မောင်တောမြို့နယ် ကျောက်ပန္ဒူ ကမ်းခြေတွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံး


နိရဉ္စရာ၊ ဧပြီ ၂၈/ ၂၀၁၉

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ ပင်လယ်ကမ်းခြေတွင် ကလေးငယ်တစ်ဦး ယနေ့ နေ့လယ် ၁ နာရီခန့်က ရေနစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရေနစ်သေဆုံးသွားသည့် ကလေးငယ်မှာ ကျောက်ပန္ဒူကျေးရွာမှ မောင်ဇော်မင်းနိုင် အသက် (၇)နှစ် (ဘ) ဦးသန်းဋ္ဌေးလိုင်ဖြစ်ကြောင်းသိရသည်။

“ကလေးက ကမ်းခြေ ရေသွားကစားရင်းနဲ့ နစ်ပြီးသေတာထင်တယ်။မိဘတွေက ပျောက်လို့ လိုက်ရှာ နေကြတယ်။ လိုက်ရှာတဲ့အချိနှ်မှာ ကမ်းခြေမှာရေနစ်သေလို့ တွေ့တယ်လို့ပြောပါတယ်။ အခု အဲ့ဒီကလေး ရုပ်အလောင်းကို စစ်ဆေးဖို့ မောင်တောဆေးရုံသို့ နာရေးကားနဲ့ ပို့ထားပါတယ်”ဟု ကျောက်ပန္ဒူ အုပ်ချုပ်ရေးမှူး ဦးမောင်ပုက နိရဉ္စရာသတင်းဌာန သို့ပြောသည်။

ကျောက်ပန္ဒူ ကျေးရွာတွင် အိမ်ခြေ ၁၇၀ခန့်ရှိပြီး အားလပ်ရက် နှစ်သစ်ကူး ရုံးပိတ်ရက် အချိန်များတွင် မောင်တောမြို့နယ် ဒေသအသီးသီးမှ အများပြည်သူများ အပန်းဖြေ ရေလာကစားသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မောင်ဇော်မင်းနိုင် ဘကြီးဖြစ်သူက “ကမ်းခြေမှာ လူတွေအပန်းဖြေ ရေလာကစားကြတယ်။အဲ့ဒါတွေကို မြင်တွေ့ပြီး သူက ရေသွားကစားရင်း အခုလို ဖြစ်သွားတယ်ထင်ပါတယ်။ ကလေးပျောက်နေတယ်ဆိုလို လိုက်ရှာကြတယ်။ လိုက်ရှာတဲ့အချိန်မှာ ကမ်းခြေဖက်မှာရေနစ်ပြီးသေဆုံးလို့တွေ့ပါတယ်”ဟု မောင်ဇော်မင်းနိုင်၏ ဘကြီးဖြစ်သူ ဦးမောင်မြင့်ဦးက ဆိုသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် ကျောက်ပန္ဒူ ကမ်းခြေတွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံး မောင်တောမြို့နယ် ကျောက်ပန္ဒူ ကမ်းခြေတွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.