လာအိုမှတစ်ဆင့် မဲခေါင်မြစ်အား စက်လှေဖြင့် ကူးလာသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဆီးရမိ


ဝမ်ပုံ၊ မေ ၁၆

လာအိုမှတစ်ဆင့် မဲခေါင်မြစ်အား စက်လှေ ဖြင့် ကူးလာသော တ ရုတ်နိုင် ငံသား (၄)ဦးကို တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေွးရွာအုပ်စု၊ ဝမ်ပုံ-တာချီလိတ် ကားလမ်းမပေါ်၌ မေ ၁၅ ရက်နေ့ လည်ပိုင်းက ဖမ်းဆီ ရမိတယ်လို့ ၀မ်ပုံနယ်မြေရဲစခန်းမှ သိရပါတယ်။

မေ ၁၅ ရက် နေ့လည် ၁ နာရီခန့်အချိန်တွင် ဝမ်ပုံနယ်မြေ ရဲစခန်းမှ ရဲအုပ် ဝင်းနိုင်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က)အုပ်စု အတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် ဝမ်ပုံကျေးရွာအနီး တာချီ လိတ်-ဝမ်ပုံသွားကားလမ်းပေါ်တွင် တရားဝင်နယ်စပ်ဖြတ်သန်းခွင့် လက် မှတ် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ လမ်းလျှောက်ဝင် ရောက် လာစဉ် တရုတ်နိုင်ငံသား (၄)ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဆိုပါ တရုတ်နိုင်ငံသား(၄)ဦးကို တာချီလိတ်မြို့နယ်(လဝက)ရုံးသို့ လွှဲပြောင်းပေးအပ်ပြီး ဆက်လက်စစ်ဆေးရာမှာ လာအိုနိုင်ငံမှ တစ်ဆင့် မဲခေါင်မြစ်ကို စက်လှေဖြင့် ကူး၍ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း စစ် ဆေးပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း တရားဝင် ဝင်ရောက်ခွင့်အထောက် အ ထား တစ်စုံတစ်ရာ မပါရှိဘဲ ဝင်ရောက်လာသော ဟန်စီးဟုန်ပါ တရုတ်နိုင်ငံသား(၄)ဦးကို ဝမ်ပုံနယ်မြေရဲစခန်း လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
လာအိုမှတစ်ဆင့် မဲခေါင်မြစ်အား စက်လှေဖြင့် ကူးလာသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဆီးရမိ လာအိုမှတစ်ဆင့် မဲခေါင်မြစ်အား စက်လှေဖြင့် ကူးလာသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.