မလေးရှားကို ၀င်ဖို့ ကြိုးစားသူ မြန်မာ ခုနှစ်ဦး ဖမ်းဆီးမိ

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို တွေ့ရစဉ် ။ Photo: MOHD RASFAN / AFP
မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို ရေလမ်းကနေ တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသားလို့ ယူဆရသူ ခုနှစ်ဦးကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

လန်ကာဝီ သဘောင်္ဆိပ်၊ လူဝင်မှု စစ်ဆေးရေး အ၀င်မှာ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးကို စစ်ဆေးခဲ့ရာက ခရီးသွားဆိုင်ရာ အထောက်အထား မပါဘဲ ၀င်လာတာဖြစ်ကြောင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ထိန်းသိမ်းခံရသူဟာ မြန်မာအမျိုးသမီးဖြစ်ပြီး၊ နောက်ထပ် အထောက်အထားမဲ့ မြန်မာ အမျိုးသား သုံးဦး နဲ့ မြန်မာအမျိုးသမီး သုံးဦး တို့ကိုလည်း အဲဒီ သင်္ဘောကပဲ ထပ်မံတွေ့ရှိ ထိန်းသိမ်းခဲ့ပါတယ်။

သူတို့ဟာ လန်ကာဝီ က တဆင့် မလေးရှားနိုင်ငံတွင်းကို ၀င်ရောက်ဖို့ ကြိုးစားခဲ့ကြပုံရကြောင်းလည်း အရာရှိတွေက ပြောပါတယ်။

သူတို့ကို မေလ ၉ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး၊ မေလ ၁၂ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေး လုံခြုံရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
မလေးရှားကို ၀င်ဖို့ ကြိုးစားသူ မြန်မာ ခုနှစ်ဦး ဖမ်းဆီးမိ မလေးရှားကို ၀င်ဖို့ ကြိုးစားသူ မြန်မာ ခုနှစ်ဦး ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.