နမ့်ခမ်းမြို့နယ် ဆီဆိုင် မီးလောင် မှု ဖြစ်ပွား


မေလ ၁၀ ရက်၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဝိန်းဆာ ကျေးရွာ ရှိ မိုင်တေ့ ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ မီးအားပြင်းသဖြင့် မီးလောင်ချိန် ၂ နာရီကြာမြင့်သည်တိုင် မီးညွန့်မကျိုးသေးကြောင်းသိရသည်။

မေလ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ဆီများထုတ်ယူနေစဉ် ရုတ်တရက် ပေါက်ကွဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ လက်ရှိမှာတော့ မီးလောင်ရခြင်းအကြောင်းရင်း သေချာ မသိရှိသေးကြောင်း နမ့်ခမ်းဒေသခံ စိုင်းစံမြင့် ကပြောသည်။

“ မီးက ခုထိ လောင်နေတုန်း။ မီးအားပြင်းတယ်။ အိမ်ရှင်ပြောတာတော့ ဆီတွေထုတ်ယူချိန်မှာ ပေါက်ကွဲတာလို့ ပြောတယ်။ လူအသေအပျောက်တော့ မရှိဘူး” ဟု စိုင်းစံမြင့် က ဆိုသည်။

မိုင်းတေ့ ဆီဆိုင်သည် နမ့်ခမ်းမြို့တွင် အကြီးဆုံး စက်သုံးဆီအရောင်းဆိုင်ဖြစ်ပြီး၊ ဆီဆိုင် မီးငြိမ်းသတ်ရန် အတွက် နမ့်ခမ်းမြို့နယ် အတွင်းရှိ မီးသတ်ကားများ နှင့် အရပ်သားများ လာရောက်ကူညီကြကြောင်း၊ မီးအားပြင်းထန်ပြီး ဆီပုံးများ ဆက်တိုက်ပေါက်ကွဲနေသဖြင့် ငြိမ်းသတ်ရန်ခက်ခဲနေကြောင်းလည်း စိုင်းစံမြင့် ကပြောသည်။

မီးလောင်သည့် ဆီဆိုင် ဘေးပတ်ဝန်းကျင်တွင်လည်း လူနေအိမ်တချို့ရှိနေသော်လည်း ကူးစက်ခြင်းမရှိသေးကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ဆီဆိုင် မီးလောင်မှု နှင့် ပတ်သတ်ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ ကိုလည်း အတိအကျ မသိရှိသေးပေ။

နွေရာသီ ပူပြင်းသည့်အချိန်ရောက်ရှိနေသဖြင့် မီးအန္တရာယ် အထူးပြု သတိရှိရန်လည်း သက်ဆိုင်ရာ က ကြေညာထားသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင်လည်း လွန်ခဲ့သည့် ရက်ပိုင်းတွင် ဖုန်းအားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အမျိုးသား ၁ဦး နှင့် အမျိုးသမီး ၁ဦးသေဆုံးကာ နေအိမ် နှင့် ဈေးဆိုင်များလည်း ဆုံးရှုံးခဲ့သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
နမ့်ခမ်းမြို့နယ် ဆီဆိုင် မီးလောင် မှု ဖြစ်ပွား နမ့်ခမ်းမြို့နယ် ဆီဆိုင် မီးလောင် မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.