စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့ နယ်၌ မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး

မီးလောင် ဆုံးရှုံးမှု အခြေအနေများအား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့ နယ်၌ လူနေအိမ် ၁ လုံး၏ မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှု အရ သိရသည်။

ပင်လယ်ဘူး မြို့ နယ် ၊ ကွမ်းတောင်ကျေးရွာ၌ ဧပြီ ၂၉ ရက်တွင် နေအိမ် မီးဖိုဆောင်၏ မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့မရဲစခန်းမှ ယင်းမီးလောင် လူသေဆုံးမှုအား အရေးယူထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့ နယ်၌ မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့ နယ်၌ မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.