ဟွာဝေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့်ပေး

 ဟွာဝေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့် ပေး
ဟွာဝေးနဲ့ အမေရိကန်ပြည်ထောင်စုက အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့် ပေးလိုက်ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဌာနက ဟွာဝေး အနေနဲ့ သူ့ရဲ့ မိုဘိုင်းကွန်ရက်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ သူ့ရဲ့မိုဘိုင်း ဟန်းဆတ်တွေကို ဆော့ဝဲလ် အဆင့်မြှင့် တင်နိုင်ဖို့ အခုလို အချိန် ထပ်ပေးလိုက်တာပါ။

အမေရိကန်က ဟွာဝေးသုံးစွဲသူတွေ အကူအညီ ဖြစ်စေဖို့လို့လည်း ဆိုပါတယ်။ တရုတ်ကုမ္ပဏီ ဟွာဝေးဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် စမတ်ဖုန်း အများဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အမေရိကန်ဟာ အမျိုးသား လုံခြုံရေးကြောင့်လို့ ဆိုပြီး အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လိုင်စင် တိတိကျကျ မရှိဘူးဆိုရင် ဟွာဝေးနဲ့ ကုန်သွယ်မှုကို တားမြစ်တဲ့ အမိန့် တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

ဒီအမိန့်ကို လိုက်နာတဲ့ အနေနဲ့ ဟွာဝေးဖုန်းတွေမှာ သုံးနေတဲ့ အန်းဒရိုက် လည်ပတ်စနစ် ဝန်ဆောင်မှုကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂူဂဲလ်ကုမ္ပဏီက မေလ ၂၀ ရက်က သတင်းထုတ်ပြန် ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဟွာဝေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့်ပေး  ဟွာဝေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့်ပေး Reviewed by THITHTOOLWIN on 02:03 Rating: 5
Powered by Blogger.