မြစ်အတွင်းပိုက်ဖော်ပိုက်သိမ်းနေစဉ်မိုးကြိုးပစ်သောကြောင့် လူတစ်ဦးရေထဲပြုတ်ကျပြီး တစ်ဦးသေဆုံး


အမာ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်အမာမြို့ဘဝသစ်ကျေးရွာအုပ်စု ထွန်းအောင်ချောင်းပိုက်တဲတန်းရေလုပ်သားအစုအဖွဲ့ဖြင့် ပိုက်ထောင်နေသူနှစ်ဦးအားမိုးကြိုးပစ်ခံရကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ(၃)နာရီခွဲအချိန်ထွန်းအောင်ချောင်းပိုက်တန်းမှ ကိုဇော်မျိုးနှင့်ကိုလှဌေးနိုင်တို့နှစ်ဦးသည်ပိုက်ဖေါ်ပိုက်သိမ်းရန် အတွက်ပိုက်တန်းသို့စက်လှေတစ်စီးဖြင့်သွားခဲ့ကြောင်း
ခဏကြာသောအခါမိုးရွာလာပြီးမိုးကြိုးပစ်သံများလျပ်စီးများတွေ့ရပြီးနောက်ကိုလှဌေးနိုင်၏ဖခင်မှပိုက်ဖေါ်သွားသောစက်လှေပြန် မလာသဖြင့်မြစ်ဝပိုက်တန်းသို့လိုက်ရှာခဲ့ရာစက်လှေပေါ်တွင် ကိုဇော်မျိုး(၃၅)နှစ် အားပက်လက်အနေအထားဖြင့် ရေစီးအတွင်းမျောပါလျက်တွေ့ရှိခဲ့၍အနီးအနားတွင်လှေဦးမှ ထိုင်လိုက်သွားသောကိုလှဌေးနိုင်(၂၅)နှစ်ကိုရှာဖွေရာမတွေ့ခဲ့ကြောင်းတွေ့ရှိချိန်တွင်ကိုဇော်မျိုးမှာအသက်မရှိတော့ကြောင်းကိုလှဌေးနိုင်၏ဖခင်ဦးဇော်မောင်ပြောကြားချက်အရသိရသည်။

လှေဦးပိုင်းတွင် မိုးကြိုးပစ်ခံထားရသောသစ်သားအကွဲစများတွေ့ရှိရပြီးသေဆုံးသူကိုဇော်မျိုးအားညနေ(၅)နာရီခွဲအချိန် အမာပြည်သူ့ဆေးရုံသို့ လာရောက်ပို့ဆောင်ပြီးရေထဲကျ ပျောက်ဆုံးနေသော ကိုလှဌေးနိုင်အားရေလုပ်သားများမှစုပေါင်းရှာဖွေလျက်ရှိကြောင်း သိရသည်။သက်ဆိုင်ရာတာဝန်ရှိသူများမှလည်းဆက်လက်၍ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြစ်အတွင်းပိုက်ဖော်ပိုက်သိမ်းနေစဉ်မိုးကြိုးပစ်သောကြောင့် လူတစ်ဦးရေထဲပြုတ်ကျပြီး တစ်ဦးသေဆုံး မြစ်အတွင်းပိုက်ဖော်ပိုက်သိမ်းနေစဉ်မိုးကြိုးပစ်သောကြောင့် လူတစ်ဦးရေထဲပြုတ်ကျပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.