးအပါအ၀င် လူလေးဦးအသတ်ခံခဲ့ရပါတယ်။

လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သတ်ပြီး တောင်ကြီးမြို့မရဲစခန်းမှာ လူသတ်မှု၊ ခိုးမှုတွေဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

သတင်း-ခွန်ဆာ (ရွှေတြိဂံ)
https://www.facebook.com/GoldenTriangleRegionalNews
တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုမှ အဓိကတရားခံ အမောဖောက် အသက်ရှုကြပ်၍ ရုတ်တရက်သေဆုံး၊ နဂို ရောဂါအခံတွေကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အတည်ပြု တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုမှ အဓိကတရားခံ အမောဖောက် အသက်ရှုကြပ်၍ ရုတ်တရက်သေဆုံး၊ နဂို ရောဂါအခံတွေကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အတည်ပြု Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.