အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ ဝိုင်း တို့ ဆုရရှိ

အာဆီယံရဲ့နိုင်ငံတကာ ရုပ်ရှင်ပွဲတော်က မြန်မာရုပ်ရှင်ဒါရိုက်တာ ဝိုင်
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ဏကြီးနဲ့ ဝိုင်း တို့လည်း ဆုရရှိခဲ့ပါတယ်။

ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ "မီ" ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိသွားပါတယ်။

ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ "မီ" ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Asean International Film Festival & Awards - AIFFA 2019) မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိခဲ့ပါတယ်။

"မီ" ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နေတိုးနဲ့ ပိုင်ဖြိုးသု တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ထားကြတာပါ။

အဲဒီ ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ "ရွှေကြာ" ဇာတ်ကား ဟာလည်း ဆုပေးရွေးချယ်ရေး အဖွဲ့က ပေးအပ်တဲ့ အထူးဆု ရရှိခဲ့ပါတယ်။
ဆုရရှိတဲ့ ဒါရိုက်တာ ဏကြီးနဲ့ ဇနီး သရုပ်ဆောင် ပိုင်ဖြိုးသု
၂၀၁၉ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မလေးရှားနိုင်ငံ၊ Sarawak ပြည်နယ်မှာ ဧပြီ ၂၅ ရက် ကနေ ၂၇ ရက် အထိ ပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ပေးအပ်ပွဲကိုတော့ ဧပြီ ၂၇ ရက် ညပိုင်းမှာ ကျင်းပခဲ့ပါတယ်။

အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆု ၁၅ ဆု ရွေးချယ် ပေးအပ်ခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆုကို မလေးရှားနိုင်ငံ၊ အကောင်းဆုံး ဇာတ်ကား နဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဖိလစ်ပိုင်နိုင်ငံနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို အင်ဒိုနီးရှားနိုင်ငံတွေက ရရှိခဲ့ကြပါတယ်။

ဒီဆုတွေကို အာဆီယံနိုင်ငံတွေက ပေးပို့ဝင်ရောက် ယှဉ်ပြိုင်လာတဲ့ ရုပ်ရှင်ဇာတ်ကား ၂၀၀ ကျော် ထဲက ဆု ရွေးချယ် ချီးမြှင့်ပေးအပ်တာလို့ ဆိုပါတယ်။

အာဆီယံ ရုပ်ရှင်တွေ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂ နှစ် တစ်ကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ ဝိုင်း တို့ ဆုရရှိ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ ဝိုင်း တို့ ဆုရရှိ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.