မပေါက်ကွဲဘဲကျန်တဲ့ လက်နက်ကျည်တွေကို ရှင်းလင်းပေးစေလို

ကျောက်တော်မြို့နယ် မျောက်တောင်နဲ့ မာလာတောင်ကျေးရွာကြားမှာ ၂၀၁၉၊ မေ ၁၉ ရက်နေ့ ညနေက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကျည်တွေကို တွေ့ရစဉ် / Photo: Citizen Journalist
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင်နဲ့ မာလာတောင်ကျေးရွာကြားမှာ မေလ ၁၉ ရက်နေ့ ညနေက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကျည်တွေကို သက်ဆိုင်ရာက ရှင်းလင်းပေးစေလိုတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကျည်တွေ ပေါက်ကွဲမှာကို စိုးရိမ်နေရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီကျေးရွာ နှစ်ရွာကြားမှာ မေလ ၁၉ ရက်နေ့ ညနေက တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် မျောက်တောင်ကျေးရွာက အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး မာလာကျေးရွာက အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၇၅ နှစ်အရွယ် အဖိုးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ မပေါက်ကွဲဘဲ တွေ့ရှိတဲ့ ဗုံးသီးတွေကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတွေ သေဆုံးတဲ့ဖြစ်ရပ်တွေရှိသလို လူကြီးတွေလည်း သေဆုံးတာတွေရှိနေတဲ့အတွက် အခုရှိနေတဲ့ ဗုံးသီးတွေကို အမြန်ဆုံးလာရောက် ဖယ်ရှားပေးစေလိုတယ်လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။

RFA Burmese
https://www.rfa.org
မပေါက်ကွဲဘဲကျန်တဲ့ လက်နက်ကျည်တွေကို ရှင်းလင်းပေးစေလို မပေါက်ကွဲဘဲကျန်တဲ့ လက်နက်ကျည်တွေကို ရှင်းလင်းပေးစေလို Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.